iMyanmarHouse.com - Best Property Website for Myanmar
×

ကီဝီသီးဟာ အေရာင္အဆင္းအရသာနဲ႔ျပည့္စံုၿပီး ခႏၶာကိုယ္အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ ေက်ာ္ၾကားတဲ့အသီးတစ္မ်ိဳးပဲျဖစ္ပါတယ္။ ကီဝီသီး 100 ဂရမ္မွာ ဗီတာမင္ C 160 မီလီဂရမ္ပါဝင္ၿပီးေတာ့ ဒါဟာ ပံုမွန္လိေမၼာ္သီးတစ္လံုးမွာပါဝင္တဲ့ ပမာဏရဲ႕ႏွစ္ဆပဲျဖစ္ပါတယ္။ လတ္ဆတ္တဲ့ ကီဝီသီးအစိမ္းတစ္လံုးမွာ ဗီတာမင္ A၊ E နဲ႔ C ေတြ ျပည့္ဝစြာပါဝင္တဲ့အျပင္ အသားအေရလွပ၊ အရြယ္တင္၊ အညစ္အေၾကးေတြသန္႔စင္ေစတဲ့ အစြမ္းသတၱိေတြလည္း အမ်ားအျပားရွိပါတယ္။

ခႏၶာကိုယ္ကုိ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ သၾကားဓာတ္အမ်ားႀကီးပါဝင္တဲ့အစားအစာေတြ၊ ကိတ္မုန္႔ေတြနဲ႔ ၾကာရွည္ခံေအာင္လုပ္ထားတာေတြကို စားသံုးမယ့္အစား လတ္ဆတ္တဲ့သစ္သီးေတြကို စားသံုးသင့္ပါတယ္။ ကီဝီသီးမွာပါဝင္တာေတြကေတာ့ -

1. ဗီတာမင္ K - အ႐ိုးနဲ႔သြားေတြကို သန္မာေစပါတယ္။

2. ဗီတာမင္ B1-B6 - ဆဲလ္လုပ္ငန္းေတြကိုေကာင္းမြန္ေစျခင္း၊ စိတ္တည္ၿငိမ္ေစျခင္း၊ ေသြးနီဥမ်ား ႀကီးထြားမႈႏွင့္ ဖြ႔ံၿဖိဳးမႈကိုအားေပးျခင္း။

3. Choline - ဗီတာမင္ B နဲ႔ေပါင္းၿပီး ဆဲလ္အေျမႇးပါးေတြရဲ႕ စိုစြတ္မႈနဲ႔ က်ံဳ႕ႏိုင္၊ ဆန႔္ႏိုင္မႈကို ထိန္းသိမ္းထားျခင္းျဖင့္ ဆဲလ္အေျမႇးပါးေတြကို သန္မာေစပါတယ္။

4. ဗီတာမင္ B9 (Folate) - ေသြးထုတ္လုပ္ျခင္းႏွင့္ ေသြးၾကာမ်ားအတြင္း ေအာက္စီဂ်င္လဲလွယ္ျခင္းတြင္ မရွိမျဖစ္အေရးပါပါတယ္။

5. Omega 3, Omega 6 fatty acids - ႏွလံုးက်န္းမာေရးေကာင္းမြန္ေစျခင္း၊ ကင္ဆာတိုက္ဖ်က္ႏိုင္ျခင္း၊ အေရာင္က်ေစျခင္း။

6. သဘာဝသၾကားဓာတ္ - စြမ္းအင္တိုးပြားေစပါတယ္။

7. ကယ္လစီယမ္၊ ေဖာ့စ္ဖရပ္စ္၊ မဂက္နီဆီယမ္၊ ဆီလီနီယမ္၊ ဇင့္နဲ႔ ေကာ့ပါးဓာတ္ေတြလည္းပါဝင္ပါတယ္။

ဒါေတြအျပင္ ကၽြႏု္ပ္တို႔ အသက္ရွင္ဖို႔နဲ႔ လုပ္ငန္းေတြပံုမွန္အတိုင္းလုပ္ေဆာင္ႏိုင္ဖို႔အတြက္ အေရးႀကီးတဲ့သတၱဳဓာတ္ေတြလည္း ပါဝင္ပါေသးတယ္။ အင္တီေအာက္ဆီးဒင့္ေတြနဲ႔ အာဟာရဓာတ္ေတြမ်ားစြာပါဝင္တာေၾကာင့္ အနာက်က္ျမန္ေစၿပီး လူကိုေပါ့ပါးလန္းဆန္းေစပါတယ္။ အမွ်င္ဓာတ္လည္းမ်ားစြာပါဝင္ၿပီး အသီးအရြက္စားသူေတြအတြက္လည္း က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာပဲျဖစ္ပါတယ္။

 ေရဓာတ္၊ ဗီတာမင္ C၊ A၊ E နဲ႔ hydroxyl acids အစြမ္းေၾကာင့္ မ်က္ႏွာေပါင္းတင္ရာမွာအသံုးျပဳႏိုင္ပါတယ္။ ကီဝီသီးက ဝက္ျခံကိုေတာင္ ကာကြယ္ႏိုင္ပါတယ္။

ကီဝီသီးကိုတစ္မ်ိဳးတည္းစားႏိုင္သလို သရက္သီး၊ ဘယ္ရီသီး၊ လိေမၼာ္သီးေတြနဲ႔တြဲစားရင္လည္း အရသာရွိလွပါတယ္။ ဒါေတြအကုန္လံုးေရာၿပီး ဒိန္ခ်ဥ္ထဲမွာထည့္စားျခင္းက စားေနက် ကိတ္မုန္႔ေတြ၊ ေရခဲမုန္႔ေတြထက္ပိုေကာင္းၿပီး ခႏၶာကိုယ္ကိုလည္း သန္႔စင္ေစပါတယ္။

Credit: DrMyanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကီဝီသီးဟာ အရောင်အဆင်းအရသာနဲ့ပြည့်စုံပြီး ခန္ဓာကိုယ်အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကျော်ကြားတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ကီဝီသီး 100 ဂရမ်မှာ ဗီတာမင် C 160 မီလီဂရမ်ပါဝင်ပြီးတော့ ဒါဟာ ပုံမှန်လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ပမာဏရဲ့နှစ်ဆပဲဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကီဝီသီးအစိမ်းတစ်လုံးမှာ ဗီတာမင် A၊ E နဲ့ C တွေ ပြည့်ဝစွာပါဝင်တဲ့အပြင် အသားအရေလှပ၊ အရွယ်တင်၊ အညစ်အကြေးတွေသန့်စင်စေတဲ့ အစွမ်းသတ္တိတွေလည်း အများအပြားရှိပါတယ်။

ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ သကြားဓာတ်အများကြီးပါဝင်တဲ့အစားအစာတွေ၊ ကိတ်မုန့်တွေနဲ့ ကြာရှည်ခံအောင်လုပ်ထားတာတွေကို စားသုံးမယ့်အစား လတ်ဆတ်တဲ့သစ်သီးတွေကို စားသုံးသင့်ပါတယ်။ ကီဝီသီးမှာပါဝင်တာတွေကတော့ -

1. ဗီတာမင် K - အရိုးနဲ့သွားတွေကို သန်မာစေပါတယ်။

2. ဗီတာမင် B1-B6 - ဆဲလ်လုပ်ငန်းတွေကိုကောင်းမွန်စေခြင်း၊ စိတ်တည်ငြိမ်စေခြင်း၊ သွေးနီဥများ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကိုအားပေးခြင်း။

3. Choline - ဗီတာမင် B နဲ့ပေါင်းပြီး ဆဲလ်အမြှေးပါးတွေရဲ့ စိုစွတ်မှုနဲ့ ကျုံ့နိုင်၊ ဆန့်နိုင်မှုကို ထိန်းသိမ်းထားခြင်းဖြင့် ဆဲလ်အမြှေးပါးတွေကို သန်မာစေပါတယ်။

4. ဗီတာမင် B9 (Folate) - သွေးထုတ်လုပ်ခြင်းနှင့် သွေးကြာများအတွင်း အောက်စီဂျင်လဲလှယ်ခြင်းတွင် မရှိမဖြစ်အရေးပါပါတယ်။

5. Omega 3, Omega 6 fatty acids - နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊ ကင်ဆာတိုက်ဖျက်နိုင်ခြင်း၊ အရောင်ကျစေခြင်း။

6. သဘာဝသကြားဓာတ် - စွမ်းအင်တိုးပွားစေပါတယ်။

7. ကယ်လစီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂက်နီဆီယမ်၊ ဆီလီနီယမ်၊ ဇင့်နဲ့ ကော့ပါးဓာတ်တွေလည်းပါဝင်ပါတယ်။

ဒါတွေအပြင် ကျွနု်ပ်တို့ အသက်ရှင်ဖို့နဲ့ လုပ်ငန်းတွေပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် အရေးကြီးတဲ့သတ္တုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ အင်တီအောက်ဆီးဒင့်တွေနဲ့ အာဟာရဓာတ်တွေများစွာပါဝင်တာကြောင့် အနာကျက်မြန်စေပြီး လူကိုပေါ့ပါးလန်းဆန်းစေပါတယ်။ အမျှင်ဓာတ်လည်းများစွာပါဝင်ပြီး အသီးအရွက်စားသူတွေအတွက်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာပဲဖြစ်ပါတယ်။

 ရေဓာတ်၊ ဗီတာမင် C၊ A၊ E နဲ့ hydroxyl acids အစွမ်းကြောင့် မျက်နှာပေါင်းတင်ရာမှာအသုံးပြုနိုင်ပါတယ်။ ကီဝီသီးက ဝက်ခြံကိုတောင် ကာကွယ်နိုင်ပါတယ်။

ကီဝီသီးကိုတစ်မျိုးတည်းစားနိုင်သလို သရက်သီး၊ ဘယ်ရီသီး၊ လိမ္မော်သီးတွေနဲ့တွဲစားရင်လည်း အရသာရှိလှပါတယ်။ ဒါတွေအကုန်လုံးရောပြီး ဒိန်ချဉ်ထဲမှာထည့်စားခြင်းက စားနေကျ ကိတ်မုန့်တွေ၊ ရေခဲမုန့်တွေထက်ပိုကောင်းပြီး ခန္ဓာကိုယ်ကိုလည်း သန့်စင်စေပါတယ်။

Credit: DrMyanmar




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top