iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္မွာေန႔တိုင္းလိုလို ထိေတြ႕မိေနေပမယ့္ မျမင္ႏုိင္တဲ့ ပိုးမႊားေတြ၊ မိႈေတြေပါက္ပြားရွင္သန္ေနတဲ့ အညစ္ပတ္ဆံုးပစၥည္းေတြက ဘာေတြျဖစ္ေနမလဲဆိုတာ သိထားရေအာင္လို႔ ေဖာ္ျပေပးခ်င္ပါတယ္။

သြားပြတ္တံထည့္ခြက္ - ေရခ်ဳိး ခန္းထဲမွာတို႔၊ ေဘစင္နားမွာတို႔ ထားေလ့ရွိတဲ့ သြားပြတ္တံထည့္ ခြက္ေလးေတြၾကည့္ရတာ သန္႔ ျပန္႔ေနသေယာင္ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ ဗက္တီး ရီးယားေတြ၊ မိႈေတြစတဲ့ အညစ္ အေၾကးအစံုရွိေနတယ္လို႔ ဆိုပါ တယ္။

ေရခ်ဳိးခန္းသံုးအခင္း - ေရခ်ဳိးခန္း အ၀င္၀မွာတို႔၊ ေရခန္းခန္းထဲမွာ တို႔ ထားေလ့ရွိတဲ့ အခင္းေတြဟာ လည္း အၿမဲလိုလိုစိုထိုင္းေနတာမို႔ ဗက္တီးရီးယားတို႔၊ မိႈတို႔ေပ်ာ္ ေပ်ာ္ႀကီးေပါက္ပြားရာပစၥည္းတစ္ ခုပါ။

ပန္းကန္ေဆးေဘစင္ - သားစိမ္း ငါးစိမ္းေတြေဆးလိုက္၊ ဟင္းအ ႏွစ္ေတြဆီေတြေဆးလိုက္နဲ႔ အမ်ဳိး မ်ဳိးေသာ စားစရာေတြ၊ ပစၥည္း ေတြေန႔စဥ္လိုလိုေဆးေၾကာေန တဲ့ ေနရာျဖစ္တဲ့အတြက္ ဗက္တီး ရီးယားေတြကေတာ့ ေသခ်ာ ေပါက္ရွိေနပါတယ္။

ေရခဲေသတၱာတံခါးအတြင္းရွိ ေရာ္ဘာအနားကြပ္ - ေရခဲေသတၱာထဲ မွာ စားစရာေတြကို မိႈလိုက္လာ တဲ့အထိ အၾကာႀကီးသိမ္းတာမ်ဳိး ေရွာင္ဖို႔လိုသလို ေရခဲေသတၱာ တံခါးရဲ႕ ေရာ္ဘာအနားကြပ္ေတြ မွာလည္း ခဏခဏဖြင့္လိုက္ပိတ္ လိုက္လုပ္သလို အၿမဲစိုထိုင္းေန တာမို႔ မိႈေတြ၊ ပိုးမႊားေတြရွိေန တတ္ပါတယ္။

ေျခသုတ္အခင္း - အိမ္အ၀င္၀ေတြမွာ ဖုန္ေတြ၊ သဲေတြသန္႔စင္ဖို႔အတြက္ ထားေလ့ရွိၾကတဲ့ ေျခသုတ္အခင္းေတြကလည္း အညစ္ပတ္ဆံုးစာရင္း၀င္ပါတယ္။

ဆဲလ္ဖုန္း - မ်က္ႏွာနဲ႔ နား နားမွာ အၿမဲလိုလိုထိကပ္ၿပီး စကားေျပာ ၾကတဲ့ ဆဲလ္ဖုန္းေတြကလည္း အ ညစ္ပတ္ဆံုးအရာတစ္ခုပါပဲ။ အိတ္ထဲထည့္လိုက္၊ ေဘာင္းဘီ ထဲထည့္လိုက္၊ သန္႔စင္ခန္းထဲယူ သြားလိုက္၊ ဟိုခ်ဒီခ်လုပ္လိုက္နဲ႔ မို႔ ဗက္တီးရီးယားေပါင္းမ်ားစြာရွိ ေနတယ္လို႔ ဆိုပါတယ္။

ကစားစရာအ႐ုပ္ - အိမ္မွာအခ်စ္ ေတာ္ေတြ ေမြးထားတယ္ဆိုရင္ သူတို႔ကစားဖို႔ အ႐ုပ္ေလးေတြကို လည္း မၾကာခဏေလွ်ာ္ဖြပ္ေပးဖို႔ လိုျပန္ပါတယ္။ သြားေရေတြနဲ႔ ကိုက္လိုက္၊ ေဆာ့လိုက္၊ အျပင္ မွာ ပစ္ထားလိုက္နဲ႔ဆိုေတာ့ ဗက္ တီးရီးယားေတြ၊ မိႈေတြရွိေနတတ္ တာမို႔ပါ။

Credit : 7 day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အိမ်မှာနေ့တိုင်းလိုလို ထိတွေ့မိနေပေမယ့် မမြင်နိုင်တဲ့ ပိုးမွှားတွေ၊ မှိုတွေပေါက်ပွားရှင်သန်နေတဲ့ အညစ်ပတ်ဆုံးပစ္စည်းတွေက ဘာတွေဖြစ်နေမလဲဆိုတာ သိထားရအောင်လို့ ဖော်ပြပေးချင်ပါတယ်။

သွားပွတ်တံထည့်ခွက် - ရေချိုး ခန်းထဲမှာတို့၊ ဘေစင်နားမှာတို့ ထားလေ့ရှိတဲ့ သွားပွတ်တံထည့် ခွက်လေးတွေကြည့်ရတာ သန့် ပြန့်နေသယောင်ထင်ရပေမယ့် တကယ်တမ်းမှာတော့ ဗက်တီး ရီးယားတွေ၊ မှိုတွေစတဲ့ အညစ် အကြေးအစုံရှိနေတယ်လို့ ဆိုပါ တယ်။

ရေချိုးခန်းသုံးအခင်း - ရေချိုးခန်း အဝင်ဝမှာတို့၊ ရေခန်းခန်းထဲမှာ တို့ ထားလေ့ရှိတဲ့ အခင်းတွေဟာ လည်း အမြဲလိုလိုစိုထိုင်းနေတာမို့ ဗက်တီးရီးယားတို့၊ မှိုတို့ပျော် ပျော်ကြီးပေါက်ပွားရာပစ္စည်းတစ် ခုပါ။

ပန်းကန်ဆေးဘေစင် - သားစိမ်း ငါးစိမ်းတွေဆေးလိုက်၊ ဟင်းအ နှစ်တွေဆီတွေဆေးလိုက်နဲ့ အမျိုး မျိုးသော စားစရာတွေ၊ ပစ္စည်း တွေနေ့စဉ်လိုလိုဆေးကြောနေ တဲ့ နေရာဖြစ်တဲ့အတွက် ဗက်တီး ရီးယားတွေကတော့ သေချာ ပေါက်ရှိနေပါတယ်။

ရေခဲသေတ္တာတံခါးအတွင်းရှိ ရော်ဘာအနားကွပ် - ရေခဲသေတ္တာထဲ မှာ စားစရာတွေကို မှိုလိုက်လာ တဲ့အထိ အကြာကြီးသိမ်းတာမျိုး ရှောင်ဖို့လိုသလို ရေခဲသေတ္တာ တံခါးရဲ့ ရော်ဘာအနားကွပ်တွေ မှာလည်း ခဏခဏဖွင့်လိုက်ပိတ် လိုက်လုပ်သလို အမြဲစိုထိုင်းနေ တာမို့ မှိုတွေ၊ ပိုးမွှားတွေရှိနေ တတ်ပါတယ်။

ခြေသုတ်အခင်း - အိမ်အဝင်ဝတွေမှာ ဖုန်တွေ၊ သဲတွေသန့်စင်ဖို့အတွက် ထားလေ့ရှိကြတဲ့ ခြေသုတ်အခင်းတွေကလည်း အညစ်ပတ်ဆုံးစာရင်းဝင်ပါတယ်။

ဆဲလ်ဖုန်း - မျက်နှာနဲ့ နား နားမှာ အမြဲလိုလိုထိကပ်ပြီး စကားပြော ကြတဲ့ ဆဲလ်ဖုန်းတွေကလည်း အ ညစ်ပတ်ဆုံးအရာတစ်ခုပါပဲ။ အိတ်ထဲထည့်လိုက်၊ ဘောင်းဘီ ထဲထည့်လိုက်၊ သန့်စင်ခန်းထဲယူ သွားလိုက်၊ ဟိုချဒီချလုပ်လိုက်နဲ့ မို့ ဗက်တီးရီးယားပေါင်းများစွာရှိ နေတယ်လို့ ဆိုပါတယ်။

ကစားစရာအရုပ် - အိမ်မှာအချစ် တော်တွေ မွေးထားတယ်ဆိုရင် သူတို့ကစားဖို့ အရုပ်လေးတွေကို လည်း မကြာခဏလျှော်ဖွပ်ပေးဖို့ လိုပြန်ပါတယ်။ သွားရေတွေနဲ့ ကိုက်လိုက်၊ ဆော့လိုက်၊ အပြင် မှာ ပစ်ထားလိုက်နဲ့ဆိုတော့ ဗက် တီးရီးယားတွေ၊ မှိုတွေရှိနေတတ် တာမို့ပါ။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top