iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ဘဝကို သက္ေရာက္မႈရွိေနတဲ့ ေရြးခ်ယ္မႈေတြကို သင္ ေန႔စဥ္ ျပဳလုပ္ေနပါတယ္။ ဘဝလက္တြဲေဖာ္အစစ္အမွန္(Soulmate) ရွာတဲ့အခါမွာ သင္ရဲ႕ရွာေဖြမႈကို ေႏွာင့္ယွက္ေနတဲ့အရာတြင္ ရွိေနသလားလို႔ သင့္ကိုသင္ ျပန္ေမးသင့္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ ဘဝလက္တြဲေဖာ္ ေတြ႕ေနရင္ေတာင္ မေတြ႕ဘူးလို႔ သင္ထင္မိေနမွာပါ။

၁။ ဝန္ထုပ္ဝန္ပိုး

 သင့္ရဲ႕အတိတ္က အခ်စ္ေရးေတြနဲ႔ အခက္အခဲေတြဟာ သင့္ရဲ႕ဘဝအစိတ္အပိုင္းအျဖစ္ အျမဲရွိေနမွာပါ။ ဒါေပမဲ့ အဲဒါေတြဟာ သင့္ကို ထိန္းခ်ဳပ္ေနတဲ့အရာေတြ မျဖစ္ပါေစနဲ႔။ သင့္မွာ စိတ္မခ်မ္းေျမ့စရာ အတိတ္ရွိေနပါေစဦးေတာ့ အဲဒါေတြကိုပဲ ျပန္ေတြးၿပီး ခံစားမေနသင့္ပါဘူး။ အဲဒီလိုမွ မလုပ္ႏိုင္ရင္ေတာ့ သင့္ရဲ႕အျမင္ေတြကို အတိတ္က အရိပ္ေတြက ပိတ္ဆုိ႔ေနၿပီး ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ဖန္တီးဖုိ႔ ျဖစ္ႏုိင္မွာ မဟုတ္ပါဘူး။ သင့္ရဲ႕စိတ္ထဲမွာ ၿငိမ္းခ်မ္းမႈ ရွိမေနတဲ့အတြက္ သင့္လက္တြဲေဖာ္အေပၚ ဆိုးရြားတဲ့ သက္ေရာက္မႈေတြ ျဖစ္ေပၚေစႏုိင္ပါတယ္။

၂။ အေၾကာက္တရား

အေၾကာက္တရားဟာ လူေတြရဲ႕လမ္းေၾကာင္းကို အျမဲပိတ္ဆို႔ေနတဲ့ အရာတစ္ခုပါ။ ဘဝလက္တြဲေဖာ္ေတြ႕ခ်ိန္မွာ သူ႔ကို ရင္နဲ႔အျပည့္ ခ်စ္လုိက္ရမွာကို သင္ေၾကာက္ရြံ႕ေနတယ္။ သင့္တစ္ဘဝလံုး ခ်စ္ခဲ့ရတဲ့ လူေတြ ရွိေနခ်ိန္မွာ သင္တို႔ႏွစ္ေယာက္ၾကားက နက္႐ႈိင္းတဲ့ စိတ္ခ်င္းဆက္သြယ္မႈေၾကာင့္ သူ႔ကို စိတ္ရွိတိုင္းခ်စ္လုိက္ရမွာ သင့္အတြက္ စြန္႔စားမႈႀကီးတစ္ခု ျဖစ္ေနတယ္။ အဲဒီစြန္႔စားမႈကို သင္မလုပ္သေရြ႕ သင့္ဘဝထဲကို သင့္ရဲ႕ဘဝအေဖာ္မြန္က ဝင္လာလို႔ မရႏုိင္ပါဘူး။

၃။ ဘဝတစ္ခု ထူေထာင္ထားျခင္း


လူေတြဟာ Soulmate ဆုိတာ ဘယ္ေတာ့မွ ရွာေတြ႕မွာမဟုတ္ဘူးလို႔ ေတြးၿပီး ေၾကာက္ၾကတယ္။ အဲဒါေၾကာင့္ Soulmate မဟုတ္တဲ့ ရည္းစား ဒါမွမဟုတ္ တစ္စံုတစ္ေယာက္နဲ႔ ဘဝတစ္ခုကို ထူေထာင္လိုက္တယ္။ လူေတြဟာ အထီးက်န္ရမွာကို ေၾကာက္ရြံ႕တဲ့အတြက္ အဆင္မေျပေပမဲ့လည္း လက္ရွိတြဲေနသူနဲ႔ပဲ ခ်စ္သူသက္တမ္းေတြ ရွည္ၾကာၿပီး သူသာ ငါ့လက္တြဲေဖာ္ပဲလုိ႔ ဇြတ္အတင္း မွတ္ယူၿပီး လက္ထပ္ဖုိ႔အထိ ဆံုးျဖတ္ခဲ့ၾကတယ္။ အဲဒီလို တစ္စံုတစ္ေယာက္အေပၚ ကတိေတြ လြန္ထားခဲ့မယ္၊ အဆင္မေျပတဲ့ အခ်စ္ေရးကိုပဲ စိတ္က တြယ္ၿငိေနမယ္ဆုိရင္ သင့္ရဲ႕ဘဝလက္တြဲေဖာ္ အစစ္အမွန္ကို ရွာႏုိင္မွာ မဟုတ္ပါဘူး။

၄။ မျဖစ္ႏုိင္တဲ့ ေမွ်ာ္မွန္းခ်က္ေတြ


အရာရာျပည့္စံုေကာင္းမြန္ျခင္းဆုိတာ မရွိပါဘူး။ သင့္ရဲ႕ Soulmate နဲ႔ ေတြ႕တာနဲ႔ ဘဝဆုိတာ လြယ္ကူေခ်ာေမြ႕သြားမွာ မဟုတ္ပါဘူး။  သင္တုိ႔ႏွစ္ေယာက္ၾကား နားလည္မႈ တည္ေဆာက္ေနခ်ိန္မွာ အဆင္မေျပမႈေတြနဲ႔ နာက်င္စရာေတြ ရွိေနမွာပါပဲ။ သင့္ရဲ႕ Soulmate က သင့္ရဲ႕စိတ္ကို  ရင့္က်က္ေျပာင္းလဲေစဖုိ႔ စိန္ေခၚလာလိမ့္မယ္။ ဒါေပမဲ့ အဲဒါဟာ ေကာင္းတဲ့အရာပါ။ အဲဒါေတြေၾကာင့္ပဲ သင္ဟာ ပိုၿပီး အသိအျမင္ၾကြယ္လာမယ္၊ ပိုၿပီး စိတ္ဓာတ္ခုိင္မာလာမယ္၊ ႏွစ္ေယာက္အတူ ရရွိတဲ့ အေတြ႕အၾကံဳေတြကို ပိုၿပီး ႏွစ္သက္လာပါလိမ့္မယ္။


Credit:Duwun

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ရဲ့ဘဝကို သက်ရောက်မှုရှိနေတဲ့ ရွေးချယ်မှုတွေကို သင် နေ့စဉ် ပြုလုပ်နေပါတယ်။ ဘဝလက်တွဲဖော်အစစ်အမှန်(Soulmate) ရှာတဲ့အခါမှာ သင်ရဲ့ရှာဖွေမှုကို နှောင့်ယှက်နေတဲ့အရာတွင် ရှိနေသလားလို့ သင့်ကိုသင် ပြန်မေးသင့်ပါတယ်။ ဒီအချက်တွေကြောင့် ဘဝလက်တွဲဖော် တွေ့နေရင်တောင် မတွေ့ဘူးလို့ သင်ထင်မိနေမှာပါ။

၁။ ဝန်ထုပ်ဝန်ပိုး

 သင့်ရဲ့အတိတ်က အချစ်ရေးတွေနဲ့ အခက်အခဲတွေဟာ သင့်ရဲ့ဘဝအစိတ်အပိုင်းအဖြစ် အမြဲရှိနေမှာပါ။ ဒါပေမဲ့ အဲဒါတွေဟာ သင့်ကို ထိန်းချုပ်နေတဲ့အရာတွေ မဖြစ်ပါစေနဲ့။ သင့်မှာ စိတ်မချမ်းမြေ့စရာ အတိတ်ရှိနေပါစေဦးတော့ အဲဒါတွေကိုပဲ ပြန်တွေးပြီး ခံစားမနေသင့်ပါဘူး။ အဲဒီလိုမှ မလုပ်နိုင်ရင်တော့ သင့်ရဲ့အမြင်တွေကို အတိတ်က အရိပ်တွေက ပိတ်ဆို့နေပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဖန်တီးဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့စိတ်ထဲမှာ ငြိမ်းချမ်းမှု ရှိမနေတဲ့အတွက် သင့်လက်တွဲဖော်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ အကြောက်တရား

အကြောက်တရားဟာ လူတွေရဲ့လမ်းကြောင်းကို အမြဲပိတ်ဆို့နေတဲ့ အရာတစ်ခုပါ။ ဘဝလက်တွဲဖော်တွေ့ချိန်မှာ သူ့ကို ရင်နဲ့အပြည့် ချစ်လိုက်ရမှာကို သင်ကြောက်ရွံ့နေတယ်။ သင့်တစ်ဘဝလုံး ချစ်ခဲ့ရတဲ့ လူတွေ ရှိနေချိန်မှာ သင်တို့နှစ်ယောက်ကြားက နက်ရှိုင်းတဲ့ စိတ်ချင်းဆက်သွယ်မှုကြောင့် သူ့ကို စိတ်ရှိတိုင်းချစ်လိုက်ရမှာ သင့်အတွက် စွန့်စားမှုကြီးတစ်ခု ဖြစ်နေတယ်။ အဲဒီစွန့်စားမှုကို သင်မလုပ်သရွေ့ သင့်ဘဝထဲကို သင့်ရဲ့ဘဝအဖော်မွန်က ဝင်လာလို့ မရနိုင်ပါဘူး။

၃။ ဘဝတစ်ခု ထူထောင်ထားခြင်း


လူတွေဟာ Soulmate ဆိုတာ ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူးလို့ တွေးပြီး ကြောက်ကြတယ်။ အဲဒါကြောင့် Soulmate မဟုတ်တဲ့ ရည်းစား ဒါမှမဟုတ် တစ်စုံတစ်ယောက်နဲ့ ဘဝတစ်ခုကို ထူထောင်လိုက်တယ်။ လူတွေဟာ အထီးကျန်ရမှာကို ကြောက်ရွံ့တဲ့အတွက် အဆင်မပြေပေမဲ့လည်း လက်ရှိတွဲနေသူနဲ့ပဲ ချစ်သူသက်တမ်းတွေ ရှည်ကြာပြီး သူသာ ငါ့လက်တွဲဖော်ပဲလို့ ဇွတ်အတင်း မှတ်ယူပြီး လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလို တစ်စုံတစ်ယောက်အပေါ် ကတိတွေ လွန်ထားခဲ့မယ်၊ အဆင်မပြေတဲ့ အချစ်ရေးကိုပဲ စိတ်က တွယ်ငြိနေမယ်ဆိုရင် သင့်ရဲ့ဘဝလက်တွဲဖော် အစစ်အမှန်ကို ရှာနိုင်မှာ မဟုတ်ပါဘူး။

၄။ မဖြစ်နိုင်တဲ့ မျှော်မှန်းချက်တွေ


အရာရာပြည့်စုံကောင်းမွန်ခြင်းဆိုတာ မရှိပါဘူး။ သင့်ရဲ့ Soulmate နဲ့ တွေ့တာနဲ့ ဘဝဆိုတာ လွယ်ကူချောမွေ့သွားမှာ မဟုတ်ပါဘူး။  သင်တို့နှစ်ယောက်ကြား နားလည်မှု တည်ဆောက်နေချိန်မှာ အဆင်မပြေမှုတွေနဲ့ နာကျင်စရာတွေ ရှိနေမှာပါပဲ။ သင့်ရဲ့ Soulmate က သင့်ရဲ့စိတ်ကို  ရင့်ကျက်ပြောင်းလဲစေဖို့ စိန်ခေါ်လာလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ ကောင်းတဲ့အရာပါ။ အဲဒါတွေကြောင့်ပဲ သင်ဟာ ပိုပြီး အသိအမြင်ကြွယ်လာမယ်၊ ပိုပြီး စိတ်ဓာတ်ခိုင်မာလာမယ်၊ နှစ်ယောက်အတူ ရရှိတဲ့ အတွေ့အကြုံတွေကို ပိုပြီး နှစ်သက်လာပါလိမ့်မယ်။


Credit:Duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top