iMyanmarHouse.com - Best Property Website for Myanmar
×

"ခ်စ္တိုင္းလည္း မညား" ဆိုတဲ့ စကားကိုေတာ့ အားလံုးရင္းႏွီးၿပီးသားပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ေနပါလ်က္နဲ႔ ဘာလို႔ ေရွ႕မဆက္ႏိုင္ရတာလဲဆိုတဲ့ေမးခြန္းအတြက္ မိဘေတြေၾကာင့္(သို႔) ေငြေၾကးေၾကာင့္ ဆိုတ့ဲ အေျဖကေတာ့ ေခတ္မရွိေတာ့ပါဘူး။ တစ္ကယ္ မွန္ကန္တဲ့ အေျဖကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ နားမလည္ႏိုင္ၾကလို႔ ၊ မယံုၾကည္ ၾကလို႔ပဲ ျဖစ္ပါတယ္။  ေယာက်ာၤးေလးအမ်ားစု Relationship မွာ ႀကံဳေတြ႔ရတဲ့ ျပႆနာတစ္ခုကေတာ့ မိမိ လုပ္သမွ် အားလံုးနီးပါး သံသယ ၀င္ ၿပီး မယံုမၾကည္ျဖစ္ေနတဲ့ ခ်စ္သူ ေကာင္မေလးကို ထိေရာက္ေအာင္ မေျဖရွင္း ႏိုင္ၾကတာပဲ ျဖစ္ပါတယ္။ ဒါမ်ိဳးေတြက ၂၁ ရာစု Relationship ေတြမွာ ျဖစ္ေလ့ျဖစ္ထရွိပါတယ္။

တစ္ကယ္လို႔ သင့္ရဲ ႔ ခ်စ္သူေကာင္မေလးဟာ သင့္အတြက္ လိုအပ္တယ္ဆိုရင္ေတာ့ အဲဒီလို သံသယ ၀င္ေနမႈေတြကို ေျဖရွင္းဖို႔အတြက္လည္း သင္ အခ်ိန္တစ္ခု လိုအပ္ပါလိမ့္မယ္။ အဲဒီ အခ်ိန္တစ္ခုအတြင္းမွာ သင္ လုပ္ေဆာင္ရမယ့္ နည္းလမ္းေလးေတြကေတာ့ -

၁။ သင့္ရဲ ႔ တစ္ေန႔တာ အခ်ိန္ဇယားမွာ သူမကို ပါ၀င္ပါေစ

တစ္နာရီပဲ ျဖစ္ေစ ၊ ႏွစ္ နာရီပဲ ျဖစ္ေစ ၊  သူမ နဲ႔ အတူရွိခ်ိန္ေတြကို ေန႔စဥ္ ဖန္တီးေပးပါ။ ရည္းစားျဖစ္ကာစက လို ခ်ိန္းေတြ႔ဖို႔ ဆိုလိုတာ မဟုတ္ပါဘူး။ အိမ္မွာ ရုပ္ရွင္ အတူၾကည့္တာပဲ ျဖစ္ျဖစ္ ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ တစ္ေန႔တာ ႀကံဳေတြ႔ခဲ့ရသမွ်ေတြကို အျပန္အလွန္ ေျပာဆို နားေထာင္ေပးတာပဲ ျဖစ္ျဖစ္ ရိုးရွင္းစြာ ေတြ႔ဆံုေပးပါ။ တစ္ကယ္လို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ေန႔စဥ္ ေတြ႔ဆံုဖို႔အထိ မျဖစ္ႏိုင္တဲ့ အေျခအေနေတြရွိတယ္ ဆိုရင္လည္း ဖုန္းနဲ႔ ျဖစ္ေစ ၊ Chat အက္ပလီေကးရွင္း တစ္ခုခုကို အသံုးျပဳၿပီး ျဖစ္ေစ သူမနဲ႔ အတူရွိႏိုင္ဖို႔ အခ်ိန္ေပးပါ။

၂။ သင့္ရဲ ႔ အခ်ိန္ျဖဳန္းေနၾက အဖြဲ႔ထဲမွာ သူမကို ထည့္သြင္းလိုက္ပါ

သင့္ ခ်စ္သူ ေကာင္မေလးဟာ သင့္ သူငယ္ခ်င္းေတြၾကားထဲမွာ ၀င္ဆန္႔ႏိုင္ဖို႔အတြက္ လိုအပ္ခ်က္ေတြ ရွိေနႏိုင္ပါတယ္။ သူမက လူမႈေရး နားမလည္တာလည္းျဖစ္ႏိုင္ပါတယ္။ ဒါေတြဟာ မလံုၿခံဳမႈ သေဘာကို ေဆာင္တဲ့ လကၡဏာေတြပါ။ သင့္ေကာင္မေလးကို သင့္သူငယ္ခ်င္းေတြနဲ႔ စကားေျပာျဖစ္ေအာင္ ဖန္တီးေပးပါ။ အထူးသျဖင့္ မိန္းကေလး သူငယ္ခ်င္းေတြနဲ႔ ပိုမိုရင္းႏွီးေနပါေစ။ သင့္ခ်စ္သူေကာင္မေလးကို သင့္ဘ၀နဲ႔ သင့္ လူမႈေရး က႑ေတြမွာ တစ္စိတ္တစ္ေဒသ အျဖစ္ ခံစားခြင့္ ေပးလိုက္ပါ။ အဲဒီလိုနဲ႔ သူမဟာ သင့္ ဘ၀ အေၾကာင္းကို ပိုမိုနားလည္လာႏိုင္ၿပီး သံသယေတြ ေလ်ာ့နည္းသြားေစပါလိမ့္မယ္။

၃။ Double Dates ေလးေတြ ဖန္တီးေပးပါ

Double Dates ဆိုတာဟာ သူငယ္ခ်င္း စံုတြဲ ႏွစ္တြဲ ၊ အတူတကြ ခ်ိန္းေတြ႔မႈ(Date) ျပဳလုပ္ျခင္းကို ဆိုလိုပါတယ္။ Double Dates လုပ္တဲ့အခါမွာ တစ္ဖက္ စံုတြဲကလည္း သူတို႔အေနနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အရမ္းခ်စ္ၾကတယ္ဆိုတာကို သင္တို႔ စံုတြဲ သိသြားေအာင္ အျပန္အလွန္ ဂရုစိုက္ျပပါလိမ့္မယ္။ အဲဒီအခါမွာ သင္တို႔စံုတြဲဟာလည္း သံသယျဖစ္ေနဖို႔ ၊ ရန္ုျဖစ္ေနဖို႔ထက္ တစ္ဖက္စံုတြဲထက္သာ ေအာင္ နားလည္မႈ ကိုယ္စီ ရွိရမယ္ဆိုတာကို အေလ့အက်င့္တစ္ခု ျဖစ္လာေစပါလိမ့္မယ္။ မလိုအပ္တဲ့ ဂရုစိုက္မႈမ်ိဳးေတြဟာ ေဘးလူတစ္ေယာက္ အျမင္မွာ မသင့္ေတာ္ဘူးဆိုတာကုိလည္း သတိထားမိလာပါလိမ့္မယ္။

၄။ တစ္ခါတစ္ေလ ထက္ပိုၿပီး သူမကို အသိအမွတ္ ျပဳေပးပါ

အသိအမွတ္ျပဳတယ္ဆိုတဲ့ အေၾကာင္းကို မေျပာခင္ သင့္ခ်စ္သူမွာ သင္လုပ္သမွ် သံသယ ၀င္ေနတဲ့ အမူအက်င့္ တစ္ခုရွိေနတယ္ဆိုတာကို သင္ ျပန္လည္ သတိရလိုက္ပါ။ သင့္ခ်စ္သူ ေကာင္မေလး အေနနဲ႔ သင္ ဘယ္ေတြသြားေနတာလည္း ၊ သင္ ဘာေတြလုပ္ေနတာလဲ စတာေတြကို ေမးျမန္းဖို႔ ႀကိဳးစားေနတယ္ဆိုတာဟာ သူမအတြက္ ေတာ့ သင့္ကို ဂရုစိုက္တယ္ဆိုတဲ့ သေဘာ ကို ေဖာ္ျပခ်င္တာပါ။ အဲဒီအတြက္ အျပန္အလွန္အားျဖင့္ သင့္ဘက္ကလည္း သူမ ဘယ္ေတြသြားေနတယ္ ၊ သူမ ဘာေတြလုပ္ေနတယ္ဆိုတာကို ဂရုတစိုက္ ျပန္လည္ ေမးျမန္းလိုက္တဲ့အခါမွာ သူမအတြက္ သံသယ ကို ျဖစ္ေပၚေစတဲ့ မလံုၿခံဳမႈေတြ ေလ်ာ့က်သြားပါလိမ့္မယ္။

၅။ သူမ ကို ဦးစားေပး ေရြးခ်ယ္ခြင့္ ျပဳလိုက္ပါ

ဒါ ေနာက္ဆံုး နည္းလမ္းပါ။ အထက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေတြကို သင့္အေနနဲ႔ ႀကိဳးစားခဲ့ေပမယ့္လည္း သင့္ခ်စ္သူ ေကာင္မေလးရဲ ႔ မလံုၿခံဳဘူးလို႔ ခံစားေနရမႈေတြ ၊ သံသယ ေတြ မေလ်ာ့က်သြားဘူးဆိုရင္ေတာ့ သင္လုပ္ႏိုင္တာ မရွိေတာ့ဘူးလို႔သာ မွတ္လိုက္ပါ။ အဆင္မေျပတဲ့ Relationship ကို ဆက္လက္ ေဖာ္ေဆာင္ေနရင္ေတာ့ တစ္ခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ထိခိုက္နာက်င္ေစမယ့္ အဆိပ္အေတာက္တစ္ခု အျဖစ္ အလြယ္တကူ ေျပာင္းလဲသြားပါလိမ့္မယ္။ သင့္ကို လံုေလာက္စြာ မယံုၾကည္ေပးႏိုင္တဲ့ တစ္စံုတစ္ေယာက္ကို သင္ဆက္ခ်စ္ေနလို႔ မရႏိုင္ပါဘူး။ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေစဖို႔ လက္တြဲျဖဳတ္လိုက္တာက သာ အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္။


Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

"ချစ်တိုင်းလည်း မညား" ဆိုတဲ့ စကားကိုတော့ အားလုံးရင်းနှီးပြီးသားပါ။ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေပါလျက်နဲ့ ဘာလို့ ရှေ့မဆက်နိုင်ရတာလဲဆိုတဲ့မေးခွန်းအတွက် မိဘတွေကြောင့်(သို့) ငွေကြေးကြောင့် ဆိုတဲ့ အဖြေကတော့ ခေတ်မရှိတော့ပါဘူး။ တစ်ကယ် မှန်ကန်တဲ့ အဖြေကတော့ တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်ကြလို့ ၊ မယုံကြည် ကြလို့ပဲ ဖြစ်ပါတယ်။  ယောကျာၤးလေးအများစု Relationship မှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ မိမိ လုပ်သမျှ အားလုံးနီးပါး သံသယ ဝင် ပြီး မယုံမကြည်ဖြစ်နေတဲ့ ချစ်သူ ကောင်မလေးကို ထိရောက်အောင် မဖြေရှင်း နိုင်ကြတာပဲ ဖြစ်ပါတယ်။ ဒါမျိုးတွေက ၂၁ ရာစု Relationship တွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

တစ်ကယ်လို့ သင့်ရဲ့ ချစ်သူကောင်မလေးဟာ သင့်အတွက် လိုအပ်တယ်ဆိုရင်တော့ အဲဒီလို သံသယ ဝင်နေမှုတွေကို ဖြေရှင်းဖို့အတွက်လည်း သင် အချိန်တစ်ခု လိုအပ်ပါလိမ့်မယ်။ အဲဒီ အချိန်တစ်ခုအတွင်းမှာ သင် လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေကတော့ -

၁။ သင့်ရဲ့ တစ်နေ့တာ အချိန်ဇယားမှာ သူမကို ပါဝင်ပါစေ

တစ်နာရီပဲ ဖြစ်စေ ၊ နှစ် နာရီပဲ ဖြစ်စေ ၊  သူမ နဲ့ အတူရှိချိန်တွေကို နေ့စဉ် ဖန်တီးပေးပါ။ ရည်းစားဖြစ်ကာစက လို ချိန်းတွေ့ဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ အိမ်မှာ ရုပ်ရှင် အတူကြည့်တာပဲ ဖြစ်ဖြစ် ၊ တစ်ယောက်နဲ့ တစ်ယောက် တစ်နေ့တာ ကြုံတွေ့ခဲ့ရသမျှတွေကို အပြန်အလှန် ပြောဆို နားထောင်ပေးတာပဲ ဖြစ်ဖြစ် ရိုးရှင်းစွာ တွေ့ဆုံပေးပါ။ တစ်ကယ်လို့ တစ်ယောက်နဲ့ တစ်ယောက် နေ့စဉ် တွေ့ဆုံဖို့အထိ မဖြစ်နိုင်တဲ့ အခြေအနေတွေရှိတယ် ဆိုရင်လည်း ဖုန်းနဲ့ ဖြစ်စေ ၊ Chat အက်ပလီကေးရှင်း တစ်ခုခုကို အသုံးပြုပြီး ဖြစ်စေ သူမနဲ့ အတူရှိနိုင်ဖို့ အချိန်ပေးပါ။

၂။ သင့်ရဲ့ အချိန်ဖြုန်းနေကြ အဖွဲ့ထဲမှာ သူမကို ထည့်သွင်းလိုက်ပါ

သင့် ချစ်သူ ကောင်မလေးဟာ သင့် သူငယ်ချင်းတွေကြားထဲမှာ ဝင်ဆန့်နိုင်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်။ သူမက လူမှုရေး နားမလည်တာလည်းဖြစ်နိုင်ပါတယ်။ ဒါတွေဟာ မလုံခြုံမှု သဘောကို ဆောင်တဲ့ လက္ခဏာတွေပါ။ သင့်ကောင်မလေးကို သင့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်အောင် ဖန်တီးပေးပါ။ အထူးသဖြင့် မိန်းကလေး သူငယ်ချင်းတွေနဲ့ ပိုမိုရင်းနှီးနေပါစေ။ သင့်ချစ်သူကောင်မလေးကို သင့်ဘဝနဲ့ သင့် လူမှုရေး ကဏ္ဍတွေမှာ တစ်စိတ်တစ်ဒေသ အဖြစ် ခံစားခွင့် ပေးလိုက်ပါ။ အဲဒီလိုနဲ့ သူမဟာ သင့် ဘ၀ အကြောင်းကို ပိုမိုနားလည်လာနိုင်ပြီး သံသယတွေ လျော့နည်းသွားစေပါလိမ့်မယ်။

၃။ Double Dates လေးတွေ ဖန်တီးပေးပါ

Double Dates ဆိုတာဟာ သူငယ်ချင်း စုံတွဲ နှစ်တွဲ ၊ အတူတကွ ချိန်းတွေ့မှု(Date) ပြုလုပ်ခြင်းကို ဆိုလိုပါတယ်။ Double Dates လုပ်တဲ့အခါမှာ တစ်ဖက် စုံတွဲကလည်း သူတို့အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတယ်ဆိုတာကို သင်တို့ စုံတွဲ သိသွားအောင် အပြန်အလှန် ဂရုစိုက်ပြပါလိမ့်မယ်။ အဲဒီအခါမှာ သင်တို့စုံတွဲဟာလည်း သံသယဖြစ်နေဖို့ ၊ ရန်ုဖြစ်နေဖို့ထက် တစ်ဖက်စုံတွဲထက်သာ အောင် နားလည်မှု ကိုယ်စီ ရှိရမယ်ဆိုတာကို အလေ့အကျင့်တစ်ခု ဖြစ်လာစေပါလိမ့်မယ်။ မလိုအပ်တဲ့ ဂရုစိုက်မှုမျိုးတွေဟာ ဘေးလူတစ်ယောက် အမြင်မှာ မသင့်တော်ဘူးဆိုတာကိုလည်း သတိထားမိလာပါလိမ့်မယ်။

၄။ တစ်ခါတစ်လေ ထက်ပိုပြီး သူမကို အသိအမှတ် ပြုပေးပါ

အသိအမှတ်ပြုတယ်ဆိုတဲ့ အကြောင်းကို မပြောခင် သင့်ချစ်သူမှာ သင်လုပ်သမျှ သံသယ ဝင်နေတဲ့ အမူအကျင့် တစ်ခုရှိနေတယ်ဆိုတာကို သင် ပြန်လည် သတိရလိုက်ပါ။ သင့်ချစ်သူ ကောင်မလေး အနေနဲ့ သင် ဘယ်တွေသွားနေတာလည်း ၊ သင် ဘာတွေလုပ်နေတာလဲ စတာတွေကို မေးမြန်းဖို့ ကြိုးစားနေတယ်ဆိုတာဟာ သူမအတွက် တော့ သင့်ကို ဂရုစိုက်တယ်ဆိုတဲ့ သဘော ကို ဖော်ပြချင်တာပါ။ အဲဒီအတွက် အပြန်အလှန်အားဖြင့် သင့်ဘက်ကလည်း သူမ ဘယ်တွေသွားနေတယ် ၊ သူမ ဘာတွေလုပ်နေတယ်ဆိုတာကို ဂရုတစိုက် ပြန်လည် မေးမြန်းလိုက်တဲ့အခါမှာ သူမအတွက် သံသယ ကို ဖြစ်ပေါ်စေတဲ့ မလုံခြုံမှုတွေ လျော့ကျသွားပါလိမ့်မယ်။

၅။ သူမ ကို ဦးစားပေး ရွေးချယ်ခွင့် ပြုလိုက်ပါ

ဒါ နောက်ဆုံး နည်းလမ်းပါ။ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို သင့်အနေနဲ့ ကြိုးစားခဲ့ပေမယ့်လည်း သင့်ချစ်သူ ကောင်မလေးရဲ့ မလုံခြုံဘူးလို့ ခံစားနေရမှုတွေ ၊ သံသယ တွေ မလျော့ကျသွားဘူးဆိုရင်တော့ သင်လုပ်နိုင်တာ မရှိတော့ဘူးလို့သာ မှတ်လိုက်ပါ။ အဆင်မပြေတဲ့ Relationship ကို ဆက်လက် ဖော်ဆောင်နေရင်တော့ တစ်ချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ထိခိုက်နာကျင်စေမယ့် အဆိပ်အတောက်တစ်ခု အဖြစ် အလွယ်တကူ ပြောင်းလဲသွားပါလိမ့်မယ်။ သင့်ကို လုံလောက်စွာ မယုံကြည်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်ကို သင်ဆက်ချစ်နေလို့ မရနိုင်ပါဘူး။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့ လက်တွဲဖြုတ်လိုက်တာက သာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။


Credit: trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top