iMyanmarHouse.com - Best Property Website for Myanmar
×
၃. အကြွေးရှိလား။
၎. ဘာမဆို တတ်တတ်ကြွကြွရှိရဲ့လား။
၆. အသေးစိတ်လား။
၁၆. ဖင်ပေါ့ရဲ့လား။
Credit:Chelmo Team
ပို့သပေးပါတယ်။
#Unicode Version
သူနဲ့လက်ထပ်တော့မယ်ဆိုရင် ဘဝတလျှောက်လုံး သူနဲ့ အေးအတူပူအမျှ နေသွားရမှာပါ။
ဒါပင်မဲ့ နှစ်ယောက်အတူတူနေတဲ့အခါကျရင် အဆင်ပြေပါမလားဆိုပြီး စိတ်ထဲမှာ စိုးရိပ်စိတ်ကလေးတွေက ဖြစ်နေတတ်ပါတယ်။
ဒီအတွက် ဘယ်အချက်လေးတွေကို လက်မထပ်ခင်ကြည့်ထားသင့်သလဲဆိုတာကို Share လိုက်ပြီနော်။
၁. ပိုက်ဆံသုံးတာ စည်းကမ်းရှိလား
ပိုက်ဆံသုံးတာ စည်းကမ်းရှိဖို့လိုအပ်ပါတယ်။ ပိုက်ဆံသုံးတာ စည်းကမ်းရှိလွန်းအားကြီးရင်လည်း ကိုယ့်အတွက် လိုအပ်ရင် သုံးဖို့တွန့်တိုရင်တော့ မကောင်းဘူးပေါ့နော်။
၂. အကျွေးအမွေး ဝါသနာပါနေလား
သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ရင် စိတ်ထဲမှာ ပျော်လို့ဆိုပြီး သူကချည်းပဲ ကျွေးနေလို့ကတော့ မဆင်မပြေပါ။
၃. အကြွေးရှိလား။
ပိုက်ဆံချေးတဲ့အကျင့်ရှိတဲ့သူဟာ အကြွေးက အမြဲတမ်းရှိနေတတ်ပါတယ်။ အဲဒီလို အကျင့်ရှိတဲ့သူဟာ ဒီအကျင့်ကို ဖျောက်ဖျက်ဖို့ဆိုတာ မလွယ်ပါ။
၄. ဘာမဆို တတ်တတ်ကြွကြွရှိရဲ့လား။
ပိတ်ရက်မှာ လျှောက်သွားဖို့အတွက် တတ်တတ်ကြွကြွရှိပြီး ဘယ်သွားမလဲဆိုတာကို အစီအစဉ် ဆွဲပေးတတ်လား။
ဘဝကို ဘယ်လိုလျှောက်လှမ်းမလဲဆိုတာကို သေသေချာချာ စဉ်းစားပေးသောသူကော ဟုတ်နဲ့လား။
၅. လျှို့ဝှက်ချက်ရှိလား။
သမီးရည်းစားဘဝမှာတော့ လျှို့ဝှက်ချက်လေးတွေရှိတာက စိတ်ဝင်စားဖို့ကောင်းပင်မဲ့၊ လက်ထပ်ပြီးသွားတဲ့အချိန်မှာ လျှို့ဝှက်ချက်တွေများပြီး ခဏအပြင်သွားမယ်ဆိုပြီး
ပြန်မလာရင် ဘယ်လိုတွေးရမလဲ။
၆. အသေးစိတ်လား။
ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကို အသေးစိတ်မေးနေတတ်သလား။ ဘယ်သူ့ဆိုက ဖုန်းလဲ။ ဒီနေရာလေး ညစ်ပစ်နေပြီ စသည်ဖြင့် ခဏခဏလုပ်နေရင်တော့ အဆင်မပြေပါ။
၇. ပြောချင်သော စကားကိုပြောနိုင်ပါသလား။
သူ့ကို ဘယ်လောက်ပဲချစ်ချစ် သူပြောတဲ့အတိုင်းနေပြီး ကိုယ့်ရဲ့ရင်ထဲက စကားတွေကိုလည်း ပြောနိုင်ရဲ့လား။
၈. ကိုယ်ရဲ့စကားတွေကို ဂရုတစိုက် နားထောင်ပေးလား။
ကိုယ့်အကြောင်းကို နားထောင်မပေးပဲ၊ အမြဲတမ်းသူ့အကြောင်းချည်းတွေပဲ ပြောနေလို့ကတော့ လက်ထပ်ပြီးရင်တော့ ဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။
၉. သူငယ်ချင်းတွေကို တန်ဖိုးထားသောသူလား။
သူငယ်ချင်းတွေနဲ့ အဆင်မပြေရင် ချက်ချင်း အဆက်အသွယ်ဖြတ်ပြစ်တဲ့သူဆိုရင်တော့ မကောင်းပါ။
လူမူရေးကိစ္စတွေနဲ့ ကြုံတဲ့အခါ သူငယ်ချင်းတွေက ကူညီပေးတဲ့အခါလည်းရှိတတ်ပါတယ်။
၁၀. သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးသလား။
သူ့ရဲ့အပေါင်းအသင်းတွေကို မိတ်ဆက်ပေးတယ်ဆိုတာ ကိုယ့်ကို တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၁၁. သူ့မိသားစုကို အရေးပေးလွန်းလား။
မိသားစု စည်းလုံးတယ်ဆိုတာကောင်းပင်မဲ့ အမေအတွက် ညီမအတွက် အကြောင်းပြပြီး ကိုယ့်ကိုမေ့နေရင်တော့ မကောင်းပါ။
၁၂. သူ့အမေအကြောင်းကို လုံးဝမပြောဘူး။
သူ့အမေအကြောင်းကို လုံးဝမပြောဘူးဆိုရင်တော့ အမေ့ကိုသိပ်ချစ်သောသူဖြစ်ပါလိမ့်မယ်။
၁၃. အတင်းတွေချည်း ပြောနေလား။
အလုပ်မှာ စိတ်ညစ်စရာတွေ ကြုံတယ်ဆိုတာဟာ ဓမ္မတာပါ။ ဒီစိတ်ညစ်စရာတွေကို အိမ်ကိုသယ်လာပြီး တောက်လျှောက် နေ့တိုင်းပြောနေရင်တော့ စိတ်ညစ်စရာပါ။
၁၄. ထမင်းဟင်း ချက်တတ်သလား။
ကိုယ်ကနေမကောင်းဖြစ်တဲ့အချိန်မှာ ကိုယ့်အစား ချက်တတ်ပြုတ်တတ်ရင်တော့ ကောင်းပါတယ်။ စားဖိုမှူးတယောက်လိုချက်တတ်ရမယ်လို့ မဆိုပါ။
၁၅. သူ့ဝါသနာတွေနဲ့ပဲ အချိန်ကုန်နေလား။
အလုပ်က အိမ်ပြန်လာရင် ဘာမှမလုပ်ပဲ သူကစိတ်ဝင်စားတဲ့ဟာကိုပဲလုပ်နေတတ်သလား။
၁၆. ဖင်ပေါ့ရဲ့လား။
သိပ်ပြီး အပြင်သွားလေ့မရှိတဲ့သူဖြစ်ရင်တောင် ကလေးတွေရလာရင် ကလေးတွေအတွက် သွားလားလှုပ်ရှားဖို့အတွက် တတ်တတ်ကြွကြွရှိဖို့လိုပါတယ်။
၁၇. ပိုးကောင်တွေနဲ့ကော အဆင်ပြေရဲ့လား။
မိန်းကလေးတွေက အိမ်တွင်းက ပိုးကောင်တွေကို ကြောက်တတ်ပါတယ်။ သူပါကြောင်နေရင်တော့ အဆင်မပြေပါ။
၁၈. ကလေးယူဖို့အတွက် သဘောတူရဲ့လား။
သာယာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ကလေးက အဓိကဖြစ်မှာပါ။ ကလေးယူမယ်ဆိုတဲ့ အတွေးလေးတွေလည်း တူရဲ့လား။
၁၉. သူရဲ့အတူရှိရင် စိတ်ထဲမှာ အေးချမ်းရဲ့လား။
လက်ထပ်တယ်ဆိုတာ ဘဝတစ်လျှောက်လုံးအတူတူ လျှောက်လှမ်းရမှာပါ။ သူ့ဘေးမှာ အတူရှိနေပင်မဲ့ စိတ်ထဲမှာ အေးချမ်းတည်ငြိမ်မူ မရှိရင်တော့ စဉ်းစားပါ။
၂၀. ပြုံးပျော်နေရဲ့လား။
ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သူ့မျက်နှာလေးကို ကြည့်လိုက်ရင် ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့သူကို ရွေးပါ။
အချက်တွေများသွားလို့ စိတ်ညစ်သွားမလားတော့ မသိဘူး။ ကလေးရရင် ပြောင်းလဲလာတဲ့ ယောကျၤားတွေလည်း အများကြီးပါ။
ကိုယ့်နဲ့အတူတူ ဘဝရဲ့ ခက်ထန်တဲ့လမ်းကို ရဲ့ရဲ့ဝံ့ဝံ့ရင်ဆိုင်နိုင်သောသူနဲ့ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit:Chelmo Team
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top