iMyanmarHouse.com - Best Property Website for Myanmar
×

မင္းသားႀကီး Sean Pann ကေတာ့ လူသာအိုသြားတာပါ။ သူ႔ရဲ႕ စန္းေတြကေတာ့ မက်ေသးဘူးလို႔ ေျပာရမယ့္ ပံုပါပဲ။ အခုအခ်ိန္မွာေတာ့ ကိုယ့္သမီးထက္အသက္ငယ္တဲ့ အလွပေဂးေလးနဲ႔ Sean Pann တစ္ေယာက္ ခ်စ္သူျဖစ္ေနပါၿပီ။


  ေနာက္ဆံုးထြက္ေပၚလာတဲ့ ဓာတ္ပံုေတြအရေတာ့ Sean Pann ဟာ Law And Order: Criminal Intent အစီအစဥ္တင္ဆက္သူျဖစ္တဲ့ Vincent D’Onofrio ရဲ႕ သမီးျဖစ္သူ မင္းသမီးေခ်ာေလး Lelia George နဲ႔ ကမ္းေျခမွာ ခ်စ္ဇာတ္ခင္းေနၾကတဲ့ ဓာတ္ပံုေတြ မီဒီယာေတြေပၚမွာ ျပန္႔ၾကဲလ်က္ရွိေနတာပါ။

သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးဟာ ေကာလဟလထြက္ေနခဲ့တာ ၾကာျမင့္ေနၿပီျဖစ္ၿပီး အသက္ ၂၄ ႏွစ္အရြယ္ မင္းသမီးကနဲ႔ အသက္ ၅၆ ႏွစ္အရြယ္ မင္းသားတို႔ဟာ ဟာဝုိင္ယီကမ္းေျခမွာ ဗုဒၶဟူးေန႔က အပန္းေျဖေနခဲ့ၾကတာျဖစ္ပါတယ္။



ကုိယ့္သမီးအရြယ္ေလာက္ရွိတဲ့ သူနဲ႔တြဲေနတယ္လုိ႔ Sean Pann ကို ေျပာမယ္ဆုိရင္လည္း မွားမယ္မထင္ပါဘူး။  Lelia George ရဲ႕ ဖခင္ျဖစ္သူဟာ အသက္ ၅၇ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး Sean Pann ထက္ တစ္ႏွစ္သာၾကီးတဲ့ အေနအထားမွာရွိေနခဲ့တာပါ။

ခ်ားလ္ဇ္သီရြန္နဲ႔ လက္တြဲျဖဳတ္ခဲ့တဲ့ Sean Pann ဟာဆုိရင္ေတာ့ ေလာေလာဆယ္မွာ အခုလို မင္းသမီးငယ္ေလးနဲ႔ အခ်စ္ေရကုိ တစ္စခန္း ထူေထာင္ဖုိ႔ ၾကိဳးစားေနပံုပါပဲ။ Sean Pann ဟာ သမီးျဖစ္သူ Dylan ထက္ ငယ္ရြယ္တဲ့ Lelia ကို ကမ္းေျခမွာ အနမ္းေတြ လိမ့္ေျခြေနၿပီး Lelia ကလည္း အရမ္းကို ေပ်ာ္ရႊင္ေနပံုေပၚပါတယ္။



Lelia နဲ႔ Sean တုိ႔ဟာ သမီးရည္းစားေတြျဖစ္ေနၾကေပမယ့္လည္း အျပင္မွာ ခ်ိန္းေတြ႕ဖို႔ မအားလပ္ျဖစ္ေနၾကၿပီး ဟာဝိုင္ယီကမ္းေျခမွာ အခုမွ ေအးေအးေဆးေဆးေတြ႕ၾကရတဲ့ ပံုပါပဲ။ မိ္န္းမေပြတဲ့ Sean Pann တစ္ေယာက္ေတာ့ ကိုယ့္သမီးအရြယ္နဲ႔ေရာ ဘယ္ေလာက္ၾကာေအာင္ လက္တဲြမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။


Credit:Thit Htoo Lwin

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မင်းသားကြီး Sean Pann ကတော့ လူသာအိုသွားတာပါ။ သူ့ရဲ့ စန်းတွေကတော့ မကျသေးဘူးလို့ ပြောရမယ့် ပုံပါပဲ။ အခုအချိန်မှာတော့ ကိုယ့်သမီးထက်အသက်ငယ်တဲ့ အလှပဂေးလေးနဲ့ Sean Pann တစ်ယောက် ချစ်သူဖြစ်နေပါပြီ။



  နောက်ဆုံးထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရတော့ Sean Pann ဟာ Law And Order: Criminal Intent အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Vincent D’Onofrio ရဲ့ သမီးဖြစ်သူ မင်းသမီးချောလေး Lelia George နဲ့ ကမ်းခြေမှာ ချစ်ဇာတ်ခင်းနေကြတဲ့ ဓာတ်ပုံတွေ မီဒီယာတွေပေါ်မှာ ပြန့်ကြဲလျက်ရှိနေတာပါ။


သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ကောလဟလထွက်နေခဲ့တာ ကြာမြင့်နေပြီဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် မင်းသမီးကနဲ့ အသက် ၅၆ နှစ်အရွယ် မင်းသားတို့ဟာ ဟာဝိုင်ယီကမ်းခြေမှာ ဗုဒ္ဓဟူးနေ့က အပန်းဖြေနေခဲ့ကြတာဖြစ်ပါတယ်။




ကိုယ့်သမီးအရွယ်လောက်ရှိတဲ့ သူနဲ့တွဲနေတယ်လို့ Sean Pann ကို ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။  Lelia George ရဲ့ ဖခင်ဖြစ်သူဟာ အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး Sean Pann ထက် တစ်နှစ်သာကြီးတဲ့ အနေအထားမှာရှိနေခဲ့တာပါ။


ချားလ်ဇ်သီရွန်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ Sean Pann ဟာဆိုရင်တော့ လောလောဆယ်မှာ အခုလို မင်းသမီးငယ်လေးနဲ့ အချစ်ရေကို တစ်စခန်း ထူထောင်ဖို့ ကြိုးစားနေပုံပါပဲ။ Sean Pann ဟာ သမီးဖြစ်သူ Dylan ထက် ငယ်ရွယ်တဲ့ Lelia ကို ကမ်းခြေမှာ အနမ်းတွေ လိမ့်ခြွေနေပြီး Lelia ကလည်း အရမ်းကို ပျော်ရွှင်နေပုံပေါ်ပါတယ်။




Lelia နဲ့ Sean တို့ဟာ သမီးရည်းစားတွေဖြစ်နေကြပေမယ့်လည်း အပြင်မှာ ချိန်းတွေ့ဖို့ မအားလပ်ဖြစ်နေကြပြီး ဟာဝိုင်ယီကမ်းခြေမှာ အခုမှ အေးအေးဆေးဆေးတွေ့ကြရတဲ့ ပုံပါပဲ။ မိန်းမပွေတဲ့ Sean Pann တစ်ယောက်တော့ ကိုယ့်သမီးအရွယ်နဲ့ရော ဘယ်လောက်ကြာအောင် လက်တွဲမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။



Credit:Thit Htoo Lwin



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top