iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြအေနနဲ႔ သူတုိ႔ခ်စ္သူ အမ်ိဳးသားေတြနဲ႔ ပတ္သက္ျပီး သေဘာမက်တဲ့အခ်က္တစ္ခ်ိဳ႕ရွိတတ္ၾကပါတယ္။ အဲ့ဒီအခ်က္ေတြဟာ အမ်ိဳးသားေတြရဲ႕ အက်င့္စရိုက္ တစ္ခ်ိဳ႕ေၾကာင့္ ျဖစ္ေပၚလာရတာလို႔ ေျပာရင္လည္း ရပါတယ္။ ဒီလိုအမ်ိဳးသားေတြရဲ႕ အက်င့္တစ္ခ်ိဳ႕နဲ႔ ပတ္သက္ျပီး အမ်ိဳးသမီးအမ်ားစုဟာ ျပင္ေပးလို႔ မရတာက တစ္ေၾကာင္း၊ သူတုိ႔ရဲ႕လက္တြဲေဖာ္ကို ခုလို ဆက္မသြားဖုိ႔ ေတာင္းဆိုခ်င္ၾကတာက တစ္ေၾကာင္း သူတို႔မွာ အခက္အခဲႀကံဳၾကရေလ့ရွိပါ တယ္။ အမ်ိဳးသားေတြအေနနဲ႔ကလည္း သူတုိ႔ရဲ႕ အက်င့္တစ္ခုလို ျဖစ္ေနတဲ့အရာေတြကို ျပင္ဆင္ဖုိ႔ရာ ခက္ခဲၾကမယ္မွန္း သိပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕အက်င့္ေတြကို ကိုယ့္ခ်စ္သူအတြက္ တတ္ႏိုင္သေလာက္ ျပင္ဆင္သြားမယ္ဆုိရင္ေတာ့ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေျပေလး ျဖစ္သြားပါလိမ့္မယ္။ အမ်ိဳးသမီးေတြ သည္းမခံႏိုင္တဲ့ အမ်ိဳးသားေတြရဲ႕ အက်င့္ေတြကေတာ့

၁။ဂိမ္းအလြန္အကၽြံေဆာ့ျခင္း

ခုေခတ္မွာ ကေလးမွ ဂိမ္းေဆာ့တာမ်ိဳး မဟုတ္ေတာ့ပါဘူး။ အသက္အရြယ္လိုက္ လူႀကီး၊ လူငယ္၊ လူရြယ္မေရြး ေဆာ့ႏိုင္တဲ့ ဂိမ္းေတြ၊ အြန္လိုင္းဂိမ္းေတြ အမ်ားႀကီး ရွိေနတာမို႔ အလုပ္ရွိရင္အလုပ္လုပ္၊ အလုပ္ကျပန္လာခ်ိန္ ခ်စ္သူကို အခ်ိန္ေပးရမွာထက္ ဂိမ္းေတြခ်ည္း စြတ္ေဆာ့ေနတာမ်ိဳးပါ။ တစ္ခါတစ္ေလ ခ်စ္သူကို ေဘးထားကာ ကိုယ္ Level ဘယ္ေလာက္ေရာက္ေနျပီ ခဏေစာင့္ေပးေနာ္ ဆိုျပီး ငုတ္တုတ္ထိုင္ခိုင္းထားတဲ့ အမ်ိဳးသားေတြလည္း အမ်ားႀကီး ရွိပါတယ္။ ခ်စ္သူကို ဂိမ္းဆုိင္လိုက္ထုိင္ခိုင္းတဲ့သူေတြေတာင္ ဒုနဲ႔ေဒးရွိၾကေသးတာပဲ။ ဒီအခ်က္ဟာ သင့္ခ်စ္သူအတြက္ ၾကာရင္စိ္တ္ပ်က္စရာလုိ႔ ခံစားလာရမွာ မလြဲမေသြပါပဲ။ သူ႕ကိုေရြးမလား၊ ဂိမ္းကိုေရြးမလားဆုိတာေတြ ျဖစ္မလာခင္ သင့္ရဲ႕အက်င့္ေလးကို နည္းနည္းျပင္လိုက္ဖုိ႔ တုိက္တြန္းပါရေစ။

၂။စိတ္ထဲရွိတာေတြကို ထုတ္မေျပာျခင္း၊ မ်ိဳသိပ္ထားျခင္း

အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြ မတူတဲ့အခ်က္က အမ်ိဳးသားေတြက သူတုိ႔ခံစားရတာေတြကို ဖြင့္ဟေျပာေလ့မရွိပဲ မ်ိဳသိပ္ထားတတ္ၾကတာပါပဲ။ ဒီေတာ့ စိတ္ထဲေပါ့ေပါ့ပါးပါး မျဖစ္ေတာ့ပဲ တႏံု႕ႏံု႔ျဖစ္ေနရတာမ်ိဳးေတြ ရွိပါတယ္။ တစ္ခ်ိဳ႕ကိစၥေတြက မ်ိဳသိပ္ထားတာထက္ ဖြင့္ခ်ေမးျမန္းလိုက္တာ ပိုသင့္ေတာ္ပါတယ္။ တစ္ခ်ိဳ႕အမ်ိဳးသားေတြက်ေတာ့ အဲ့ဒီမ်ိဳသိပ္ထားရတဲ့အရာ၊ ခံစားေနရတဲ့အရာေတြကို တစ္ျခား ကိစၥရပ္တစ္ခုခုပါ ေပါက္ကြဲပစ္လိုက္ေတာ့တာပါပဲ။ အေရးမႀကီးတဲ့၊ ေဒါသျဖစ္စရာမလိုတဲ့အရာမွာ သြားေပါက္ကြဲတာမ်ိဳးေတြ လုပ္တတ္ပါတယ္။ ဒီအက်င့္မ်ိဳးကလည္း ျပင္သင့္တဲ့အခ်က္ပါ။

၃။အမ်ိဳးသမီးေတြဟာ ေယာက်ၤားေတြလို မစြမ္းေဆာင္ႏိုင္ဘူးလုိ႔ ထင္ျမင္ျခင္း

အမွန္ေတာ့ အမ်ိဳးသမီးေတြမွာလည္း အမ်ိဳးသားေတြစြမ္းေဆာင္ႏိုင္တဲ့ အရာတုိင္းနီးပါးကို လုပ္ေဆာင္ႏိုင္ၾကပါတယ္။ အနည္းဆံုး ကားေမာင္းတာကိုပဲၾကည့္။ အမ်ိဳးသမီးေတြ ကားေမာင္းရင္ အႏၱရာယ္ရွိတယ္ဆုိတဲ့အေတြးမ်ိဳးေတြ ရွိေနၾကပါတယ္။ အမွန္ေတာ့ ဒါမဟုတ္ပါဘူး။ ပိုလုိ႔ေတာင္ လံုျခံဳပါေသးတယ္။ အမ်ိဳးသမီးေတြက ပိုေစ့စပ္တယ္၊ ပိုစိတ္ပူတတ္တာေၾကာင့္ ကားကုိ ပိုသတိထားေမာင္းတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကိစၥရပ္တုိင္းကို ငါခ်ည္းပဲ လုပ္ရမယ္ဆုိတဲ့အေတြး၊ အက်င့္ေတြကို ေဖ်ာက္ျပီး ကုိယ့္ခ်စ္သူကိုလည္း သူဘာလုပ္ႏိုင္သလဲဆိုတာ ျမင္ေအာင္ၾကည့္ျပီး လုပ္သင့္တာကို လုပ္ခိုင္းပါ။ အမ်ိဳးသမီးေတြအေနနဲ႔လည္း ကိုယ့္ခ်စ္သူရဲ႕ တာ၀န္၊ လုပ္ငန္းေဆာင္တာေတြကို မွ်ေ၀လုပ္ေဆာင္ေပးခ်င္ၾကပါတယ္။

၄။ႀကိဳက္တဲ့ အ၀တ္အစားဆုိ မခၽြတ္တမ္း၀တ္ျခင္း

ေရွာ့ပင္ထြက္တာမ်ိဳး အမ်ိဳးသားေတြ စိတ္မ၀င္စားတတ္ၾကပါဘူး။ သူတုိ႔ဆီမွာ သူတုိ႔သေဘာက်ႏွစ္ၿခိဳက္တဲ့ အ၀တ္အစား ေလး၊ ငါးထည္ရွိေနရင္ကို ျပည့္စံုတယ္လို႔ ထင္ေနတတ္ၾကပါတယ္။ သူတုိ႔မွာ ဂ်င္းေဘာင္းဘီႏွစ္ထည္ေလာက္ရွိရင္ ဒါကို တစ္ေန႔တစ္ထည္ လဲ၀တ္မယ္။ တီရွပ္ဆိုလည္း တစ္ထည္တည္းကို ေလး၊ ငါးရက္ ၀တ္ခ်င္၀တ္ေနၾကတာပါ။ ဒီအခ်က္ဟာ အမ်ိဳးသမီးေတြအတြက္ေတာ့ စိတ္အေႏွာင့္အယွက္ ျဖစ္စရာပါပဲ။ ကိုယ္က ရႈိးေတြထုတ္ထားျပီး သူက မေန႔က အက်ႍႀကီး ျပန္၀တ္လာတယ္ဆုိ သင္ဘယ္လုိခံစားရလိမ့္မလဲ။ ေတြးၾကည့္ပါဦး။

၅။အလြန္အကၽြံ ေမ့တတ္ျခင္း

ဒီေန႔ဟာ ဘာေန႔လဲလို႔ ေမးလိုက္မွ ဦးေႏွာက္ကို အသည္းအသန္အလုပ္ေပးျပီး ေအာ္ ဟုတ္သားပဲ လို႔ေျပာတတ္တဲ့ အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြ စိတ္ပ်က္ၾကပါတယ္။ အထူးသျဖင့္ ေမြးေန႔ေတြ၊ ႏွစ္ဦးသားအမွတ္တရေန႔ေတြကို ေမ့ေနျပီဆုိရင္ အမ်ိဳးသမီးေတြအေနနဲ႔ စိတ္မေကာင္းျဖစ္တတ္ၾကပါတယ္။ ဒီလိုအခါမ်ိဳးမွာ အမ်ိဳးသားေတြက တကယ္ေတာ့ ခ်စ္ေနဖုိ႔သာ အဓိက ပါလုိ႔ ႏွစ္သိမ့္ၾကေပမယ့္လည္း အမ်ိဳးသမီးေတြကေတာ့ ငါ့ကို အေလးမထားပါလားလို႔ ေတြးမိမွာ မလြဲမေသြပါပဲ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသမီးတွေအနေနဲ့ သူတို့ချစ်သူ အမျိုးသားတွေနဲ့ ပတ်သက်ပြီး သဘောမကျတဲ့အချက်တစ်ချို့ရှိတတ်ကြပါတယ်။ အဲ့ဒီအချက်တွေဟာ အမျိုးသားတွေရဲ့ အကျင့်စရိုက် တစ်ချို့ကြောင့် ဖြစ်ပေါ်လာရတာလို့ ပြောရင်လည်း ရပါတယ်။ ဒီလိုအမျိုးသားတွေရဲ့ အကျင့်တစ်ချို့နဲ့ ပတ်သက်ပြီး အမျိုးသမီးအများစုဟာ ပြင်ပေးလို့ မရတာက တစ်ကြောင်း၊ သူတို့ရဲ့လက်တွဲဖော်ကို ခုလို ဆက်မသွားဖို့ တောင်းဆိုချင်ကြတာက တစ်ကြောင်း သူတို့မှာ အခက်အခဲကြုံကြရလေ့ရှိပါ တယ်။ အမျိုးသားတွေအနေနဲ့ကလည်း သူတို့ရဲ့ အကျင့်တစ်ခုလို ဖြစ်နေတဲ့အရာတွေကို ပြင်ဆင်ဖို့ရာ ခက်ခဲကြမယ်မှန်း သိပါတယ်။ ဒါပေမယ့် တစ်ချို့အကျင့်တွေကို ကိုယ့်ချစ်သူအတွက် တတ်နိုင်သလောက် ပြင်ဆင်သွားမယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေပြေလေး ဖြစ်သွားပါလိမ့်မယ်။ အမျိုးသမီးတွေ သည်းမခံနိုင်တဲ့ အမျိုးသားတွေရဲ့ အကျင့်တွေကတော့

၁။ဂိမ်းအလွန်အကျွံဆော့ခြင်း

ခုခေတ်မှာ ကလေးမှ ဂိမ်းဆော့တာမျိုး မဟုတ်တော့ပါဘူး။ အသက်အရွယ်လိုက် လူကြီး၊ လူငယ်၊ လူရွယ်မရွေး ဆော့နိုင်တဲ့ ဂိမ်းတွေ၊ အွန်လိုင်းဂိမ်းတွေ အများကြီး ရှိနေတာမို့ အလုပ်ရှိရင်အလုပ်လုပ်၊ အလုပ်ကပြန်လာချိန် ချစ်သူကို အချိန်ပေးရမှာထက် ဂိမ်းတွေချည်း စွတ်ဆော့နေတာမျိုးပါ။ တစ်ခါတစ်လေ ချစ်သူကို ဘေးထားကာ ကိုယ် Level ဘယ်လောက်ရောက်နေပြီ ခဏစောင့်ပေးနော် ဆိုပြီး ငုတ်တုတ်ထိုင်ခိုင်းထားတဲ့ အမျိုးသားတွေလည်း အများကြီး ရှိပါတယ်။ ချစ်သူကို ဂိမ်းဆိုင်လိုက်ထိုင်ခိုင်းတဲ့သူတွေတောင် ဒုနဲ့ဒေးရှိကြသေးတာပဲ။ ဒီအချက်ဟာ သင့်ချစ်သူအတွက် ကြာရင်စိတ်ပျက်စရာလို့ ခံစားလာရမှာ မလွဲမသွေပါပဲ။ သူ့ကိုရွေးမလား၊ ဂိမ်းကိုရွေးမလားဆိုတာတွေ ဖြစ်မလာခင် သင့်ရဲ့အကျင့်လေးကို နည်းနည်းပြင်လိုက်ဖို့ တိုက်တွန်းပါရစေ။

၂။စိတ်ထဲရှိတာတွေကို ထုတ်မပြောခြင်း၊ မျိုသိပ်ထားခြင်း

အမျိုးသားတွေနဲ့ အမျိုးသမီးတွေ မတူတဲ့အချက်က အမျိုးသားတွေက သူတို့ခံစားရတာတွေကို ဖွင့်ဟပြောလေ့မရှိပဲ မျိုသိပ်ထားတတ်ကြတာပါပဲ။ ဒီတော့ စိတ်ထဲပေါ့ပေါ့ပါးပါး မဖြစ်တော့ပဲ တနုံ့နုံ့ဖြစ်နေရတာမျိုးတွေ ရှိပါတယ်။ တစ်ချို့ကိစ္စတွေက မျိုသိပ်ထားတာထက် ဖွင့်ချမေးမြန်းလိုက်တာ ပိုသင့်တော်ပါတယ်။ တစ်ချို့အမျိုးသားတွေကျတော့ အဲ့ဒီမျိုသိပ်ထားရတဲ့အရာ၊ ခံစားနေရတဲ့အရာတွေကို တစ်ခြား ကိစ္စရပ်တစ်ခုခုပါ ပေါက်ကွဲပစ်လိုက်တော့တာပါပဲ။ အရေးမကြီးတဲ့၊ ဒေါသဖြစ်စရာမလိုတဲ့အရာမှာ သွားပေါက်ကွဲတာမျိုးတွေ လုပ်တတ်ပါတယ်။ ဒီအကျင့်မျိုးကလည်း ပြင်သင့်တဲ့အချက်ပါ။

၃။အမျိုးသမီးတွေဟာ ယောကျၤားတွေလို မစွမ်းဆောင်နိုင်ဘူးလို့ ထင်မြင်ခြင်း

အမှန်တော့ အမျိုးသမီးတွေမှာလည်း အမျိုးသားတွေစွမ်းဆောင်နိုင်တဲ့ အရာတိုင်းနီးပါးကို လုပ်ဆောင်နိုင်ကြပါတယ်။ အနည်းဆုံး ကားမောင်းတာကိုပဲကြည့်။ အမျိုးသမီးတွေ ကားမောင်းရင် အန္တရာယ်ရှိတယ်ဆိုတဲ့အတွေးမျိုးတွေ ရှိနေကြပါတယ်။ အမှန်တော့ ဒါမဟုတ်ပါဘူး။ ပိုလို့တောင် လုံခြုံပါသေးတယ်။ အမျိုးသမီးတွေက ပိုစေ့စပ်တယ်၊ ပိုစိတ်ပူတတ်တာကြောင့် ကားကို ပိုသတိထားမောင်းတတ်ကြပါတယ်။ ဒါ့ကြောင့် ကိစ္စရပ်တိုင်းကို ငါချည်းပဲ လုပ်ရမယ်ဆိုတဲ့အတွေး၊ အကျင့်တွေကို ဖျောက်ပြီး ကိုယ့်ချစ်သူကိုလည်း သူဘာလုပ်နိုင်သလဲဆိုတာ မြင်အောင်ကြည့်ပြီး လုပ်သင့်တာကို လုပ်ခိုင်းပါ။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်ချစ်သူရဲ့ တာဝန်၊ လုပ်ငန်းဆောင်တာတွေကို မျှဝေလုပ်ဆောင်ပေးချင်ကြပါတယ်။

၄။ကြိုက်တဲ့ အဝတ်အစားဆို မချွတ်တမ်းဝတ်ခြင်း

ရှော့ပင်ထွက်တာမျိုး အမျိုးသားတွေ စိတ်မဝင်စားတတ်ကြပါဘူး။ သူတို့ဆီမှာ သူတို့သဘောကျနှစ်ခြိုက်တဲ့ အဝတ်အစား လေး၊ ငါးထည်ရှိနေရင်ကို ပြည့်စုံတယ်လို့ ထင်နေတတ်ကြပါတယ်။ သူတို့မှာ ဂျင်းဘောင်းဘီနှစ်ထည်လောက်ရှိရင် ဒါကို တစ်နေ့တစ်ထည် လဲဝတ်မယ်။ တီရှပ်ဆိုလည်း တစ်ထည်တည်းကို လေး၊ ငါးရက် ဝတ်ချင်ဝတ်နေကြတာပါ။ ဒီအချက်ဟာ အမျိုးသမီးတွေအတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ ကိုယ်က ရှိုးတွေထုတ်ထားပြီး သူက မနေ့က အကျႍကြီး ပြန်ဝတ်လာတယ်ဆို သင်ဘယ်လိုခံစားရလိမ့်မလဲ။ တွေးကြည့်ပါဦး။

၅။အလွန်အကျွံ မေ့တတ်ခြင်း

ဒီနေ့ဟာ ဘာနေ့လဲလို့ မေးလိုက်မှ ဦးနှောက်ကို အသည်းအသန်အလုပ်ပေးပြီး အော် ဟုတ်သားပဲ လို့ပြောတတ်တဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ စိတ်ပျက်ကြပါတယ်။ အထူးသဖြင့် မွေးနေ့တွေ၊ နှစ်ဦးသားအမှတ်တရနေ့တွေကို မေ့နေပြီဆိုရင် အမျိုးသမီးတွေအနေနဲ့ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ အမျိုးသားတွေက တကယ်တော့ ချစ်နေဖို့သာ အဓိက ပါလို့ နှစ်သိမ့်ကြပေမယ့်လည်း အမျိုးသမီးတွေကတော့ ငါ့ကို အလေးမထားပါလားလို့ တွေးမိမှာ မလွဲမသွေပါပဲ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top