iMyanmarHouse.com - Best Property Website for Myanmar
×

ေကာ္ဖီကုိ ေန႔စဥ္ေသာက္သံုးျခင္းကုိ စြဲလန္းေနတဲ့ လူေတြအဖုိ႔ ေကာ္ဖီ (ကဖင္း ဓာတ္)က က်န္းမာေရးအတြက္ ခႏၶာကုိယ္အတြက္ ေကာင္းက်ိဳးျပဳတဲ့ အခ်က္ေတြရွိေနတာကုိ ေတြ႔ရပါတယ္။

စစ္ေဆး ခ်က္ သုေတသနျပဳခ်က္ တခ်ိဳ႕ေတြမွာဆုိရင္လည္း ေကာ္ဖီေသာက္ သံုးျခင္းက က်န္းမာေရးအတြက္ ေကာင္းက်ိဳးမျပဳေသာ္လည္းပဲ အခု ေဖာ္ျပမယ့္
အခ်က္ေတြမွာေတာ့ ေကာ္ဖီက ေကာင္းက်ိဳးျပဳေနတာ ကုိ ေတြ႔ရပါတယ္။

၁။ ေကာ္ဖီမွာ ေရာဂါပိုးမႊားေတြကုိ တုိက္ဖ်က္ကာကြယ္ေပးႏုိင္တဲ့ အန္တီေအာက္စီဒင့္ဇ္ဓာတ္ေတြနဲ႔ အာဟာရဓာတ္သတၱဳေတြမ်ားစြာ ပါဝင္ေနပါတယ္။

၂။ ေကာ္ဖီေသာက္သံုးျခင္းက ဦးေႏွာက္မွတ္ဥာဏ္ရဲ႕ အလုပ္လုပ္မႈ ကုိ တုိးတက္ေစပါတယ္။

၃။ ေကာ္ဖီက အဆီေတြကုိ ေလာင္ကၽြမ္းျခင္းမွာ ကူညီေပးႏုိင္ပါ တယ္.

၄။ ေမ့တတ္တဲ့ ေရာဂါေတြနဲ႔ ပါကင္စန္ ေခၚတဲ့ ဦးေႏွာက္မူမမွန္တဲ့ ေရာဂါျဖစ္ပြားျခင္းေတြကုိ ေလ်ာ့က်ေစႏုိင္ပါတယ္။

၅။ အသည္းကုိ အားေကာင္းလာေစပါတယ္။

၆။ စိတ္ဖိစီးမႈနဲ႔ စိတ္ပုိင္းဆုိင္ရာျပႆနာေတြ၊ စိတ္ထိခိုက္၊ စိတ္ရႈပ္ စရာေတြ ခံစားရျခင္းမွ ေလ်ာ့ခ်ေပးႏုိင္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...




Unicode Version

ကော်ဖီကို နေ့စဉ်သောက်သုံးခြင်းကို စွဲလန်းနေတဲ့ လူတွေအဖို့ ကော်ဖီ (ကဖင်း ဓာတ်)က ကျန်းမာရေးအတွက် ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ အချက်တွေရှိနေတာကို တွေ့ရပါတယ်။

စစ်ဆေး ချက် သုတေသနပြုချက် တချို့တွေမှာဆိုရင်လည်း ကော်ဖီသောက် သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးမပြုသော်လည်းပဲ အခု ဖော်ပြမယ့်
အချက်တွေမှာတော့ ကော်ဖီက ကောင်းကျိုးပြုနေတာ ကို တွေ့ရပါတယ်။

၁။ ကော်ဖီမှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်စီဒင့်ဇ်ဓာတ်တွေနဲ့ အာဟာရဓာတ်သတ္တုတွေများစွာ ပါဝင်နေပါတယ်။

၂။ ကော်ဖီသောက်သုံးခြင်းက ဦးနှောက်မှတ်ဉာဏ်ရဲ့ အလုပ်လုပ်မှု ကို တိုးတက်စေပါတယ်။

၃။ ကော်ဖီက အဆီတွေကို လောင်ကျွမ်းခြင်းမှာ ကူညီပေးနိုင်ပါ တယ်.

၄။ မေ့တတ်တဲ့ ရောဂါတွေနဲ့ ပါကင်စန် ခေါ်တဲ့ ဦးနှောက်မူမမှန်တဲ့ ရောဂါဖြစ်ပွားခြင်းတွေကို လျော့ကျစေနိုင်ပါတယ်။

၅။ အသည်းကို အားကောင်းလာစေပါတယ်။

၆။ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ စိတ်ထိခိုက်၊ စိတ်ရှုပ် စရာတွေ ခံစားရခြင်းမှ လျော့ချပေးနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top