iMyanmarHouse.com - Best Property Website for Myanmar
×

၅၂၈ အမည္ျဖင့္ ျပဳလုပ္ ခဲ့ေသာ အဆုိေတာ္ခ်စ္ေကာင္းႏွင့္ အိမ့္ခ်စ္တုိ႔၏ ဂီတမ်ိဳးဆက္သား အဖႏွစ္ဦး ေဖ်ာ္ေျဖပြဲတြင္ ပရိသတ္မ်ားအား သီခ်င္းပုဒ္ေရမ်ားစြာျဖင့္ ေဖ်ာ္ေျဖေပးခဲ့ၿပီး ၎တုိ႔မိသားစု အေပၚ ပရိသတ္မ်ားက က႐ုဏာ သက္ေစခဲ့သည့္ ေဖ်ာ္ေျဖပြဲလည္း ျဖစ္ခဲ့သည္။

၅၂၈ ဟု အမည္ေပးထား ေသာ ယင္းေဖ်ာ္ေျဖပြဲကို ေအာက္ တိုဘာ ၁ ရက္ညက အမ်ိဳးသား ကဇာတ္႐ံု၌ ျပဳလုပ္ခဲ့ၿပီး ခ်စ္ ေကာင္းႏွင့္ အိမ့္ခ်စ္တို႔ႏွစ္ဦးက သီခ်င္းအပုဒ္ ၃၀ ခန္႔ျဖင့္ ပရိသတ္မ်ားအား ေဖ်ာ္ေျဖေပးခဲ့သည္။

၎တုိ႔ႏွစ္ဦး အတူေဖ်ာ္ေျဖ သည့္အစီအစဥ္တြင္ တစ္ဦး၏သီခ်င္းကို တစ္ဦးက ျပန္လည္ သီဆုိေဖ်ာ္ေျဖမႈအစီအစဥ္လည္း ပါဝင္ခဲ့သည္။

ပရိသတ္အႀကိဳက္ ေတး သီခ်င္းမ်ားသာ ေဖ်ာ္ေျဖခဲ့ေသာ ေၾကာင့္ သီခ်င္းတုိင္းကုိ ပရိသတ္ မ်ားက လိုက္ပါသီဆုိအားေပးခဲ့ ၾကသလို ခ်စ္ေကာင္းႏွင့္ အိမ့္ခ်စ္ တို႔ကလည္း အင္တုိက္အားတိုက္ ေဖ်ာ္ေျဖခဲ့ၾကသည္။

အဆုိပါ ေဖ်ာ္ေျဖပြဲကို တိုက္ ႐ိုက္ထုတ္လႊင့္ခဲ့ေသာ္လည္း ပြဲ က်င္းပသည့္ အမ်ိဳးသားကဇာတ္ ႐ံု   အျပည့္နီးပါး   ပရိသတ္မ်ား လာေရာက္အားေပးခဲ့ၾကၿပီး သီခ်င္းတုိင္းတြင္ အဆုိေတာ္ႏွစ္ဦး စလံုးအား ပန္းစည္းမ်ား၊ အ႐ုပ္မ်ားေပးခဲ့ၾကသည္။

ေနာက္ဆံုး ေဖ်ာ္ေျဖတင္ ဆက္မႈအစီအစဥ္တြင္ စင္ေအာက္ အထိဆင္း၍ ေဖ်ာ္ေျဖခဲ့ၾကၿပီး အိမ့္ခ်စ္က ဖခင္ႏွင့္ မိခင္ကို ကန္ ေတာ့သည့္အခ်ိန္တြင္မူ ပရိသတ္ မ်ားက ၎တို႔၏ မိသားစုအေပၚ က႐ုဏာသက္ခဲ့ၾကသည္။

ယခုေဖ်ာ္ေျဖပြဲကို သမီး၏ ဆႏၵအရ သီဆိုေဖ်ာ္ေျဖခဲ့ျခင္းျဖစ္ ၿပီး ၎ကဲ့သို႔ပင္ သမီးျဖစ္သူကုိ အားေပးေသာေၾကာင့္ ပရိသတ္ မ်ားကို ေက်းဇူးတင္ေၾကာင္း ခ်စ္ေကာင္းက ေျပာၾကားခဲ့သည္။

ယင္းေဖ်ာ္ေျဖပြဲတြင္ သီခ်င္း စုစုေပါင္း အပုဒ္ ၃၀ ခန္႔ သီဆိုခဲ့ၿပီးႏႈတ္ဆက္သီခ်င္းသီဆုိၿပီးခ်ိန္တြင္ပရိသတ္မ်ားက ထပ္မံေတာင္းဆုိ ခဲ့ေသာေၾကာင့္ ‘ေရစီးေၾကာင္း သံေယာဇဥ္’သီခ်င္းကို ထပ္မံ သီဆုိေဖ်ာ္ေျဖခဲ့သည္။

ေဖ်ာ္ေျဖပြဲတြင္ ခ်စ္ေကာင္းက ၎၏ နာမည္ႀကီးေတးသီခ်င္းမ်ားျဖစ္သည့္ မာယာ ၁ ႏွင့္ မာယာ ၂ ၊ ရင္ခုန္မွ အရမ္းခ်စ္သတဲ့လား၊ ေကာ္ဖီခါးခါး စသည့္ သီခ်င္းမ်ားအပါအဝင္ တစ္ကိုယ္ေတာ္ေဖ်ာ္ ေျဖမႈအေနျဖင့္ ရွစ္ပုဒ္ေဖ်ာ္ေျဖ ေပးခဲ့သလို အိမ့္ခ်စ္ကလည္း ၎ေနာက္ဆံုးထြက္ရွိထားသည့္ ေအာင္ျမင္မႈေနာက္ကြယ္သီခ်င္း အပါအဝင္ စုစုေပါင္းသီခ်င္း ရွစ္ ပုဒ္ သီဆိုေပးခဲ့သည္။

Credit :7 day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၅၂၈ အမည်ဖြင့် ပြုလုပ် ခဲ့သော အဆိုတော်ချစ်ကောင်းနှင့် အိမ့်ချစ်တို့၏ ဂီတမျိုးဆက်သား အဖနှစ်ဦး ဖျော်ဖြေပွဲတွင် ပရိသတ်များအား သီချင်းပုဒ်ရေများစွာဖြင့် ဖျော်ဖြေပေးခဲ့ပြီး ၎င်းတို့မိသားစု အပေါ် ပရိသတ်များက ကရုဏာ သက်စေခဲ့သည့် ဖျော်ဖြေပွဲလည်း ဖြစ်ခဲ့သည်။

၅၂၈ ဟု အမည်ပေးထား သော ယင်းဖျော်ဖြေပွဲကို အောက် တိုဘာ ၁ ရက်ညက အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်ခဲ့ပြီး ချစ် ကောင်းနှင့် အိမ့်ချစ်တို့နှစ်ဦးက သီချင်းအပုဒ် ၃၀ ခန့်ဖြင့် ပရိသတ်များအား ဖျော်ဖြေပေးခဲ့သည်။

၎င်းတို့နှစ်ဦး အတူဖျော်ဖြေ သည့်အစီအစဉ်တွင် တစ်ဦး၏သီချင်းကို တစ်ဦးက ပြန်လည် သီဆိုဖျော်ဖြေမှုအစီအစဉ်လည်း ပါဝင်ခဲ့သည်။

ပရိသတ်အကြိုက် တေး သီချင်းများသာ ဖျော်ဖြေခဲ့သော ကြောင့် သီချင်းတိုင်းကို ပရိသတ် များက လိုက်ပါသီဆိုအားပေးခဲ့ ကြသလို ချစ်ကောင်းနှင့် အိမ့်ချစ် တို့ကလည်း အင်တိုက်အားတိုက် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ ဖျော်ဖြေပွဲကို တိုက် ရိုက်ထုတ်လွှင့်ခဲ့သော်လည်း ပွဲ ကျင်းပသည့် အမျိုးသားကဇာတ် ရုံ   အပြည့်နီးပါး   ပရိသတ်များ လာရောက်အားပေးခဲ့ကြပြီး သီချင်းတိုင်းတွင် အဆိုတော်နှစ်ဦး စလုံးအား ပန်းစည်းများ၊ အရုပ်များပေးခဲ့ကြသည်။

နောက်ဆုံး ဖျော်ဖြေတင် ဆက်မှုအစီအစဉ်တွင် စင်အောက် အထိဆင်း၍ ဖျော်ဖြေခဲ့ကြပြီး အိမ့်ချစ်က ဖခင်နှင့် မိခင်ကို ကန် တော့သည့်အချိန်တွင်မူ ပရိသတ် များက ၎င်းတို့၏ မိသားစုအပေါ် ကရုဏာသက်ခဲ့ကြသည်။

ယခုဖျော်ဖြေပွဲကို သမီး၏ ဆန္ဒအရ သီဆိုဖျော်ဖြေခဲ့ခြင်းဖြစ် ပြီး ၎င်းကဲ့သို့ပင် သမီးဖြစ်သူကို အားပေးသောကြောင့် ပရိသတ် များကို ကျေးဇူးတင်ကြောင်း ချစ်ကောင်းက ပြောကြားခဲ့သည်။

ယင်းဖျော်ဖြေပွဲတွင် သီချင်း စုစုပေါင်း အပုဒ် ၃၀ ခန့် သီဆိုခဲ့ပြီးနှုတ်ဆက်သီချင်းသီဆိုပြီးချိန်တွင်ပရိသတ်များက ထပ်မံတောင်းဆို ခဲ့သောကြောင့် ‘ရေစီးကြောင်း သံယောဇဉ်’သီချင်းကို ထပ်မံ သီဆိုဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲတွင် ချစ်ကောင်းက ၎င်း၏ နာမည်ကြီးတေးသီချင်းများဖြစ်သည့် မာယာ ၁ နှင့် မာယာ ၂ ၊ ရင်ခုန်မှ အရမ်းချစ်သတဲ့လား၊ ကော်ဖီခါးခါး စသည့် သီချင်းများအပါအဝင် တစ်ကိုယ်တော်ဖျော် ဖြေမှုအနေဖြင့် ရှစ်ပုဒ်ဖျော်ဖြေ ပေးခဲ့သလို အိမ့်ချစ်ကလည်း ၎င်းနောက်ဆုံးထွက်ရှိထားသည့် အောင်မြင်မှုနောက်ကွယ်သီချင်း အပါအဝင် စုစုပေါင်းသီချင်း ရှစ် ပုဒ် သီဆိုပေးခဲ့သည်။

Credit :7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top