iMyanmarHouse.com - Best Property Website for Myanmar
×

အျခားလူေတြရဲ႕ အခ်စ္ေရးေတြ ခိုင္ျမဲေနၾကခ်ိန္မွာ တစ္ခ်ိဳ႕အခ်စ္ေရးေတြ ဘာ့ေၾကာင့္ မဆင္မေျပ ျပတ္စဲေနၾကရတာလဲ ဆိုျပီး သင္ေတြးၾကည့္ဖူးပါလိမ့္မယ္။ တကယ္ေတာ့ အခ်စ္ေရးတစ္ခုကို ခုိင္ျမဲဖုိ႕ဆုိတာ ကာယကံရွင္ႏွစ္ဦးမွာ အရည္အခ်င္းေကာင္းေတြ ရွိဖုိ႕လိုပါတယ္။ အရည္အခ်င္းဆိုတာကလည္း ဟိုးအရင္ကတည္းက ကိုယ္နဲ႕ထပ္တူထပ္မွ်ရွိလာခဲ့တာမ်ိဳး မဟုတ္ပဲ သူတုိ႕အခ်ိန္နဲ႕အမ်ွ နားလည္သေဘာေပါက္လာခဲ့တဲ့ စြမ္းရည္တစ္မ်ိဳးကို ဆုိလိုတာပါ။ ပိုရွင္းသြားေအာင္ ေအာက္မွာေဖာ္ျပထားတဲ့ အခ်စ္ေရးခိုင္ျမဲသူေတြ ပိုင္ဆုိင္ထားတဲ့ အရည္အခ်င္း၊ စြမ္းရည္ေတြကို ဖတ္ၾကည့္လိုက္ၾကရေအာင္။ 

၁။ သူတုိ႕ဟာ လက္ရွိအခ်စ္ေရးကိုသာ အာရံုထားျပီး အတိတ္ကျဖစ္ပ်က္ခဲ့တာေတြကို လ်စ္လ်ဴရႈတတ္ၾကပါတယ္။
သူနဲ႕ကုိယ္ မေတြ႕ခင္က သူထားခဲ့တဲ့ ရည္းစားေတြ၊ ကိုယ္ထားခဲ့တဲ့ ရည္းစားေတြအေၾကာင္း ျပန္ေျပာျပီး အျပစ္ရွာေနမယ္ဆုိ အဲ့ဒီအခ်စ္ေရးက ဘယ္ျမဲေတာ့မွာလဲ။ အခ်စ္ေရးမွာ အဆင္ေျပျမဲေနၾကသူေတြဟာ အတိတ္က ျဖစ္ပ်က္ခဲ့တာေတြကို အာရံုထဲမထည့္ေတာပဲ ခုလက္ရွိအခ်စ္ေရး ပိုမိုသာယာအဆင္ေျပဖုိ႕ကိုသာ ၾကိဳးစားတတ္ၾကသူေတြ ျဖစ္ပါတယ္။

၂။ အေပး၊ အယူ ဘယ္လိုညီမ်ွေအာင္ လုပ္ေဆာင္ရမလဲဆုိတာ သူတုိ႕နားလည္ၾကတယ္။
သာယာခုိင္ျမဲတဲ့အခ်စ္ေရးမွာ အေပး၊ အယူ ညီမ်ွဖုိ႕ဆုိတာ အေရးၾကီးတဲ့အခ်က္ပါ။ တစ္ဦးတည္းကပဲ ေပးဆပ္ျပီး၊ တျခားတစ္ဦးက အယူေတြခ်ည္းပဲ ျဖစ္ေနလုိ႕ မရပါဘူး။ ကုိယ့္ခ်စ္သူဆီကခ်ည္း ကိုယ္က ေမ်ွာ္လင့္ေနတတ္တဲ့ အခ်စ္ေရးဟာ ေရရွည္မတည္ျမဲႏိုင္ပါဘူး။ ဒီေတာ့ တစ္ဦးနဲ႕တစ္ဦး အေပးအယူညီညီေလး သြားမွသာ အဆင္ေျပပါလိမ့္မယ္။

၃။ ကိုယ္ပိုင္သီးသန္႕အခ်ိန္ေလးေတြလည္း လိုအပ္ေၾကာင္းလည္း သူတုိ႕သိၾကတယ္။
လူတစ္ေယာက္ဟာ ခ်စ္သူရည္းစား ရွိလာျပီဆုိတာနဲ႕ သူတုိ႕ခ်စ္သူကို ပထမ ဦးစားေပးေနရာမွာ ထားတတ္ၾကတယ္။ အခ်ိန္ေပးတတ္ၾကပါတယ္။ ဒါေပမယ့္ ကုိယ္ရွင္သန္ေနတဲ့ပတ္၀န္းက်င္၊ အသိုင္းအ၀ိုင္းဆုိတာေတြကိုေတာ့ လ်စ္လ်ဴရႈ ထားလို႕မရပါဘူး။ ဒီေတာ့ ကိုယ့္မိဘေတြနဲ႕အတူ ရွိဖုိ႕အခ်ိန္၊ မိသားစုေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ အတူ သြားလာ စားေသာက္ဖုိ႕အခ်ိန္ဆုိတာလည္း ရွိကုိရွိရပါလိမ့္မယ္။ ဒါကို တစ္ဦးနဲ႕တစ္ဦး နားလည္ေပးရင္ ကုိယ္မပါ၀င္တဲ့ သူ႕ရဲ႕ သီးသန္႕အခ်ိန္ေလးေတြ ဖန္တီးဖုိ႕ ခြင့္ျပဳေပးတတ္ၾကပါတယ္။

၄။ ကိုယ့္ခ်စ္သူကို ဘယ္လိုရယ္ေမာေအာင္ လုပ္ရမလဲဆုိတာလည္း သိၾကတယ္။
ကုိယ့္ခ်စ္သူ စိတ္အပန္းေျပေစဖုိ႕ ဘယ္လိုဟာသမ်ိဳးေတြ ေျပာဆုိရမလဲဆုိတာ သူတုိ႕သိၾကပါတယ္။ နွစ္ဦးသား အတူရယ္ေမာရတဲ့ အခ်ိန္တိုင္းဟာ သံေယာဇဥ္ပိုမိုတိုးပြားေစတဲ့ အခ်ိန္ေတြပါပဲ။

၅။ မျဖစ္ႏိုင္တာကို သေဘာေပါက္ျပီး တစ္ဦးကိုတစ္ဦး နားလည္မႈေပးတတ္ၾကတယ္။
ကုိယ္ျဖစ္ခ်င္တာေတြ၊ အတၱေတြ သူ႕အေပၚပံုထားမိခဲ့ရင္ေတာင္ ကိုယ့္ခ်စ္သူ ၾကံဳေတြ႕ေနရတဲ့ အေျခအေနေတြကို သေဘာေပါက္ေအာင္ ၾကိဳးစားျပီး ေတာင္းပန္စကား ဆိုတတ္ၾကတယ္။ ကုိယ့္ခ်စ္သူ အခက္အခဲ အက်ပ္အတည္း ၾကံဳေနရခ်ိန္ ဖိအားေပးတာေတြ မလုပ္တတ္သလို လုပ္ခဲ့မိရင္လည္း ဒီ့အတြက္ ခြင့္လႊတ္ဖုိ႕ ေျပာဆုိတတ္ၾကတယ္။

၆။ တစ္ဦးေကာင္းက်ိဳးအတြက္ တစ္ဦးက ေပ်ာ္ရႊင္ေပးတတ္ၾကတယ္။
ခ်စ္ရသူ အက်ိဳးစီးပြား ျဖစ္ထြန္းတာ၊ အလုပ္မွာ ရာထူးတုိးတာ၊ လခတိုးတာ စတာေတြအတြက္ မနာလိုတာမ်ိဳး၊ ငါက်ေတာ့ ဘာလုိ႕အဲ့ဒီလိုမျဖစ္ရတာလဲဆုိတာမ်ိဳး မေတြးပဲ သူ႕အတြက္ အျပည့္အ၀ေပ်ာ္ေပးတတ္ၾကတယ္။ ဒါ့အျပင္ ႏွစ္ဦးသားအနာဂတ္အတြက္ဆုိရင္လည္း ေကာင္းမြန္တဲ့အရာေတြကိုသာ ေမ်ွာ္လင့္တတ္ၾကသလို ေရွ႕ေရးစီမံကိန္းေတြ ၾကိဳဆြဲထားေလ့ရွိၾကတယ္။

၇။ တစ္ဦးကိုတစ္ဦးႏွစ္ႏွစ္ကာကာ ခ်စ္ၾကတယ္။
သူတုိ႕ဟာ သူတုိ႕ကိုယ္သူတုိ႕ ခ်စ္ၾကသလို သူတုိ႕ရဲ႕ခ်စ္သူေတြကိုလည္း ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္ႏိုးၾကတယ္။ ဒီ့အတြက္ ရင္ဆုိင္ရတဲ့ အခက္အခဲ ျပသနာေတြဟာ ထင္သေလာက္ မၾကီးမားေတာ့သလို ႏွစ္ဦးသားလက္တြဲေျဖရွင္းနိုင္သြားၾက တယ္။ သူတုိ႕ဘ၀မွာ တတိယလူဆုိတာ မရွိလာေတာ့ေအာင္ကို အခ်စ္ေတြက ခုိင္ျမဲၾကတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အခြားလူတွေရဲ့ အချစ်ရေးတွေ ခိုင်မြဲနေကြချိန်မှာ တစ်ချို့အချစ်ရေးတွေ ဘာ့ကြောင့် မဆင်မပြေ ပြတ်စဲနေကြရတာလဲ ဆိုပြီး သင်တွေးကြည့်ဖူးပါလိမ့်မယ်။ တကယ်တော့ အချစ်ရေးတစ်ခုကို ခိုင်မြဲဖို့ဆိုတာ ကာယကံရှင်နှစ်ဦးမှာ အရည်အချင်းကောင်းတွေ ရှိဖို့လိုပါတယ်။ အရည်အချင်းဆိုတာကလည်း ဟိုးအရင်ကတည်းက ကိုယ်နဲ့ထပ်တူထပ်မျှရှိလာခဲ့တာမျိုး မဟုတ်ပဲ သူတို့အချိန်နဲ့အမျှ နားလည်သဘောပေါက်လာခဲ့တဲ့ စွမ်းရည်တစ်မျိုးကို ဆိုလိုတာပါ။ ပိုရှင်းသွားအောင် အောက်မှာဖော်ပြထားတဲ့ အချစ်ရေးခိုင်မြဲသူတွေ ပိုင်ဆိုင်ထားတဲ့ အရည်အချင်း၊ စွမ်းရည်တွေကို ဖတ်ကြည့်လိုက်ကြရအောင်။

၁။ သူတို့ဟာ လက်ရှိအချစ်ရေးကိုသာ အာရုံထားပြီး အတိတ်ကဖြစ်ပျက်ခဲ့တာတွေကို လျစ်လျူရှုတတ်ကြပါတယ်။
သူနဲ့ကိုယ် မတွေ့ခင်က သူထားခဲ့တဲ့ ရည်းစားတွေ၊ ကိုယ်ထားခဲ့တဲ့ ရည်းစားတွေအကြောင်း ပြန်ပြောပြီး အပြစ်ရှာနေမယ်ဆို အဲ့ဒီအချစ်ရေးက ဘယ်မြဲတော့မှာလဲ။ အချစ်ရေးမှာ အဆင်ပြေမြဲနေကြသူတွေဟာ အတိတ်က ဖြစ်ပျက်ခဲ့တာတွေကို အာရုံထဲမထည့်တောပဲ ခုလက်ရှိအချစ်ရေး ပိုမိုသာယာအဆင်ပြေဖို့ကိုသာ ကြိုးစားတတ်ကြသူတွေ ဖြစ်ပါတယ်။

၂။ အပေး၊ အယူ ဘယ်လိုညီမျှအောင် လုပ်ဆောင်ရမလဲဆိုတာ သူတို့နားလည်ကြတယ်။
သာယာခိုင်မြဲတဲ့အချစ်ရေးမှာ အပေး၊ အယူ ညီမျှဖို့ဆိုတာ အရေးကြီးတဲ့အချက်ပါ။ တစ်ဦးတည်းကပဲ ပေးဆပ်ပြီး၊ တခြားတစ်ဦးက အယူတွေချည်းပဲ ဖြစ်နေလို့ မရပါဘူး။ ကိုယ့်ချစ်သူဆီကချည်း ကိုယ်က မျှော်လင့်နေတတ်တဲ့ အချစ်ရေးဟာ ရေရှည်မတည်မြဲနိုင်ပါဘူး။ ဒီတော့ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေး သွားမှသာ အဆင်ပြေပါလိမ့်မယ်။

၃။ ကိုယ်ပိုင်သီးသန့်အချိန်လေးတွေလည်း လိုအပ်ကြောင်းလည်း သူတို့သိကြတယ်။
လူတစ်ယောက်ဟာ ချစ်သူရည်းစား ရှိလာပြီဆိုတာနဲ့ သူတို့ချစ်သူကို ပထမ ဦးစားပေးနေရာမှာ ထားတတ်ကြတယ်။ အချိန်ပေးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ရှင်သန်နေတဲ့ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းဆိုတာတွေကိုတော့ လျစ်လျူရှု ထားလို့မရပါဘူး။ ဒီတော့ ကိုယ့်မိဘတွေနဲ့အတူ ရှိဖို့အချိန်၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ သွားလာ စားသောက်ဖို့အချိန်ဆိုတာလည်း ရှိကိုရှိရပါလိမ့်မယ်။ ဒါကို တစ်ဦးနဲ့တစ်ဦး နားလည်ပေးရင် ကိုယ်မပါဝင်တဲ့ သူ့ရဲ့ သီးသန့်အချိန်လေးတွေ ဖန်တီးဖို့ ခွင့်ပြုပေးတတ်ကြပါတယ်။

၄။ ကိုယ့်ချစ်သူကို ဘယ်လိုရယ်မောအောင် လုပ်ရမလဲဆိုတာလည်း သိကြတယ်။
ကိုယ့်ချစ်သူ စိတ်အပန်းပြေစေဖို့ ဘယ်လိုဟာသမျိုးတွေ ပြောဆိုရမလဲဆိုတာ သူတို့သိကြပါတယ်။ နှစ်ဦးသား အတူရယ်မောရတဲ့ အချိန်တိုင်းဟာ သံယောဇဉ်ပိုမိုတိုးပွားစေတဲ့ အချိန်တွေပါပဲ။

၅။ မဖြစ်နိုင်တာကို သဘောပေါက်ပြီး တစ်ဦးကိုတစ်ဦး နားလည်မှုပေးတတ်ကြတယ်။
ကိုယ်ဖြစ်ချင်တာတွေ၊ အတ္တတွေ သူ့အပေါ်ပုံထားမိခဲ့ရင်တောင် ကိုယ့်ချစ်သူ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သဘောပေါက်အောင် ကြိုးစားပြီး တောင်းပန်စကား ဆိုတတ်ကြတယ်။ ကိုယ့်ချစ်သူ အခက်အခဲ အကျပ်အတည်း ကြုံနေရချိန် ဖိအားပေးတာတွေ မလုပ်တတ်သလို လုပ်ခဲ့မိရင်လည်း ဒီ့အတွက် ခွင့်လွှတ်ဖို့ ပြောဆိုတတ်ကြတယ်။

၆။ တစ်ဦးကောင်းကျိုးအတွက် တစ်ဦးက ပျော်ရွှင်ပေးတတ်ကြတယ်။
ချစ်ရသူ အကျိုးစီးပွား ဖြစ်ထွန်းတာ၊ အလုပ်မှာ ရာထူးတိုးတာ၊ လခတိုးတာ စတာတွေအတွက် မနာလိုတာမျိုး၊ ငါကျတော့ ဘာလို့အဲ့ဒီလိုမဖြစ်ရတာလဲဆိုတာမျိုး မတွေးပဲ သူ့အတွက် အပြည့်အဝပျော်ပေးတတ်ကြတယ်။ ဒါ့အပြင် နှစ်ဦးသားအနာဂတ်အတွက်ဆိုရင်လည်း ကောင်းမွန်တဲ့အရာတွေကိုသာ မျှော်လင့်တတ်ကြသလို ရှေ့ရေးစီမံကိန်းတွေ ကြိုဆွဲထားလေ့ရှိကြတယ်။

၇။ တစ်ဦးကိုတစ်ဦးနှစ်နှစ်ကာကာ ချစ်ကြတယ်။
သူတို့ဟာ သူတို့ကိုယ်သူတို့ ချစ်ကြသလို သူတို့ရဲ့ချစ်သူတွေကိုလည်း နှစ်နှစ်ကာကာ ချစ်မြတ်နိုးကြတယ်။ ဒီ့အတွက် ရင်ဆိုင်ရတဲ့ အခက်အခဲ ပြသနာတွေဟာ ထင်သလောက် မကြီးမားတော့သလို နှစ်ဦးသားလက်တွဲဖြေရှင်းနိုင်သွားကြ တယ်။ သူတို့ဘဝမှာ တတိယလူဆိုတာ မရှိလာတော့အောင်ကို အချစ်တွေက ခိုင်မြဲကြတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top