iMyanmarHouse.com - Best Property Website for Myanmar
×

Gastritis ဟုေခၚေသာ အစာအိမ္ေရာင္ရမ္းမႈျဖစ္ရသည့္အ ေၾကာင္းရင္းမ်ားစြာရိွၿပီး ျပင္းထန္ေသာ အေျခအေနႏွင့္ ႀကံဳေတြ႕ရ ႏုိင္ကာ အစာအိမ္ျပည္တည္နာ၊ ေသြးထြက္ျခင္း(သို႔မဟုတ္) ကင္ ဆာေရာဂါကဲ့သုိ႔ အျခားေသာေရာဂါမ်ားျဖစ္ပြားလာႏုိင္သည့္ အႏၲ ရာယ္ျမင့္မားသည္။
ဗက္တီးရီးယားမ်ား၊ ဗိုင္းရပ္စ္ပုိးမ်ား ကူးစက္မႈေၾကာင့္ အစာ အိမ္ေရာင္ရမ္းႏုိင္သလုိ အကုိက္အခဲေပ်ာက္ေဆးကဲ့သုိ႔ ေဆး၀ါးမ်ားအသံုးျပဳမႈေၾကာင့္လည္း ယင္းအေျခအေနကုိ ႀကံဳေတြ႕ရႏုိင္သည္။

အသက္အရြယ္အုိမင္းလာျခင္း၊ စိတ္ဖိစီးမႈႀကံဳျခင္း၊ ကဖိန္း ဓာတ္စားသံုးမႈမ်ားျခင္း၊ ဓာတုပစၥည္းမ်ားစားမိျခင္း၊ ျပင္းထန္ေသာ ေအာ့အန္မႈျဖစ္ျခင္း၊ အရက္အလြန္အကြၽံေသာက္ျခင္း၊ ဗီတာမင္ဘီ-၁၂ ခ်ိဳ႕တဲ့ျခင္းႏွင့္ အိတ္ခ်္အိုင္ဗီကဲ့သုိ႔ အျခားေရာဂါမ်ားရိွျခင္း တို႔ေၾကာင့္လည္း အစာအိမ္ေရာင္ရမ္းမႈျဖစ္ႏုိင္သည္။

အစာအိမ္ေရာင္ရမ္းေနပါက ၀မ္းဗိုက္ပုိင္းနာက်င္ေလ့ရိွၿပီး ေလခ်ဥ္တက္ျခင္း၊ အစာစားၿပီးေနာက္ ၀မ္းဗုိက္အေပၚပုိင္းျပည့္ အင့္ေနျခင္း၊ ေရဖ်ဥ္းစြဲျခင္းႏွင့္ မူးေမာ္ျခင္းတုိ႔ ႀကံဳေတြ႕ႏုိင္သည္။

အန္ဖတ္မ်ား၌ အ၀ါေရာင္(သို႔မဟုတ္) အစိမ္းေရာင္မ်ားပါေန ေလ့ရိွၿပီး ေသြးလည္း ပါ၀င္ေလ့ရိွသည္။

ျပင္းထန္ေသာ အစာအိမ္ေရာင္ရမ္းမႈေၾကာင့္ အသားအေရာင္ ေဖ်ာ့ေတာ့ေနျခင္း၊ ေခြၽးျပန္ျခင္း၊ ႏွလံုးခုန္ျမန္ဆန္ျခင္း၊ အသက္႐ွဴ မရျဖစ္ျခင္း၊ ရင္ဘတ္နာက်င္ျခင္း၊ အစာအိမ္နာက်င္ျခင္း၊ ေသြးအန္ျခင္းႏွင့္ အနံ႔ဆုိးထြက္ျခင္း လကၡဏာရပ္မ်ား ႀကံဳေတြ႕ရေလ့ရိွသည္။

အခ်ိဳ႕ေသာ အေျခအေနမ်ားတြင္ အစာအိမ္ေရာင္ရမ္းမႈကုိ မကုသဘဲ ထားပါက လမ်ားစြာ ၾကာျမင့္ႏုိင္ၿပီး ႏွစ္မ်ားစြာအထိပင္ ေရာဂါျဖစ္ႏုိင္ေၾကာင္း သိရသည္။

ျပင္းထန္ေသာ အစာအိမ္ေရာင္ရမ္းမႈ ခံစားရပါက အစာအိမ္မွ ေသြးထြက္ေသာေၾကာင့္ ေသြးအားနည္းလာႏုိင္ၿပီး အစာအိမ္နံရံမ်ား တြင္ ျပည္တည္နာမ်ား ျဖစ္လာႏုိင္သည္။

အကယ္၍ ေသြးအန္ျခင္း၊ အ၀ါေရာင္၊ အစိမ္းေရာင္အန္ဖတ္ မ်ား အန္ျခင္း၊ အဖ်ားတက္ၿပီး ၀မ္းဗုိက္နာက်င္ျခင္းတို႔ ႀကံဳေတြ႕ရ ပါက လ်င္ျမန္စြာ ေဆး၀ါးကုသမႈခံယူရန္ လုိအပ္သည္။


Credit : 7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Gastritis ဟုခေါ်သော အစာအိမ်ရောင်ရမ်းမှုဖြစ်ရသည့်အ ကြောင်းရင်းများစွာရှိပြီး ပြင်းထန်သော အခြေအနေနှင့် ကြုံတွေ့ရ နိုင်ကာ အစာအိမ်ပြည်တည်နာ၊ သွေးထွက်ခြင်း(သို့မဟုတ်) ကင် ဆာရောဂါကဲ့သို့ အခြားသောရောဂါများဖြစ်ပွားလာနိုင်သည့် အန္တ ရာယ်မြင့်မားသည်။
ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများ ကူးစက်မှုကြောင့် အစာ အိမ်ရောင်ရမ်းနိုင်သလို အကိုက်အခဲပျောက်ဆေးကဲ့သို့ ဆေးဝါးများအသုံးပြုမှုကြောင့်လည်း ယင်းအခြေအနေကို ကြုံတွေ့ရနိုင်သည်။

အသက်အရွယ်အိုမင်းလာခြင်း၊ စိတ်ဖိစီးမှုကြုံခြင်း၊ ကဖိန်း ဓာတ်စားသုံးမှုများခြင်း၊ ဓာတုပစ္စည်းများစားမိခြင်း၊ ပြင်းထန်သော အော့အန်မှုဖြစ်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ဗီတာမင်ဘီ-၁၂ ချို့တဲ့ခြင်းနှင့် အိတ်ချ်အိုင်ဗီကဲ့သို့ အခြားရောဂါများရှိခြင်း တို့ကြောင့်လည်း အစာအိမ်ရောင်ရမ်းမှုဖြစ်နိုင်သည်။

အစာအိမ်ရောင်ရမ်းနေပါက ဝမ်းဗိုက်ပိုင်းနာကျင်လေ့ရှိပြီး လေချဉ်တက်ခြင်း၊ အစာစားပြီးနောက် ဝမ်းဗိုက်အပေါ်ပိုင်းပြည့် အင့်နေခြင်း၊ ရေဖျဉ်းစွဲခြင်းနှင့် မူးမော်ခြင်းတို့ ကြုံတွေ့နိုင်သည်။

အန်ဖတ်များ၌ အဝါရောင်(သို့မဟုတ်) အစိမ်းရောင်များပါနေ လေ့ရှိပြီး သွေးလည်း ပါဝင်လေ့ရှိသည်။

ပြင်းထန်သော အစာအိမ်ရောင်ရမ်းမှုကြောင့် အသားအရောင် ဖျော့တော့နေခြင်း၊ ချွေးပြန်ခြင်း၊ နှလုံးခုန်မြန်ဆန်ခြင်း၊ အသက်ရှူ မရဖြစ်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ အစာအိမ်နာကျင်ခြင်း၊ သွေးအန်ခြင်းနှင့် အနံ့ဆိုးထွက်ခြင်း လက္ခဏာရပ်များ ကြုံတွေ့ရလေ့ရှိသည်။

အချို့သော အခြေအနေများတွင် အစာအိမ်ရောင်ရမ်းမှုကို မကုသဘဲ ထားပါက လများစွာ ကြာမြင့်နိုင်ပြီး နှစ်များစွာအထိပင် ရောဂါဖြစ်နိုင်ကြောင်း သိရသည်။

ပြင်းထန်သော အစာအိမ်ရောင်ရမ်းမှု ခံစားရပါက အစာအိမ်မှ သွေးထွက်သောကြောင့် သွေးအားနည်းလာနိုင်ပြီး အစာအိမ်နံရံများ တွင် ပြည်တည်နာများ ဖြစ်လာနိုင်သည်။

အကယ်၍ သွေးအန်ခြင်း၊ အဝါရောင်၊ အစိမ်းရောင်အန်ဖတ် များ အန်ခြင်း၊ အဖျားတက်ပြီး ဝမ်းဗိုက်နာကျင်ခြင်းတို့ ကြုံတွေ့ရ ပါက လျင်မြန်စွာ ဆေးဝါးကုသမှုခံယူရန် လိုအပ်သည်။


Credit : 7Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top