iMyanmarHouse.com - Best Property Website for Myanmar
×







Credit : Trend Myanmar




#Unicode Version

ဗောက်က အပျိုဖော်မဝင်ခင်ချိန်အထိ တွေ့နေကျ မဟုတ်ပေမယ့် ကလေးအချို့မှာ ပခုံးပေါ်အဖြူလေးဖတ်တွေ မြင်မကောင်းရှုမကောင်း တွေ့မြင်ရတတ်ပါတယ်။ ဒါကို အိမ်တွင်းဆေးနည်းတချို့ဖြင့် ထိရောက်စွာ ဖြေရှင်းနိုင်ပါတယ်။ ကလေးတွေမှာလည်း ဒီဆံကေသာပြသနာတွေ ကြုံတွေ့နိုင်ပါတယ်။

·         လက်ဖက်ရွက်ဆီ tea tress oil က ဗောက်အတွက် အထိရောက်ဆုံး အိမ်တွင်းဆေးနည်းတွေထဲက တစ်ခုဖြစ်ပြီး အရေပြားခြောက်သွေ့၊ ယားယံမှုတွေ သက်သာစေနိုင်ပါတယ်။ Tea tree oil (၁၂) စက်ကို မက်မွန်ဆီ သို့မဟုတ် သံလွင်ဆီနဲ့ ရောစပ်ပါ။ အဲဒီထဲ ဂွမ်းလေးနှစ်ပြီး ဦးရေပြားမှာ လူးပေးရပါမယ်။ မိနစ် ၃၀ ထားပြီး ရေအေးနဲ့ ပြန်ဆေးချပါ။

·         ရှောက်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ဗောက်တွေကို သဘာဝအလျောက် ဖြေရှင်းပေးတဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ဦးရေပြားမှာ အရည်ညှစ်ထုတ် သို့မဟုတ် တိုက်ရိုက်ပွတ်လိမ်းပေးနိုင်ပါတယ်။

·         ဆံပင်ကို ရေစွတ်ပြီး ဦးရေပြားမှာ မှုန့်ဖုတ်ဆိုဒါ လက်တစ်ဆုတ်စာလောက် ဖျန်းပါ။ နံ့စပ်အောင် နှိပ်နယ်ပေးရပါမယ်။ ခေါင်းလျှော်ရည်အပျော့နဲ့ သန့်စင်ပေးပါ။ မှုန့်ဖုတ်ဆိုဒါက မှိုတွေရှင်းထုတ်ပြီး ဆံကေသာတွေ သန့်ရှင်းသပ်ရပ်စေပါတယ်။

·         ကြိတ်ခြေထားတဲ့ ငှက်ပြောသီးတစ်ခြမ်းရယ်၊ ဒိန်ချဉ်ထမင်းစားဇွန်း (၁) ဇွန်းရယ်၊ မက်မွန်ဆီ ထမင်းစားဇွန်း (၄) ဇွန်းရယ်နဲ့ ရောစပ်ပြီး ခပ်ပျစ်ပျစ်အရည်ပြုလုပ်ပါ။ အဲဒီအရည်ပျစ်ပျစ်နဲ့ ဦးရေပြားကို နှိပ်နယ်ပြီး မိနစ် ၂၀ ထားပါ။ ပြီးတော့ ခေါင်းလျှော်ရည်အပျော့နဲ့ ခေါင်းလျှော်ပေးပါ။

·         ခေါင်းမလျှော်ခင်လေး ဆံပင်ဖြီးပေးတာကလည်း သိသာနေတဲ့ အဖြူဖတ်တွေ ဖယ်ရှားပေးပါတယ်။ ဆေးစွက်ခေါင်းလျှော်ရည်မသုံးရင် ကလေးသုံးခေါင်းလျှော်ရည်လည်း အသုံးပြုနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top