iMyanmarHouse.com - Best Property Website for Myanmar
×

ဘဝလက္တြဲေဖာ္အျဖစ္ေရြးခ်ယ္တဲ့အခါ ႏွလုံးသားတစ္ခုတည္းကို အားမကိုးဘဲ ဦးေႏွာက္ရဲ႕ အကူအညီကိုယူျပီး ခ်င့္ခ်ိန္ေရြးခ်ယ္တတ္တဲ့ မိန္းကေလးေတြအတြက္ အမွားအယြင္း အင္မတန္နည္းႏုိင္ပါတယ္။ တခ်ဳိ႕ေယာက္်ားေတြက ခ်စ္ဖုိ႔ေကာင္းျပီး လက္တြဲဖုိ႕ေလာက္ထိေတာ့ မေကာင္းတဲ့သူေတြ ျဖစ္ေနပါတယ္။ ႏွလုံးသားတစ္ခုတည္းနဲ႔ ခ်ိန္ၾကည့္ရင္ အေလးခ်ိန္ေစာက္ထုိးျဖစ္ေနေပမဲ့ ဦးေႏွာက္နဲ႔ ခ်ိန္ထုိးၾကည့္လုိက္ရင္ေတာ့ အနွစ္မပါဘဲ ေပါ့ပ်က္ပ်က္ျဖစ္ေနတာကို ေတြ႔ရမွာ ျဖစ္ပါတယ္။ ဒီလို ကူးစက္ေရာဂါပိုးတစ္ခုကို ေရွာင္သလို ေရွာင္သင့္တဲ့ ေယာက္်ားအမ်ဳိးအစားေတြကို သိထားရင္ လက္တြဲေဖာ္ေရြးရာမွာ ေတာ္ေတာ္ေလးအသုံးတည့္မွာပါ။

ဆရာၾကီး
ကိုယ္ဝတ္တဲ့ အဝတ္အစားကအစ ကိုယ့္ဆံပင္ပုံစံ၊ စားေသာက္ေနထုိင္ပုံအဆုံး အစအစအရာရာ လုိက္ေျပာေနတတ္ျပီး ကိုယ့္ပင္ကိုယ္စရုိက္ အားလုံးကို ျပန္ျပင္ရေလာက္ေအာင္ ထိန္းခ်ဳပ္ဆရာလုပ္ခ်င္တဲ့ ေယာက္်ားမ်ဳိး။

အပ်င္းၾကီး
အလုပ္မရွိ မိဘလုပ္စာထုိင္စားျပီး အနာဂတ္အစီအစဥ္ ဘာမွမရွိတဲ့သူျဖစ္သလို ဂိမ္းကစားတာ၊ အေပ်ာ္အပါးမက္တာကလြဲရင္ ဘာမွမည္မည္ရရ ဝါသနာမရွိ၊ရည္မွန္းခ်က္မရွိတဲ့ ေယာက္်ားမ်ဳိး။

အေမခ်စ္သား
အေမနဲ႔ မတုိင္ပင္ဘဲ ဘာဆုံးျဖတ္ခ်က္မွ မခ်တတ္တဲ့ဲ အေမ့အၾကိဳက္ေနတတ္တဲ့ ခင္ပြန္းေကာင္းျဖစ္ဖုိ႔ ခက္ခဲတဲ့ သားလိမၼာေယာက္်ားမ်ဳိး။

မိန္းမခ်စ္သူ
မိန္းမ ၾကီးၾကီးငယ္ငယ္ ပ်ိဳပ်ဳိအိုအုိတိုင္းကုိ စိတ္ဝင္စားတတ္ျပီး မ်က္လုံးကစားတတ္သူ။ ကိုယ့္တစ္ေယာက္တည္းကိုမွ မဟုတ္ဘဲ မိန္းမအားလုံးကို ခ်စ္ႏုိင္တဲ့ ထိန္းလို႔မရႏုိင္တဲ့ ေယာက္်ားမ်ဳိး။

ပိုင္းလုံး
ရုပ္ရည္ေလးက ၾကည့္ေကာင္းျပီး ဝတ္ေကာင္းစားလွ ဝတ္ဆင္တတ္ေပမဲ့ အလုပ္အကိုင္ မည္မည္ရရမလုပ္ဘဲ မိန္းမေတြဆီက ရသမွ် အားလုံးလိုခ်င္တတ္တဲ့ အရည္အခ်င္းမရွိတဲ့ အေခ်ာင္သမားေယာက္်ားမ်ိဳး။

ႏွစ္ပင္လိမ္
သူ႔မွာ လက္ရွိရည္းစားရွိေနရက္နဲ႔ ကိုယ့္နဲ႔ပတ္သက္ဖုိ႔ၾကိဳးစားျပီး ပတ္ရႈပ္ခ်င္တဲ့သူ။ သူပတ္ရႈပ္ေနမွန္း သိသိခ်ည္းနဲ႔ ဒီလိုလူမ်ဳိးကို လက္ခံလိုက္မိရင္ ကိုယ့္ေနာက္မွာလည္း ထပ္ျပီး ရႈပ္ေနမယ့္ အရႈပ္ထုတ္ ေယာက္်ားမ်ဳိး။

ဂဏန္းတြက္စက္
ေယာက္်ားေလးေပမဲ့ ကိုယ့္စားရိတ္ပဲ ကိုယ္ရွင္းျပီး မိန္းကေလးအတြက္ ဘာမွ ျဖည့္ဆည္းေပးဖုိ႔ ဆႏၵမရွိသူ။ ေပသီးေခါက္သလို ေငြေၾကးနဲပဲ႔ အရာရာကို တန္ဖုိးျဖတ္တတ္ျပီး ကတ္သတ္တတ္တဲ့ေယာက္်ားမ်ဳိး။

အိမ္ေထာင္ရွိသူ
ဘယ္လိုေခတ္မီတဲ့ လူ႔အဖြဲ႔အစည္း အသိုင္းအဝုိင္းမွာျဖစ္ေစ ဘယ္သူမွ လက္မခံတဲ့ ပတ္သက္မႈက အိမ္ေထာင္ရွိေယာက္်ားတစ္ေယာက္နဲ႔ ပတ္သက္တာပါပဲ။ ကိုယ့္ဘဝကို အညြန္႔ခ်ဳိးသလို သူ႔မိသားစုကိုလည္း မငဲ့ညွာတဲ့ ေဖာက္ျပန္တတ္တဲ့ ေယာက္်ားမ်ဳိး။

ကဲ ဒီလိုေယာက်ၤားမ်ိဳးေတြ ေ၀းေ၀းေရွာင္ႏိုင္မွ လက္တြဲေဖာ္ေကာင္းကိုရွာႏိုင္မွာမုိ႕ ဒီအခ်က္ကေလးေတြကို သတိထားလိုက္ၾကပါလုိ႕။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်တဲ့အခါ နှလုံးသားတစ်ခုတည်းကို အားမကိုးဘဲ ဦးနှောက်ရဲ့ အကူအညီကိုယူပြီး ချင့်ချိန်ရွေးချယ်တတ်တဲ့ မိန်းကလေးတွေအတွက် အမှားအယွင်း အင်မတန်နည်းနိုင်ပါတယ်။ တချို့ယောက်ျားတွေက ချစ်ဖို့ကောင်းပြီး လက်တွဲဖို့လောက်ထိတော့ မကောင်းတဲ့သူတွေ ဖြစ်နေပါတယ်။ နှလုံးသားတစ်ခုတည်းနဲ့ ချိန်ကြည့်ရင် အလေးချိန်စောက်ထိုးဖြစ်နေပေမဲ့ ဦးနှောက်နဲ့ ချိန်ထိုးကြည့်လိုက်ရင်တော့ အနှစ်မပါဘဲ ပေါ့ပျက်ပျက်ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ကူးစက်ရောဂါပိုးတစ်ခုကို ရှောင်သလို ရှောင်သင့်တဲ့ ယောက်ျားအမျိုးအစားတွေကို သိထားရင် လက်တွဲဖော်ရွေးရာမှာ တော်တော်လေးအသုံးတည့်မှာပါ။

ဆရာကြီး
ကိုယ်ဝတ်တဲ့ အဝတ်အစားကအစ ကိုယ့်ဆံပင်ပုံစံ၊ စားသောက်နေထိုင်ပုံအဆုံး အစအစအရာရာ လိုက်ပြောနေတတ်ပြီး ကိုယ့်ပင်ကိုယ်စရိုက် အားလုံးကို ပြန်ပြင်ရလောက်အောင် ထိန်းချုပ်ဆရာလုပ်ချင်တဲ့ ယောက်ျားမျိုး။

အပျင်းကြီး
အလုပ်မရှိ မိဘလုပ်စာထိုင်စားပြီး အနာဂတ်အစီအစဉ် ဘာမှမရှိတဲ့သူဖြစ်သလို ဂိမ်းကစားတာ၊ အပျော်အပါးမက်တာကလွဲရင် ဘာမှမည်မည်ရရ ဝါသနာမရှိ၊ရည်မှန်းချက်မရှိတဲ့ ယောက်ျားမျိုး။

အမေချစ်သား
အမေနဲ့ မတိုင်ပင်ဘဲ ဘာဆုံးဖြတ်ချက်မှ မချတတ်တဲ့ဲ အမေ့အကြိုက်နေတတ်တဲ့ ခင်ပွန်းကောင်းဖြစ်ဖို့ ခက်ခဲတဲ့ သားလိမ္မာယောက်ျားမျိုး။

မိန်းမချစ်သူ
မိန်းမ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအိုတိုင်းကို စိတ်ဝင်စားတတ်ပြီး မျက်လုံးကစားတတ်သူ။ ကိုယ့်တစ်ယောက်တည်းကိုမှ မဟုတ်ဘဲ မိန်းမအားလုံးကို ချစ်နိုင်တဲ့ ထိန်းလို့မရနိုင်တဲ့ ယောက်ျားမျိုး။

ပိုင်းလုံး
ရုပ်ရည်လေးက ကြည့်ကောင်းပြီး ဝတ်ကောင်းစားလှ ဝတ်ဆင်တတ်ပေမဲ့ အလုပ်အကိုင် မည်မည်ရရမလုပ်ဘဲ မိန်းမတွေဆီက ရသမျှ အားလုံးလိုချင်တတ်တဲ့ အရည်အချင်းမရှိတဲ့ အချောင်သမားယောက်ျားမျိုး။

နှစ်ပင်လိမ်
သူ့မှာ လက်ရှိရည်းစားရှိနေရက်နဲ့ ကိုယ့်နဲ့ပတ်သက်ဖို့ကြိုးစားပြီး ပတ်ရှုပ်ချင်တဲ့သူ။ သူပတ်ရှုပ်နေမှန်း သိသိချည်းနဲ့ ဒီလိုလူမျိုးကို လက်ခံလိုက်မိရင် ကိုယ့်နောက်မှာလည်း ထပ်ပြီး ရှုပ်နေမယ့် အရှုပ်ထုတ် ယောက်ျားမျိုး။

ဂဏန်းတွက်စက်
ယောက်ျားလေးပေမဲ့ ကိုယ့်စားရိတ်ပဲ ကိုယ်ရှင်းပြီး မိန်းကလေးအတွက် ဘာမှ ဖြည့်ဆည်းပေးဖို့ ဆန္ဒမရှိသူ။ ပေသီးခေါက်သလို ငွေကြေးနဲပဲ့ အရာရာကို တန်ဖိုးဖြတ်တတ်ပြီး ကတ်သတ်တတ်တဲ့ယောက်ျားမျိုး။

အိမ်ထောင်ရှိသူ
ဘယ်လိုခေတ်မီတဲ့ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းမှာဖြစ်စေ ဘယ်သူမှ လက်မခံတဲ့ ပတ်သက်မှုက အိမ်ထောင်ရှိယောက်ျားတစ်ယောက်နဲ့ ပတ်သက်တာပါပဲ။ ကိုယ့်ဘဝကို အညွန့်ချိုးသလို သူ့မိသားစုကိုလည်း မငဲ့ညှာတဲ့ ဖောက်ပြန်တတ်တဲ့ ယောက်ျားမျိုး။

ကဲ ဒီလိုယောကျၤားမျိုးတွေ ဝေးဝေးရှောင်နိုင်မှ လက်တွဲဖော်ကောင်းကိုရှာနိုင်မှာမို့ ဒီအချက်ကလေးတွေကို သတိထားလိုက်ကြပါလို့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top