iMyanmarHouse.com - Best Property Website for Myanmar
×











Credit:. woman.navi




Unicode Version

မိန်းကလေးတွေအတွက် စိတ်ညစ်စရာတစ်ခုကတော့ မျက်တွင်းညိုတာပါပဲ။

မျက်တွင်းညိုတော့ ပင်ပန်းလို့ပဲလား။ အိပ်မပျော်တဲ့ညတွေပဲ များလို့လား။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။

၀၁. မျက်တွင်းကို နှိပ်ပေးပါ။

မျက်တွင်းကို နှိပ်ပေးခြင်းဖြင့် မျက်တွင်းအရေပြားမှာရှိတဲ့ သွေးကြောလေးတွေရဲ့ သွေးလက်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး မျက်တွင်းညိုတာကို သက်သာစေမှာပါ။ ညမအိပ်ခင်မှာ နှိပ်ပေးရင်လည်း ကောင်းပါတယ်။ ဒါပင်မဲ့ အားထည့်ပြီး နှိပ်တာကိုတော့ ရှောင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်တွင်း ပတ်ဝန်းကျင်က အရေးပြားက ပါးလွှာတာကြောင့်ပါ။

၀၂. မျက်နှာသုပ်ပဝါ ပူပူလေးနဲ့ အုပ်ပေးပါ။

ပေါင်းထားတဲ့ မျက်နှာသုပ်ပဝါ ပူပူလေးနဲ့ အုပ်ပေးရင်လည်း နှိပ်ပေးတာနဲ့တူတူပါပဲ။ အိပ်ခါနီးမှာ လုပ်ရင်တော့ ပိုပြီး အကျိုးသက်ရောက်မှုရှိမှာပါ။

၀၃. Cream လိမ်းဖို့သင့်ပါတယ်။

မျက်နှာ Cream ကိုလိမ်းဖို့လည်း လိုအပ်ပါတယ်။ အရမ်းပင်ပန်းနေချိန်မှာ နှိပ်ပေးတာထက် Cream ကို သေသေချာချာလိမ်းသင့်ပါတယ်။

ပင်ပန်းနေပြီဆိုရင်တော့ မျက်တွင်းညိုလာမှာ မိန်းကလေးတွေအတွက် ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်သင့်ပါတယ်။


Credit:. woman.navi




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top