iMyanmarHouse.com - Best Property Website for Myanmar
×

ဆလတ္ရြက္ရဲ႕ က်န္းမာေရးေကာင္းက်ဳိးျပဳပုံေၾကာင့္ ဆလတ္ရြက္ကို ထိပ္တန္းအစားအစာ စာရင္းထဲ ထည့္သြင္းထားသင့္ပါတယ္။ ေျမထဲပင္လယ္ေဒသကေန မူလျဖစ္ေပၚတဲ့ ဆလတ္ရြက္ဟာ အေစာပုိင္း အီဂ်စ္လူမ်ဳိးေတြနဲ႔ ေရာမလူမ်ဳိးေတြ ပထမဆုံး စုိက္ပ်ဳိးတဲ့ ဟင္းသီးဟင္းရြက္ေတြထဲက တစ္ခုျဖစ္ပါတယ္။ ဆလတ္ရြက္မွာ တရုတ္မုန္လာ၊ ပန္းေဂၚဖီစိမ္း၊ ပန္းေဂၚဖီ၊ ေဂၚဖီထုပ္စတာေတြထက္ ဗီတာမင္ေတြ ပိုမ်ားပါတယ္။

ဓာတ္ဆန္႔က်င္ပစၥည္း antioxidant ၾကြယ္ဝစြာပါဝင္ျပီး ခႏၶာကိုယ္မွ ေန႔စဥ္လိုအပ္တဲ့ အာဟာရေတြ ပါဝင္ပါတယ္။ ျပီးေတာ့ သင့္ေန႔စဥ္ပုံမွန္အစားအစာထဲ ဆလတ္ရြက္ထည့္သြင္းပါက dietary fibre၊ thiamin၊ riboflavia၊ folic acid၊ iron vitamin K၊ vitamin B6၊ calcium၊ potassium၊ copper နဲ႔ manganese ေတြ ရရိွေစပါတယ္။ ဆလတ္ရြက္ကေပးတဲ့ အံ့မခန္းဖြယ္ က်န္းမာေရးေကာင္းက်ဳိးေတြ ရိွပါတယ္။ ဆလတ္ရြက္က သဘာဝကင္ဆာေရာဂါတုိက္ဖ်က္ေပးတဲ့အရာတစ္ခု ျဖစ္ပါတယ္။ ဆလတ္ရြက္မွာ ကင္ဆာေရာဂါျဖစ္ေစတဲ့အရာေတြ ႏုိးၾကားခြင့္ မေပးတဲ့ isothiocyanate ေတြကို ထုတ္လုပ္တဲ့ glucosinolate enzyme မ်ားစြာ ပါဝင္ပါတယ္။

အသည္းသန္႔ရွင္းေစျပီး ႏွလုံး ကာကြယ္ေပးပါတယ္။ ဆလတ္ရြက္မွာ ေတြ႔ရတဲ့ ေနာက္ glucosinolate နဲ႔ ကင္ဆာတုိက္ဖ်က္ျဒပ္ေပါင္းျဖစ္တဲ့့ sulforaphane က အသည္းက အဆိပ္အေတာက္ေတြကုိ ထိေရာက္စြာ ဖယ္ရွားေပးပါတယ္။

ဆလတ္ရြက္က သဘာဝေနပူခံ လိမ္းေဆးလည္း ျဖစ္ပါတယ္။ အတြင္းဘက္ကေန သဘာဝေနပူခံလိမ္းေဆးသဖြယ္ စြမ္းေဆာင္ေပးတဲ့ ဓာတ္ဆန္႔က်င္ပစၥည္း beta carotene luteinn နဲ႔ zeaxanthin ေတြ အျမင့္ဆုံး ပါဝင္ပါတယ္။

ဆလတ္ရြက္က အမဲသားထက္ ကယ္လိုရီတစ္ခုမွာ သံဓာတ္ ပိုမိုရရိွေစျပီး ႏွလုံးျပသနာနဲ႔ အစာေျခဖ်က္မႈျပသနာေတြ ကာကြယ္ဖို႔ လိုအပ္တဲ့ အမွ်င္ဓာတ္ေတြ လုံေလာက္စြာ ပါဝင္ပါတယ္။

ဆလတ္ရြက္တစ္ပြဲကေန ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ A ပမာဏ ၂၀၆ ရာခုိင္ႏႈန္း ရရိွပါတယ္။ ဆလတ္ရြက္က အသားေရရင့္ေရာ္မႈထိန္းသိမ္းရာမွာ အထူးေကာင္းမြန္ပါတယ္။ ဗီတာမင္ C က အေရျပားတြန္႔ျခင္း၊ ပိုမိုက်စ္လစ္ေခ်ာမြတ္တဲ့အသားေရအပါအဝင္ က်န္းမာေရးေကာင္းက်ဳိးေတြ လိုအပ္တာထက္ပိုျပီး ရရိွေစပါတယ္။


Credit: trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version

ဆလတ်ရွက်ရဲ့ ကျန်းမာရေးကောင်းကျိုးပြုပုံကြောင့် ဆလတ်ရွက်ကို ထိပ်တန်းအစားအစာ စာရင်းထဲ ထည့်သွင်းထားသင့်ပါတယ်။ မြေထဲပင်လယ်ဒေသကနေ မူလဖြစ်ပေါ်တဲ့ ဆလတ်ရွက်ဟာ အစောပိုင်း အီဂျစ်လူမျိုးတွေနဲ့ ရောမလူမျိုးတွေ ပထမဆုံး စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဆလတ်ရွက်မှာ တရုတ်မုန်လာ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်စတာတွေထက် ဗီတာမင်တွေ ပိုများပါတယ်။

ဓာတ်ဆန့်ကျင်ပစ္စည်း antioxidant ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်မှ နေ့စဉ်လိုအပ်တဲ့ အာဟာရတွေ ပါဝင်ပါတယ်။ ပြီးတော့ သင့်နေ့စဉ်ပုံမှန်အစားအစာထဲ ဆလတ်ရွက်ထည့်သွင်းပါက dietary fibre၊ thiamin၊ riboflavia၊ folic acid၊ iron vitamin K၊ vitamin B6၊ calcium၊ potassium၊ copper နဲ့ manganese တွေ ရရှိစေပါတယ်။ ဆလတ်ရွက်ကပေးတဲ့ အံ့မခန်းဖွယ် ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။ ဆလတ်ရွက်က သဘာဝကင်ဆာရောဂါတိုက်ဖျက်ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဆလတ်ရွက်မှာ ကင်ဆာရောဂါဖြစ်စေတဲ့အရာတွေ နိုးကြားခွင့် မပေးတဲ့ isothiocyanate တွေကို ထုတ်လုပ်တဲ့ glucosinolate enzyme များစွာ ပါဝင်ပါတယ်။

အသည်းသန့်ရှင်းစေပြီး နှလုံး ကာကွယ်ပေးပါတယ်။ ဆလတ်ရွက်မှာ တွေ့ရတဲ့ နောက် glucosinolate နဲ့ ကင်ဆာတိုက်ဖျက်ဒြပ်ပေါင်းဖြစ်တဲ့ sulforaphane က အသည်းက အဆိပ်အတောက်တွေကို ထိရောက်စွာ ဖယ်ရှားပေးပါတယ်။

ဆလတ်ရွက်က သဘာဝနေပူခံ လိမ်းဆေးလည်း ဖြစ်ပါတယ်။ အတွင်းဘက်ကနေ သဘာဝနေပူခံလိမ်းဆေးသဖွယ် စွမ်းဆောင်ပေးတဲ့ ဓာတ်ဆန့်ကျင်ပစ္စည်း beta carotene luteinn နဲ့ zeaxanthin တွေ အမြင့်ဆုံး ပါဝင်ပါတယ်။

ဆလတ်ရွက်က အမဲသားထက် ကယ်လိုရီတစ်ခုမှာ သံဓာတ် ပိုမိုရရှိစေပြီး နှလုံးပြသနာနဲ့ အစာခြေဖျက်မှုပြသနာတွေ ကာကွယ်ဖို့ လိုအပ်တဲ့ အမျှင်ဓာတ်တွေ လုံလောက်စွာ ပါဝင်ပါတယ်။

ဆလတ်ရွက်တစ်ပွဲကနေ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် A ပမာဏ ၂၀၆ ရာခိုင်နှုန်း ရရှိပါတယ်။ ဆလတ်ရွက်က အသားရေရင့်ရော်မှုထိန်းသိမ်းရာမှာ အထူးကောင်းမွန်ပါတယ်။ ဗီတာမင် C က အရေပြားတွန့်ခြင်း၊ ပိုမိုကျစ်လစ်ချောမွတ်တဲ့အသားရေအပါအဝင် ကျန်းမာရေးကောင်းကျိုးတွေ လိုအပ်တာထက်ပိုပြီး ရရှိစေပါတယ်။


Credit: trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top