iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြ တစ္ခါတစ္ေလ ရင္သားေတြ နာက်င္သလို ခံစားရတဲ့အခါ စိတ္ေတြတုိ၊ ေဒါသေတြထြက္ေနတတ္ျပီး ငါေ၀ဒနာၾကီးၾကီးမားမား ခံစားေနရျပီလားဆုိျပီးေတာ့ေတာင္ အထင္ေရာက္တတ္ၾကပါတယ္။ တကယ္ေတာ့ ရင္သား နာက်င္တာမ်ိဳးဆုိတာ အမ်ိဳးသမီးတိုင္းနီးပါး တစ္ခါတစ္ေလ ျဖစ္ေစ၊ မၾကာခဏျဖစ္ေစ ခံစားၾကရေလ့ရွိတာမ်ိဳးပါ။ ဘယ္လိုအခ်ိန္ေတြ၊ ဘယ္လိုအေျခအေနေတြမွာ ခုလို ရင္သားေတြ နာက်င္ၾကရသလဲဆုိတာ ေျပာျပရရင္ျဖင့္

၁။ ရာသီလာေနတဲ့အခ်ိန္ေတြမွာ ရင္သားေတြ နာက်င္တတ္ၾကပါတယ္။
အမ်ိဳးသမီးေတြ ရာသီလာတဲ့အခါ ေဟာ္မုန္းအေျပာင္းအလဲရွိတာေၾကာင့္ ရင္သားနာက်င္မႈေတြ ခံစားၾကရပါတယ္။ တစ္ခ်ိဳ႕က ရာသီေသြးစဆင္းတဲ့ ပထမေန႕မွာ ရင္သားနာက်င္မႈကိုပါ တြဲျပီးခံစားၾကရသလို တစ္ခ်ိဳ႕က်ေတာ့လည္း ရာသီမလာခင္ ေရွ႕တစ္ရက္မွာ ခုလိုခံစားၾကရပါတယ္။ ဒီနာက်င္မႈက ရာသီေသြးဆင္းျပီးသြားတာနဲ႕ ယူပစ္သလို ေပ်ာက္သြားပါလိမ့္မယ္။

၂။ ေလ့က်င့္ခန္းေတြ မနားမေန လုပ္ထားတာေၾကာင့္လည္း နာက်င္တတ္ပါတယ္။
ကိုယ္လက္ေလ့က်င့္ခန္း လုပ္တဲ့အခါ လုပ္ေနက်ထက္ အခ်ိန္ပိုလုပ္တာပဲျဖစ္ျဖစ္၊ ေလ့က်င့္ခန္းပိုတိုး လုပ္လိုက္တာပဲျဖစ္ျဖစ္ ရင္သားနာက်င္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ရင္ဘတ္ေလ့က်င့္ခန္းေတြ၊ အေလးမတာမ်ိဳးေတြ လုပ္ျပီးတာနဲ႕ ရင္သားေတြ စတင္နာက်င္လာတတ္ပါတယ္။

၃။ တစ္ခုခုကို 'မ' မိလိုက္တာမ်ိဳးေတြေၾကာင့္လည္း နာက်င္တတ္ပါတယ္။
သယ္ေနက်၊ မေနတဲ့ မဟုတ္တဲ့ ပရိေဘာဂပစၥည္းတစ္ခုခု၊ အေလးခ်ိန္ရွိတဲ့ အရာတစ္ခုခုကို မ မိလိုက္တယ္ဆုိရင္ သင့္ရင္သားေတြ နာက်င္ပါလိမ့္မယ္။

၄။ သင္၀တ္တဲ့ဘရာစီယာနဲ႕ ကြက္တိမျဖစ္တာေၾကာင့္ နာက်င္တတ္ပါတယ္။
သင္ေရြးခ်ယ္၀တ္ဆင္ထားတဲ့ ဘရာစီယာက အရမ္းက်ပ္ေနမယ္၊ ဒါမွမဟုတ္ ဘရာစီယာပံုစံခြက္က ေသးေနမယ္ဆုိရင္ အဲ့ဒီလိုအဆင္မေျပတဲ့ ဘရာစီယာကို တစ္ေန႕တာ ၀တ္ဆင္ျပီး ခ်ြတ္လိုက္တာနဲ႕ကို ရင္သားစတင္နာက်င္သလို ခံစားလာရပါလိမ့္မယ္။

၅။ ေကာ္ဖီေတြ အမ်ားၾကီး ေသာက္ထားတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ေကာ္ဖီ နဲ႕ လက္ဖက္ရည္ဟာ ရင္သားနာက်င္မႈနဲ႕ တိုက္ရိုက္ဆက္စပ္မႈမရွိေပမယ့္ ကဖင္းဓာတ္ကို ျဖတ္ေတာက္လိုက္ တဲ့အခါမွာေတာ့ အမ်ိဳးသမီးအမ်ားစုဟာ ရင္သားနာက်င္တာမ်ိဳးေတြ ျဖစ္ေစတတ္ပါတယ္။ ေကာ္ဖီကို တျဖည္းျဖည္း ေလ်ာ့ျပီးေသာက္သြားရင္ ကိစၥမရွိေပမယ့္ တစ္ေန႕သံုးခြက္၊ ေလးခြက္ေသာက္ရာကေန တန္းျပီး ျဖတ္ပစ္လိုက္တာမ်ိဳဴးဆိုရင္ေတာ့ ရင္သားနာက်င္တာမ်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။

သင္ဟာ ခုေျပာျပတဲ့ အခ်က္ေတြနဲ႕ လံုး၀ဆက္စပ္စဥ္းစားလို႕မရပဲ ေန႕စဥ္ရက္ဆက္ရင္သားနာက်င္မႈေတြ ခံစားေနရျပီဆုိရင္ေတာ့ တတ္သိနားလည္တဲ့ ဆရာေတြနဲ႕ ေျပာဆုိေဆြးေႏြးျပီး ကုသမႈခံယူသင့္ပါတယ္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသမီးတွေ တစ်ခါတစ်လေ ရင်သားတွေ နာကျင်သလို ခံစားရတဲ့အခါ စိတ်တွေတို၊ ဒေါသတွေထွက်နေတတ်ပြီး ငါဝေဒနာကြီးကြီးမားမား ခံစားနေရပြီလားဆိုပြီးတော့တောင် အထင်ရောက်တတ်ကြပါတယ်။ တကယ်တော့ ရင်သား နာကျင်တာမျိုးဆိုတာ အမျိုးသမီးတိုင်းနီးပါး တစ်ခါတစ်လေ ဖြစ်စေ၊ မကြာခဏဖြစ်စေ ခံစားကြရလေ့ရှိတာမျိုးပါ။ ဘယ်လိုအချိန်တွေ၊ ဘယ်လိုအခြေအနေတွေမှာ ခုလို ရင်သားတွေ နာကျင်ကြရသလဲဆိုတာ ပြောပြရရင်ဖြင့်

၁။ ရာသီလာနေတဲ့အချိန်တွေမှာ ရင်သားတွေ နာကျင်တတ်ကြပါတယ်။
အမျိုးသမီးတွေ ရာသီလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲရှိတာကြောင့် ရင်သားနာကျင်မှုတွေ ခံစားကြရပါတယ်။ တစ်ချို့က ရာသီသွေးစဆင်းတဲ့ ပထမနေ့မှာ ရင်သားနာကျင်မှုကိုပါ တွဲပြီးခံစားကြရသလို တစ်ချို့ကျတော့လည်း ရာသီမလာခင် ရှေ့တစ်ရက်မှာ ခုလိုခံစားကြရပါတယ်။ ဒီနာကျင်မှုက ရာသီသွေးဆင်းပြီးသွားတာနဲ့ ယူပစ်သလို ပျောက်သွားပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်းတွေ မနားမနေ လုပ်ထားတာကြောင့်လည်း နာကျင်တတ်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ လုပ်နေကျထက် အချိန်ပိုလုပ်တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းပိုတိုး လုပ်လိုက်တာပဲဖြစ်ဖြစ် ရင်သားနာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ရင်ဘတ်လေ့ကျင့်ခန်းတွေ၊ အလေးမတာမျိုးတွေ လုပ်ပြီးတာနဲ့ ရင်သားတွေ စတင်နာကျင်လာတတ်ပါတယ်။

၃။ တစ်ခုခုကို 'မ' မိလိုက်တာမျိုးတွေကြောင့်လည်း နာကျင်တတ်ပါတယ်။
သယ်နေကျ၊ မနေတဲ့ မဟုတ်တဲ့ ပရိဘောဂပစ္စည်းတစ်ခုခု၊ အလေးချိန်ရှိတဲ့ အရာတစ်ခုခုကို မ မိလိုက်တယ်ဆိုရင် သင့်ရင်သားတွေ နာကျင်ပါလိမ့်မယ်။

၄။ သင်ဝတ်တဲ့ဘရာစီယာနဲ့ ကွက်တိမဖြစ်တာကြောင့် နာကျင်တတ်ပါတယ်။
သင်ရွေးချယ်ဝတ်ဆင်ထားတဲ့ ဘရာစီယာက အရမ်းကျပ်နေမယ်၊ ဒါမှမဟုတ် ဘရာစီယာပုံစံခွက်က သေးနေမယ်ဆိုရင် အဲ့ဒီလိုအဆင်မပြေတဲ့ ဘရာစီယာကို တစ်နေ့တာ ဝတ်ဆင်ပြီး ချွတ်လိုက်တာနဲ့ကို ရင်သားစတင်နာကျင်သလို ခံစားလာရပါလိမ့်မယ်။

၅။ ကော်ဖီတွေ အများကြီး သောက်ထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကော်ဖီ နဲ့ လက်ဖက်ရည်ဟာ ရင်သားနာကျင်မှုနဲ့ တိုက်ရိုက်ဆက်စပ်မှုမရှိပေမယ့် ကဖင်းဓာတ်ကို ဖြတ်တောက်လိုက် တဲ့အခါမှာတော့ အမျိုးသမီးအများစုဟာ ရင်သားနာကျင်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ကော်ဖီကို တဖြည်းဖြည်း လျော့ပြီးသောက်သွားရင် ကိစ္စမရှိပေမယ့် တစ်နေ့သုံးခွက်၊ လေးခွက်သောက်ရာကနေ တန်းပြီး ဖြတ်ပစ်လိုက်တာမျိုူးဆိုရင်တော့ ရင်သားနာကျင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

သင်ဟာ ခုပြောပြတဲ့ အချက်တွေနဲ့ လုံးဝဆက်စပ်စဉ်းစားလို့မရပဲ နေ့စဉ်ရက်ဆက်ရင်သားနာကျင်မှုတွေ ခံစားနေရပြီဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာတွေနဲ့ ပြောဆိုဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top