iMyanmarHouse.com - Best Property Website for Myanmar
×

ဆႏြင္းဟာ အေရွ႕ေတာင္အာရွအစားအစာေတြၾကားမွာ ေရပန္းစားတဲ့ ဟင္းခတ္အေမႊးအႀကိဳင္တခုျဖစ္႐ံုသာမက ကင္ဆာမျဖစ္ေအာင္တားဆီးေပးႏိုင္ျခင္း၊ အဆစ္ေရာင္ေဝဒနာကို ေလွ်ာ့က်ေစျခင္း၊ အေရာင္က်ေစျခင္း၊ စိတ္က်ေ၀ဒနာကိုသက္သာေစျခင္း စတဲ့က်န္းမာေရးေကာင္းက်ိဳးေတြေပးစြမ္းႏုိင္တဲ့ သဘာဝရဲ႕လက္ေဆာင္တခုျဖစ္ပါတယ္။

ဆႏြင္းမွာ မတူညီတဲ့ပစၥည္းအမ်ိဳးေပါင္း 200 ေက်ာ္ပါဝင္ေပမယ့္ အဓိကပါဝင္တာကေတာ့ ceremin ဆိုတာ ဓာတုပစၥည္းပဲျဖစ္ပါတယ္။ ဝါေတာက္ေနတဲ့ဆႏြင္းအေရာင္ကလည္း cureumin ပါဝင္တာေၾကာင့္ျဖစ္ပါတယ္။ ဆႏြင္းရဲ႕ အာနိသင္ေတြနဲ႔ပတ္သက္ၿပီး စမ္းသပ္မႈေတြအမ်ားႀကီးျပဳလုပ္ခဲ့ၾကေပမယ့္ အမ်ားစုက ႂကြက္မ်ားျဖင့္စမ္းသပ္ထားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သုေတသီေတြက လူေပါင္း 100 ေက်ာ္ပါ၀င္တဲ့ စမ္းသပ္မႈျပဳလုပ္ခဲ့ၾကပါတ္ယ။ လူေပါင္း 100 ကို အုပ္စု 3 စုခြဲၿပီး ပထမအုပ္စုကို ဆႏြင္းလက္ဖက္စားဇြန္းႏွင့္ 1 ဇြန္း ေန႔စဥ္အစားအစာမ်ားတြင္ ထည့္သြင္းေကၽြးေမြးျခင္း၊ ဒုတိယအုပ္စုကို ပထမအုပ္စုႏွင့္ ပမာဏတူေသာဆႏြင္းျဖည့္စြက္ေကၽြးေမြးျခင္း၊ တတိယအုပ္စုကိုေတာ့ ဘာအာနိသင္မွမရွိတဲ့ ေဆးျပားေတြရက္သတၱပတ္ 6 ပတ္ခန္႔တုိက္ေကၽြးခဲ့ၾကပါတယ္။ ဒါ့အျပင္ပါဝင္ပတ္သက္သူ အမ်ိဳးသမီးမ်ားထံမွ ရင္သားကင္ဆာရွိသူအမ်ိဳးသမီးႏွင့္ ရင္သားကင္ဆာမရွိသူ အမ်ိဳးသမီးေတြရဲ႕ တစ္သွ်ဴးကိုႏႈိင္းယွဥ္ခဲ့ရာ ခႏၶာကိုယ္ရွိဆဲလ္မ်ား ကင္ဆာဆဲလ္အျဖစ္သို႔မကူးေျပာင္းမီ ဆဲလ္မ်ားရဲ႕ ဒီအန္ေအမွာျဖစ္ေပၚလာတဲ့ ေျပာင္းလဲမႈေတြကိုေတြ႔ခဲ့ရပါတယ္။ အဲဒီ ဒီအန္ေအေျပာင္းလဲမႈကို အခ်ိန္မီသိရွိၿပီး ျပဳျပင္ႏုိင္ပါက ကင္ဆာဆဲလ္အျဖစ္သို႔ ကူးေျပာင္းျခင္းကို တားဆီးႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ဆႏြင္းကိုအစားအစာမ်ားတြင္ ထည့္သြင္းစားသံုးသူေတြမွာ ႏွင္းခူ၊ ပန္းနာရင္ၾကပ္ေဝဒနာႏွင့္ ကင္ဆာေရာဂါေတြနဲ႔သက္ဆိုင္တဲ့ မ်ိဳး႐ိုးဗီဇႏွင့္ပတ္သက္ၿပီး ထူျခားမႈရွိတာကိုေတြ႕ခဲ့ရပါတယ္။ ဆႏြင္းျဖည့္စြက္ေဆးစားတဲ့အုပ္စုနဲ႔ အာနိသင္မရွိတဲ့ေဆးဝါးေတြကို တိုက္ေကၽြးထားတဲ့အုပ္စုမွာေတာ့ အဲဒီထူးျခားမႈကိုမေတြ႕ရဘူးလုိ႔ဆုိပါတယ္။

ဘာေၾကာင့္ ဆႏြင္းျဖည့္စြက္ေဆးစားသံုးသူေတြမွာ ဘာေၾကာင့္ အဲဒီထူးျခားမႈကိုမေတြ႕ရတာလဲ။ ျဖစ္နုိင္ေခ်ရွိတာကေတာ့ အဆီစိမ့္ႏွင့္ ဆႏြင္းေပါင္းစပ္မိျခင္း ဒါမွမဟုတ္ အပူေပးလိုက္မိျခင္းေၾကာင့္ ခႏၶာကိုယ္က ဆႏြင္းကို ပိုမိုစုပ္ယူႏုိင္တာျဖစ္ပါတယ္။ ဒီေတြ႕ရွိခ်က္ကို အတည္ျပဳဖုိ႔အတြက္ ေလ့လာမႈေတြထပ္မံျပဳလုပ္ရန္လိုအပ္တယ္လို႔ ေလ့လာမႈမွာ ပါဝင္ခဲ့သူ Neweastle University မွ Dr.Kirsten Brandt ကဆုိပါတယ္။

Credit:Drmyanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆနွင်းဟာ အရှေ့တောင်အာရှအစားအစာတွေကြားမှာ ရေပန်းစားတဲ့ ဟင်းခတ်အမွှေးအကြိုင်တခုဖြစ်ရုံသာမက ကင်ဆာမဖြစ်အောင်တားဆီးပေးနိုင်ခြင်း၊ အဆစ်ရောင်ဝေဒနာကို လျှော့ကျစေခြင်း၊ အရောင်ကျစေခြင်း၊ စိတ်ကျဝေဒနာကိုသက်သာစေခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးတွေပေးစွမ်းနိုင်တဲ့ သဘာဝရဲ့လက်ဆောင်တခုဖြစ်ပါတယ်။

ဆနွင်းမှာ မတူညီတဲ့ပစ္စည်းအမျိုးပေါင်း 200 ကျော်ပါဝင်ပေမယ့် အဓိကပါဝင်တာကတော့ ceremin ဆိုတာ ဓာတုပစ္စည်းပဲဖြစ်ပါတယ်။ ဝါတောက်နေတဲ့ဆနွင်းအရောင်ကလည်း cureumin ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ဆနွင်းရဲ့ အာနိသင်တွေနဲ့ပတ်သက်ပြီး စမ်းသပ်မှုတွေအများကြီးပြုလုပ်ခဲ့ကြပေမယ့် အများစုက ကြွက်များဖြင့်စမ်းသပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် သုတေသီတွေက လူပေါင်း 100 ကျော်ပါဝင်တဲ့ စမ်းသပ်မှုပြုလုပ်ခဲ့ကြပါတ်ယ။ လူပေါင်း 100 ကို အုပ်စု 3 စုခွဲပြီး ပထမအုပ်စုကို ဆနွင်းလက်ဖက်စားဇွန်းနှင့် 1 ဇွန်း နေ့စဉ်အစားအစာများတွင် ထည့်သွင်းကျွေးမွေးခြင်း၊ ဒုတိယအုပ်စုကို ပထမအုပ်စုနှင့် ပမာဏတူသောဆနွင်းဖြည့်စွက်ကျွေးမွေးခြင်း၊ တတိယအုပ်စုကိုတော့ ဘာအာနိသင်မှမရှိတဲ့ ဆေးပြားတွေရက်သတ္တပတ် 6 ပတ်ခန့်တိုက်ကျွေးခဲ့ကြပါတယ်။ ဒါ့အပြင်ပါဝင်ပတ်သက်သူ အမျိုးသမီးများထံမှ ရင်သားကင်ဆာရှိသူအမျိုးသမီးနှင့် ရင်သားကင်ဆာမရှိသူ အမျိုးသမီးတွေရဲ့ တစ်သျှူးကိုနှိုင်းယှဉ်ခဲ့ရာ ခန္ဓာကိုယ်ရှိဆဲလ်များ ကင်ဆာဆဲလ်အဖြစ်သို့မကူးပြောင်းမီ ဆဲလ်များရဲ့ ဒီအန်အေမှာဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကိုတွေ့ခဲ့ရပါတယ်။ အဲဒီ ဒီအန်အေပြောင်းလဲမှုကို အချိန်မီသိရှိပြီး ပြုပြင်နိုင်ပါက ကင်ဆာဆဲလ်အဖြစ်သို့ ကူးပြောင်းခြင်းကို တားဆီးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆနွင်းကိုအစားအစာများတွင် ထည့်သွင်းစားသုံးသူတွေမှာ နှင်းခူ၊ ပန်းနာရင်ကြပ်ဝေဒနာနှင့် ကင်ဆာရောဂါတွေနဲ့သက်ဆိုင်တဲ့ မျိုးရိုးဗီဇနှင့်ပတ်သက်ပြီး ထူခြားမှုရှိတာကိုတွေ့ခဲ့ရပါတယ်။ ဆနွင်းဖြည့်စွက်ဆေးစားတဲ့အုပ်စုနဲ့ အာနိသင်မရှိတဲ့ဆေးဝါးတွေကို တိုက်ကျွေးထားတဲ့အုပ်စုမှာတော့ အဲဒီထူးခြားမှုကိုမတွေ့ရဘူးလို့ဆိုပါတယ်။

ဘာကြောင့် ဆနွင်းဖြည့်စွက်ဆေးစားသုံးသူတွေမှာ ဘာကြောင့် အဲဒီထူးခြားမှုကိုမတွေ့ရတာလဲ။ ဖြစ်နိုင်ချေရှိတာကတော့ အဆီစိမ့်နှင့် ဆနွင်းပေါင်းစပ်မိခြင်း ဒါမှမဟုတ် အပူပေးလိုက်မိခြင်းကြောင့် ခန္ဓာကိုယ်က ဆနွင်းကို ပိုမိုစုပ်ယူနိုင်တာဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို အတည်ပြုဖို့အတွက် လေ့လာမှုတွေထပ်မံပြုလုပ်ရန်လိုအပ်တယ်လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ Neweastle University မှ Dr.Kirsten Brandt ကဆိုပါတယ်။


Credit:Drmyanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top