iMyanmarHouse.com - Best Property Website for Myanmar
×

ကုမၸဏီတစ္ခု တိုးတက္လာျခင္းဆိုတာ အဲ့ဒီကုမၸဏီရဲ႕ မန္ေနဂ်ာတစ္ေယာက္ လုပ္ေဆာင္မႈေတြနဲ႔ အမ်ားႀကီး သက္ဆုိင္ေနပါတယ္။ မန္ေနဂ်ာဟာ ဘယ္ေလာက္ထိ အကြက္ျမင္သလဲ၊ ကိုယ့္အဖြဲ႕ကိုကိုယ္ ဘယ္လိုထိန္းခ်ဳပ္ထားႏိုင္သလဲ၊ သူတုိ႔ေတြရဲ႕ စြမ္းရည္ျမင့္မားလာေအာင္ တစ္ဖက္တစ္လမ္းက ဘယ္လိုစြမ္းေဆာင္ေပးႏိုင္သလဲ စတဲ့အခ်က္ေတြ ပါ၀င္ေနပါတယ္။

၁။ကိစၥတစ္ခုခုဆုိ ႀကီးႀကီးမားမား မေတြးေခၚတတ္ျခင္း

ေခါင္းေဆာင္ေကာင္းတစ္ေယာက္ဆုိတာ သူ႕ေအာင္ျမင္မႈတစ္ခုတည္းအတြက္ ဘယ္ေတာ့မွ မစဥ္းစားပါဘူး။ သူနဲ႔အတူတူ လုပ္ေဆာင္ေနတဲ့ အဖြဲ႕၀င္ေတြအတြက္ေရာ၊ ကိုယ္အလုပ္လုပ္ေပးေနတဲ့ ကုမၸဏီအတြက္ပါ အၿမဲတမ္း ထည့္စဥ္းစားတတ္တဲ့သူပါ။ ဒါ့ေၾကာင့္ ကုမၸဏီအတြက္ ေတြးေခၚၿပီ၊ ဆံုးျဖတ္ခ်က္ခ်ေတာ့မယ္ဆုိရင္လည္း အက်ိဳးအျမတ္နည္းနည္းရဖုိ႔ထက္ တစ္ခ်က္တည္း အခ်ီႀကီးရႏို္င္မယ့္နည္းကို တန္းစဥ္းစားတတ္ပါတယ္။

၂။အဖြဲ႕၀င္ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို သံုးသပ္ရာမွာ ေႏွးေကြးျခင္း

ကိုယ့္အဖြဲ႕ထဲမွာ ဘယ္သူကေတာ့ ဘယ္ေနရာမွာ အားသာတယ္၊ ဘယ္သူကေတာ့ အားနည္းတယ္စသျဖင့္ အဖြဲ႕၀င္ေတြရဲ႕ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး မန္ေနဂ်ာသစ္ေတြက မသံုးသပ္တတ္ပါဘူး။ ဒါကို ဘယ္လိုအဆင္ေျပေအာင္ လုပ္ေဆာင္ေပးႏိုင္မလဲဆိုတာမ်ိဳးကိုလည္း သူတုိ႔ သိပ္မစဥ္းစားတတ္ပါဘူး။

၃။အေရးႀကီးတဲ့ အခ်က္အလက္ေတြကို အီးေမးလ္ပို႔ရာမွာ အားနည္းျခင္း

မန္ေနဂ်ာအသစ္ျဖစ္တာေၾကာင့္ လုပ္ငန္းအတြက္ ရွိသင့္တဲ့ စာရြက္စာတမ္းေတြ မရွိေသးတာေၾကာင့္တစ္ေၾကာင္း၊ အခ်ိန္တုိင္းပို႔ရမယ္ဆိုတာကို မသိျခင္းေတြေၾကာင့္ ဒီအခ်က္နဲ႔ပတ္သက္ၿပီးေတာ့လည္း အားနည္းတတ္ၾကပါတယ္။

၄။အလုပ္ႀကိဳးစားတဲ့ ၀န္ထမ္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကို သတိမျပဳမိျခင္း

မန္ေနဂ်ာအသစ္ေတြဟာ အဖြဲ႕ထဲက အလုပ္ႀကိဳးစားၿပီး၊ လုပ္ေဆာင္ခ်က္ေကာင္းတဲ့ ၀န္ထမ္းေတြကို ခ်က္ခ်င္းသတိမျပဳမိတတ္ၾကပါဘူး။

၅။အဖြဲ႕ရဲ႕ႀကိဳးစားမႈကို ကိုယ့္ႀကိဳးစားမႈ လုပ္လိုက္ျခင္း

အားလံုး၀ိုင္းႀကိဳးစားလုိက္လို႔ ရလာဒ္ေကာင္းတစ္ခု ရွိလာတဲ့အခါ ဒါဟာ သူ႕ေၾကာင့္ဒီလို ေအာင္ျမင္မႈ၊ ရလာဒ္ေကာင္းရတာလို႔ ဂုဏ္ယူတတ္ၾကပါတယ္။ မန္ေနဂ်ာေကာင္းဆုိရင္ေတာ့ ဒါဟာ အားလံုးရဲ႕ ႀကိဳးစားမႈေၾကာင့္ ရလာတဲ့ ေအာင္ျမင္မႈလုိ႔သာ ေျပာေလ့ရွိၾကပါတယ္။

၆။အျပစ္ေတြကို လႊဲခ်တတ္ျခင္း

အမွားတစ္ခုခုလုပ္တဲ့အခါ၊ အျပစ္ျမင္စရာေတြ ျဖစ္လာတဲ့အခါ ဒါကို တစ္ျခားလူေတြရဲ႕ အျပစ္လို႔ လႊဲခ်တတ္ၾကပါတယ္။ ေခါင္းေဆာင္ေကာင္းဆိုတာ အျပစ္တစ္ခု ရလာရင္ သူ႕ေၾကာင့္လို႔ တာ၀န္ယူေလ့ရွိၿပီး ေအာင္ျမင္မႈကိုေတာ့ အားလံုးေၾကာင့္လို႔ ေ၀မွ်ေပးလိုက္ေလ့ရွိပါတယ္။

၇။၀န္ထမ္းအသစ္ခန္႔အပ္ျခင္းမွာလည္း လြဲေခ်ာ္မႈေတြ ရွိျခင္း

လုပ္သက္ႏုေသးတဲ့ မန္ေနဂ်ာအသစ္ေတြဟာ ၀န္ထမ္းသစ္အတြက္ အင္တာဗ်ဴးတဲ့အခါ ၀န္ထမ္းသစ္ဟာ ဘယ္လိုအရည္အခ်င္းေတြ အဓိက လုိအပ္တယ္၊ ဘယ္လိုအခ်က္ေတြ အဓိကထား အင္တာဗ်ဴးးသင့္တယ္ဆုိတာကို မေတြးမိတတ္ၾကပါဘူး။ လူလုိေနလုိ႔ ခန္႔လိုက္တဲ့ သေဘာမ်ိဳးသာ ျဖစ္ၿပီး သက္တမ္းရင့္တဲ့ မန္ေနဂ်ာေတြကေတာ့ သူတုိ႕တကယ္လိုအပ္တဲ့ အရည္အခ်င္းရွိတဲ့ ၀န္ထမ္းေတြကိုသာ မွန္မွန္ကန္ကန္ ခန္႔တတ္ၾကပါတယ္။

Credit  : Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကုမ္ပဏီတစ်ခု တိုးတက်လာခြင်းဆိုတာ အဲ့ဒီကုမ္ပဏီရဲ့ မန်နေဂျာတစ်ယောက် လုပ်ဆောင်မှုတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ မန်နေဂျာဟာ ဘယ်လောက်ထိ အကွက်မြင်သလဲ၊ ကိုယ့်အဖွဲ့ကိုကိုယ် ဘယ်လိုထိန်းချုပ်ထားနိုင်သလဲ၊ သူတို့တွေရဲ့ စွမ်းရည်မြင့်မားလာအောင် တစ်ဖက်တစ်လမ်းက ဘယ်လိုစွမ်းဆောင်ပေးနိုင်သလဲ စတဲ့အချက်တွေ ပါဝင်နေပါတယ်။

၁။ကိစ္စတစ်ခုခုဆို ကြီးကြီးမားမား မတွေးခေါ်တတ်ခြင်း

ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ သူ့အောင်မြင်မှုတစ်ခုတည်းအတွက် ဘယ်တော့မှ မစဉ်းစားပါဘူး။ သူနဲ့အတူတူ လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေအတွက်ရော၊ ကိုယ်အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီအတွက်ပါ အမြဲတမ်း ထည့်စဉ်းစားတတ်တဲ့သူပါ။ ဒါ့ကြောင့် ကုမ္ပဏီအတွက် တွေးခေါ်ပြီ၊ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်လည်း အကျိုးအမြတ်နည်းနည်းရဖို့ထက် တစ်ချက်တည်း အချီကြီးရနိုင်မယ့်နည်းကို တန်းစဉ်းစားတတ်ပါတယ်။

၂။အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ရာမှာ နှေးကွေးခြင်း

ကိုယ့်အဖွဲ့ထဲမှာ ဘယ်သူကတော့ ဘယ်နေရာမှာ အားသာတယ်၊ ဘယ်သူကတော့ အားနည်းတယ်စသဖြင့် အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မန်နေဂျာသစ်တွေက မသုံးသပ်တတ်ပါဘူး။ ဒါကို ဘယ်လိုအဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်မလဲဆိုတာမျိုးကိုလည်း သူတို့ သိပ်မစဉ်းစားတတ်ပါဘူး။

၃။အရေးကြီးတဲ့ အချက်အလက်တွေကို အီးမေးလ်ပို့ရာမှာ အားနည်းခြင်း

မန်နေဂျာအသစ်ဖြစ်တာကြောင့် လုပ်ငန်းအတွက် ရှိသင့်တဲ့ စာရွက်စာတမ်းတွေ မရှိသေးတာကြောင့်တစ်ကြောင်း၊ အချိန်တိုင်းပို့ရမယ်ဆိုတာကို မသိခြင်းတွေကြောင့် ဒီအချက်နဲ့ပတ်သက်ပြီးတော့လည်း အားနည်းတတ်ကြပါတယ်။

၄။အလုပ်ကြိုးစားတဲ့ ဝန်ထမ်းရဲ့ လုပ်ဆောင်ချက်တွေကို သတိမပြုမိခြင်း

မန်နေဂျာအသစ်တွေဟာ အဖွဲ့ထဲက အလုပ်ကြိုးစားပြီး၊ လုပ်ဆောင်ချက်ကောင်းတဲ့ ဝန်ထမ်းတွေကို ချက်ချင်းသတိမပြုမိတတ်ကြပါဘူး။

၅။အဖွဲ့ရဲ့ကြိုးစားမှုကို ကိုယ့်ကြိုးစားမှု လုပ်လိုက်ခြင်း

အားလုံးဝိုင်းကြိုးစားလိုက်လို့ ရလာဒ်ကောင်းတစ်ခု ရှိလာတဲ့အခါ ဒါဟာ သူ့ကြောင့်ဒီလို အောင်မြင်မှု၊ ရလာဒ်ကောင်းရတာလို့ ဂုဏ်ယူတတ်ကြပါတယ်။ မန်နေဂျာကောင်းဆိုရင်တော့ ဒါဟာ အားလုံးရဲ့ ကြိုးစားမှုကြောင့် ရလာတဲ့ အောင်မြင်မှုလို့သာ ပြောလေ့ရှိကြပါတယ်။

၆။အပြစ်တွေကို လွှဲချတတ်ခြင်း

အမှားတစ်ခုခုလုပ်တဲ့အခါ၊ အပြစ်မြင်စရာတွေ ဖြစ်လာတဲ့အခါ ဒါကို တစ်ခြားလူတွေရဲ့ အပြစ်လို့ လွှဲချတတ်ကြပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ အပြစ်တစ်ခု ရလာရင် သူ့ကြောင့်လို့ တာဝန်ယူလေ့ရှိပြီး အောင်မြင်မှုကိုတော့ အားလုံးကြောင့်လို့ ဝေမျှပေးလိုက်လေ့ရှိပါတယ်။

၇။ဝန်ထမ်းအသစ်ခန့်အပ်ခြင်းမှာလည်း လွဲချော်မှုတွေ ရှိခြင်း

လုပ်သက်နုသေးတဲ့ မန်နေဂျာအသစ်တွေဟာ ဝန်ထမ်းသစ်အတွက် အင်တာဗျူးတဲ့အခါ ဝန်ထမ်းသစ်ဟာ ဘယ်လိုအရည်အချင်းတွေ အဓိက လိုအပ်တယ်၊ ဘယ်လိုအချက်တွေ အဓိကထား အင်တာဗျူးးသင့်တယ်ဆိုတာကို မတွေးမိတတ်ကြပါဘူး။ လူလိုနေလို့ ခန့်လိုက်တဲ့ သဘောမျိုးသာ ဖြစ်ပြီး သက်တမ်းရင့်တဲ့ မန်နေဂျာတွေကတော့ သူတို့တကယ်လိုအပ်တဲ့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကိုသာ မှန်မှန်ကန်ကန် ခန့်တတ်ကြပါတယ်။

Credit  : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top