iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္း လုပ္ျဖစ္တဲ့အရာပါ။ အထူးသျဖင့္ မနက္စာမစားေတာ့ဘဲ ေန႔လယ္စာနဲ႔ ေပါင္းစားျဖစ္တာ မ်ားမယ္ထင္ပါတယ္။

ကိုယ္လည္း ဗုိက္သိပ္မဆာတဲ့အတြက္ ဘာမွမျဖစ္ေလာက္ဘူးလို႔ လြယ္လြယ္ေတြးတတ္ေပမဲ့ သင့္ခႏၶာကိုယ္အေပၚ သက္ေရာက္မႈေတြကေတာ့ မေကာင္းပါဘူး။

၁။ စိတ္ခံစားခ်က္
သင့္ကိုယ္သင္ အစာနဲ႔ အားမျဖည့္ဘူးဆုိရင္ ေသြးထဲမွာ သၾကားပါဝင္မႈအဆင့္က ထုိးက်သြားပါလိမ့္မယ္။ မနက္စာ ဒါမွမဟုတ္ ေန႔လယ္စာ ဒါမွမဟုတ္ ညစာ တုိ႔ထဲက တစ္ခုခုကို အျမဲတမ္းမစားျဖစ္ေတာ့ဘူးဆုိရင္ စိတ္ဖိစီးမႈပါ ျဖစ္လာပါတယ္။ စိတ္ဖိစီးမႈျဖစ္လာတာနဲ႔ ေဒါသထြက္လြယ္မယ္၊ စိတ္ဂနာမၿငိမ္ျဖစ္မယ္။ ဒါ့အျပင္ စိတ္က်ေရာဂါေတာင္ ျဖစ္လာႏုိင္ပါတယ္။

၂။ အာ႐ံုစိုက္ႏိုင္မႈ
သၾကားဓာတ္ေလ်ာ့နည္းလာျခင္းဟာ သင့္ရဲ႕စိတ္အေျခအေနကို ထိခိုက္႐ံုသာမကဘူး သင့္ရဲ႕အာ႐ံုစူးစိုက္ႏိုင္မႈကိုပါ ထိခိုက္ႏုိင္ပါတယ္။ အရမ္းအလုပ္႐ႈပ္ေနလို႔ အစာမစားဘဲေနလုိက္ရင္ အလုပ္လုပ္ဖုို႔ အခ်ိန္ပိုရမယ္လို႔ သင္ ထင္ေနတယ္ဆုိရင္ ေသခ်ာျပန္စဥ္းစားပါ။ အစာ တစ္နပ္ေက်ာ္လုိက္ျခင္းဟာ သင့္ရဲ႕အလုပ္လုပ္ႏုိင္စြမ္းရည္ကို ဖ်က္ဆီးပစ္တာပဲ ရွိပါလိမ့္မယ္။

၃။ အစာစားတဲ့ပမာဏ
ဗုိက္ပိုဆာေလ သင့္ရဲ႕ဦးေႏွာက္က အစာေတြ ပိုျဖည့္ေပးဖုိ႔ ေျပာေလပါပဲ။ ဒါေၾကာင့္ အစာ တစ္နပ္ေက်ာ္ၿပီး ေနာက္တစ္ႀကိမ္စားတဲ့အခါ အစာစားတဲ့ပမာဏက ပိုမ်ားၿပီး ကယ္လိုရီေတြ ပိုစားသံုးမိပါတယ္။

၄။ ကိုယ္အေလးခ်ိန္
အစာပိုစားမိလို႔ ကိုယ္အေလးခ်ိန္ တုိးလာႏုိင္ေျခရွိ ႐ံုသာမက အစာစားေသာက္တဲ့ အခ်ိန္ မမွန္မႈေၾကာင့္ သင့္ရဲ႕အစာေျခဖ်က္ႏိုင္မႈစနစ္က ႐ႈပ္ေထြးသြားၿပီး စားသမွ်ကို အဆီအျဖစ္ စုစည္းလိုက္လုိ႔ပါ။

၅။ သင့္ရဲ႕အသြင္အျပင္
အစာ နပ္မွန္ေအာင္ မစားတဲ့အတြက္ အသားအေရ ေျခာက္ျခင္း၊ ဆံသားေျခာက္ေသြ႕ျခင္းတုိ႔အျပင္ ခံတြင္းက်န္းမာေရးကိုေတာင္ ထိခုိက္ႏုိင္ပါတယ္။

၆။ အစာအိမ္နဲ႔ ပတ္သက္တဲ့ ေ၀ဒနာေတြ
အစာ ပံုမွန္စားျခင္းအားျဖင့္ သင့္ရဲ႕ခႏၶာကိုယ္ဟာ ပံုမွန္လည္ပတ္ႏုိင္မွာပါ။ အဲဒီလုိ မဟုတ္ဘဲ သင့္ရဲ႕စားေသာက္ပံု ပံုမမွန္တာနဲ႔ သင့္ရဲ႕ခႏၶာကိုယ္တြင္းစနစ္ေတြကလည္း ပံုမမွန္ေတာ့ပါဘူး။ ဝမ္းခ်ဳပ္တာေတြ၊ ဗုိက္ေအာင့္တာေတြလည္း ျဖစ္လာႏုိင္ပါတယ္။

Credit: duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတိုင်း လုပ်ဖြစ်တဲ့အရာပါ။ အထူးသဖြင့် မနက်စာမစားတော့ဘဲ နေ့လယ်စာနဲ့ ပေါင်းစားဖြစ်တာ များမယ်ထင်ပါတယ်။

ကိုယ်လည်း ဗိုက်သိပ်မဆာတဲ့အတွက် ဘာမှမဖြစ်လောက်ဘူးလို့ လွယ်လွယ်တွေးတတ်ပေမဲ့ သင့်ခန္ဓာကိုယ်အပေါ် သက်ရောက်မှုတွေကတော့ မကောင်းပါဘူး။

၁။ စိတ်ခံစားချက်
သင့်ကိုယ်သင် အစာနဲ့ အားမဖြည့်ဘူးဆိုရင် သွေးထဲမှာ သကြားပါဝင်မှုအဆင့်က ထိုးကျသွားပါလိမ့်မယ်။ မနက်စာ ဒါမှမဟုတ် နေ့လယ်စာ ဒါမှမဟုတ် ညစာ တို့ထဲက တစ်ခုခုကို အမြဲတမ်းမစားဖြစ်တော့ဘူးဆိုရင် စိတ်ဖိစီးမှုပါ ဖြစ်လာပါတယ်။ စိတ်ဖိစီးမှုဖြစ်လာတာနဲ့ ဒေါသထွက်လွယ်မယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်။ ဒါ့အပြင် စိတ်ကျရောဂါတောင် ဖြစ်လာနိုင်ပါတယ်။

၂။ အာရုံစိုက်နိုင်မှု
သကြားဓာတ်လျော့နည်းလာခြင်းဟာ သင့်ရဲ့စိတ်အခြေအနေကို ထိခိုက်ရုံသာမကဘူး သင့်ရဲ့အာရုံစူးစိုက်နိုင်မှုကိုပါ ထိခိုက်နိုင်ပါတယ်။ အရမ်းအလုပ်ရှုပ်နေလို့ အစာမစားဘဲနေလိုက်ရင် အလုပ်လုပ်ဖို့ အချိန်ပိုရမယ်လို့ သင် ထင်နေတယ်ဆိုရင် သေချာပြန်စဉ်းစားပါ။ အစာ တစ်နပ်ကျော်လိုက်ခြင်းဟာ သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းရည်ကို ဖျက်ဆီးပစ်တာပဲ ရှိပါလိမ့်မယ်။

၃။ အစာစားတဲ့ပမာဏ
ဗိုက်ပိုဆာလေ သင့်ရဲ့ဦးနှောက်က အစာတွေ ပိုဖြည့်ပေးဖို့ ပြောလေပါပဲ။ ဒါကြောင့် အစာ တစ်နပ်ကျော်ပြီး နောက်တစ်ကြိမ်စားတဲ့အခါ အစာစားတဲ့ပမာဏက ပိုများပြီး ကယ်လိုရီတွေ ပိုစားသုံးမိပါတယ်။

၄။ ကိုယ်အလေးချိန်
အစာပိုစားမိလို့ ကိုယ်အလေးချိန် တိုးလာနိုင်ခြေရှိ ရုံသာမက အစာစားသောက်တဲ့ အချိန် မမှန်မှုကြောင့် သင့်ရဲ့အစာခြေဖျက်နိုင်မှုစနစ်က ရှုပ်ထွေးသွားပြီး စားသမျှကို အဆီအဖြစ် စုစည်းလိုက်လို့ပါ။

၅။ သင့်ရဲ့အသွင်အပြင်
အစာ နပ်မှန်အောင် မစားတဲ့အတွက် အသားအရေ ခြောက်ခြင်း၊ ဆံသားခြောက်သွေ့ခြင်းတို့အပြင် ခံတွင်းကျန်းမာရေးကိုတောင် ထိခိုက်နိုင်ပါတယ်။

၆။ အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ
အစာ ပုံမှန်စားခြင်းအားဖြင့် သင့်ရဲ့ခန္ဓာကိုယ်ဟာ ပုံမှန်လည်ပတ်နိုင်မှာပါ။ အဲဒီလို မဟုတ်ဘဲ သင့်ရဲ့စားသောက်ပုံ ပုံမမှန်တာနဲ့ သင့်ရဲ့ခန္ဓာကိုယ်တွင်းစနစ်တွေကလည်း ပုံမမှန်တော့ပါဘူး။ ဝမ်းချုပ်တာတွေ၊ ဗိုက်အောင့်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

Credit: duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top