iMyanmarHouse.com - Best Property Website for Myanmar
×

သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြဟာ ခႏၶာကိုယ္ကို ေရာဂါကာကြယ္ေပးေစတဲ့ အစားအစာေတြျဖစ္ပါတယ္။ အမ်ိဳးသားေတြအဖုိ႔ ဘယ္လိုသစ္သီးမ်ိဳး ပိုၿပီးစားသင့္တယ္ဆုိတာကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဖရဲသီး

လိုင္ကိုပင္းၾကြယ္ဝစြာ ပါဝင္ေနတဲ့ ဖရဲသီးက အမ်ိဳးသားေတြမွာ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ဆီးက်ိတ္ကင္ဆာကို ကာကြယ္ႏိုင္ပါတယ္။ လိုင္ကိုပင္းဟာ ခႏၶာကိုယ္ထဲက ဆီးက်ိတ္၊ အဆုတ္၊ အေရျပား၊ အသည္းနဲ႔ ေသြးကို အားေကာင္းေစႏုိင္ပါေသးတယ္။

၂။ ကီဝီသီး

ကင္ဆာနဲ႔ ႏွလံုးေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္သလို ဗီတာမင္ E ၾကြယ္ဝစြာပါဝင္တဲ့ ကီဝီသီးကိုလည္း စားေပးရပါမယ္။ တစ္ေန႔ကို ကီဝီသီး ၂လံုး ပံုမွန္စားရင္ ေသြးခဲၿပီးပိတ္ဆို႔တာမျဖစ္ေအာင္ ၁၈ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးပါလိမ့္မယ္။ ေဘးထြက္ဆိုးက်ိဳး႐ွိတဲ့  အက္စ္ပရင္ေဆးအစား ကီဝီသီးကေတာင္ ပိုစြမ္းပါေသးတယ္။

၃။ သေဘာၤသီး

သေဘၤာသီးမွာ အာဂ်င္ႏုိင္းအင္ဇိုင္းေတြ ပါဝင္ပါတယ္။ က်ားအဂၤါေတြဆီကို ေသြးစီးဆင္းမႈ တုိးျမႇင့္ေပးေစလို႔ ခ်စ္တင္းေႏွာခ်ိန္ေတြမွာ စိတ္ေက်နပ္မႈကို ရေစမွာပါ။ ကယ္လိုရီပမာဏလည္း အလြန္နည္းပါးတဲ့ သေဘၤာသီးဟာ ဝမ္းမွန္ၿပီး မ်က္စိအားေကာင္းေစတဲ့ အာနိသင္ေတြလည္း ႐ွိပါေသးတယ္။

၄။ စပ်စ္သီး

စပ်စ္သီး လက္တစ္ဆုပ္စာကေပးတဲ့ အက်ိဳးေက်းဇူးက မနည္းပါဘူး။ အထူးျခားဆံုးကေတာ့ ဦးေႏွာက္စြမ္းရည္ ျမင့္မားေစၿပီး အေရျပားကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်ကို ရောဂါကာကွယ်ပေးစေတဲ့ အစားအစာတွေဖြစ်ပါတယ်။ အမျိုးသားတွေအဖို့ ဘယ်လိုသစ်သီးမျိုး ပိုပြီးစားသင့်တယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ ဖရဲသီး

လိုင်ကိုပင်းကြွယ်ဝစွာ ပါဝင်နေတဲ့ ဖရဲသီးက အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ လိုင်ကိုပင်းဟာ ခန္ဓာကိုယ်ထဲက ဆီးကျိတ်၊ အဆုတ်၊ အရေပြား၊ အသည်းနဲ့ သွေးကို အားကောင်းစေနိုင်ပါသေးတယ်။

၂။ ကီဝီသီး

ကင်ဆာနဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့ ကီဝီသီးကိုလည်း စားပေးရပါမယ်။ တစ်နေ့ကို ကီဝီသီး ၂လုံး ပုံမှန်စားရင် သွေးခဲပြီးပိတ်ဆို့တာမဖြစ်အောင် ၁၈ ရာခိုင်နှုန်း လျှော့ချပေးပါလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးရှိတဲ့  အက်စ်ပရင်ဆေးအစား ကီဝီသီးကတောင် ပိုစွမ်းပါသေးတယ်။

၃။ သဘောၤသီး

သင်္ဘောသီးမှာ အာဂျင်နိုင်းအင်ဇိုင်းတွေ ပါဝင်ပါတယ်။ ကျားအင်္ဂါတွေဆီကို သွေးစီးဆင်းမှု တိုးမြှင့်ပေးစေလို့ ချစ်တင်းနှောချိန်တွေမှာ စိတ်ကျေနပ်မှုကို ရစေမှာပါ။ ကယ်လိုရီပမာဏလည်း အလွန်နည်းပါးတဲ့ သင်္ဘောသီးဟာ ဝမ်းမှန်ပြီး မျက်စိအားကောင်းစေတဲ့ အာနိသင်တွေလည်း ရှိပါသေးတယ်။

၄။ စပျစ်သီး

စပျစ်သီး လက်တစ်ဆုပ်စာကပေးတဲ့ အကျိုးကျေးဇူးက မနည်းပါဘူး။ အထူးခြားဆုံးကတော့ ဦးနှောက်စွမ်းရည် မြင့်မားစေပြီး အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

Credit: Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top