iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားေလးေတြက မိန္းကေလးတစ္ေယာက္ရဲ႕ ပထမဆုံးအခ်စ္ကုိ လုိခ်င္မိေပမယ့္ မိန္းကေလးေတြကေတာ့ ေယာက္်ားေလးတစ္ေယာက္ရဲ႕ ေနာက္ဆုံးအခ်စ္ကုိပဲ ေတာင့္တၾကပါတယ္။ မိန္းကေလးေတြအေနနဲ႕ အသက္ငယ္တဲ့ ေမာင္ေလးေတြဆီမွ အခ်စ္ကုိ ေမ်ွာ္လင့္ၾကေပမယ့္ မိန္းကေလးေတြဘဝမွာ တစ္သတ္မွာတစ္ခါေတာ့ ကုိကုိႀကီးမ်ားႏွင့္ ပတ္သတ္ဖူးၾကပါတယ္။ ကုိကုိႀကီးမ်ားကုိ ဘဝလက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္သင့္တဲ့ အေၾကာင္းအခ်က္မ်ားကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ ေလာကႀကီးအေၾကာင္း ပုိနားလည္ျခင္း

ကုိကုိေတြဟာ ေလာကႀကီးမွာ အေတြ႕အၾကံဳစုံလင္လွသည္နည္းတူ ဘယ္ေကြ႕မွာ ဘယ္တက္နဲ႔ေလွာ္ရမယ္ဆုိတာ ပုိၿပီးနားလည္ပါတယ္။ ကုိယ့္ဘဝအတြက္ ေလွကားထစ္သဖြယ္ ေရွ႕တက္လမ္းကုိ ျဖည့္ဆည္းေပးရင္း ေက်ာေထာက္ေနာက္ခံေက်းဇူးရွင္ႀကီးမ်ား ျဖစ္တတ္ပါတယ္။ အေကာင္းအဆုိး ၊ အေၾကာင္းအက်ိဳးမ်ားကုိ နည္းလမ္းတက် ကူညီေဖးမၿပီး ကုိယ့္ဘဝအတြက္ လမ္းျပၾကယ္မ်ား ျဖစ္ေနပါတယ္။

၂။ တိက်ျပတ္သားျခင္း

ရည္းစားသက္တမ္းတစ္ေလ်ွာက္မွာ ကိစၥတစ္စုံတစ္ရာေပၚလာတုိင္း ကုိယ့္အေပၚခ်ည္း အျပစ္ပုံခ်တတ္တဲ့ ရည္းစားမ်ိဳးကုိ ဘယ္မိန္းကေလးကမွ လုိခ်င္မွာ မဟုတ္ပါဘူး။ကုိကုိေတြကေတာ့ ျပႆနာတုိင္းအတြက္ တာဝန္ယူေျဖရွင္းလုိစိတ္အျပည့္ျဖင့္ ကူညီသြားပါလိမ့္မယ္။ ျပႆနာရပ္တုိင္းကုိ ေခါင္းေအးေအးေျဖရွင္းလုိစိတ္ရွိၿပီး အမွားအမွန္ကုိ တိက်ျပတ္သားစြာ စြမ္းေဆာင္ပါလိမ့္မယ္။

၃။ ေငြေၾကးကိစၥပူစရာမလုိျခင္း

ကုိကုိေတြဟာ အကြက္က်က်လုပ္ေဆာင္တတ္သူမ်ားပီပီ ရည္းစားျဖစ္တာနဲ႔တစ္ၿပိဳင္နက္ ဘဝေရွ႕ေရးအတြက္ ေငြးေၾကးစုေဆာင္းမႈမ်ား စတင္ေနပါၿပီ။ ေငြေၾကးကိစၥအတြက္ ပူစရာမလုိတဲ့အတြက္ အိမ္ေထာင္ေရးခ်စ္ခရီးမွာလည္း သာယာေခ်ာေမြ႕ေနပါၿပီ။ ေငြေရးေၾကးေရးမပူခ်င္ရင္ေတာ့ ကုိကုိႀကီးေတြမ်ားကုိ လက္တြဲလုိက္ပါေနာ္။

၄။ လင္ေယာက္်ားေကာင္းျဖစ္ျခင္း

ကုိယ့္ထက္ အသက္ငယ္တဲ့ “ေမာင္” ကုိ ေရြးခ်ယ္မိရင္ ကိစၥရပ္တုိင္းမွာ မုိက္ရူးရဲဆန္တာတုိ႔ ၊ ကေလးဆန္တာတုိ႔ လုပ္တတ္ၿပီး စိတ္မခ်မ္းမေျမ႕ျဖစ္စရာေတြ ၾကံဳတတ္ပါတယ္။ တကယ္တမ္းေတာ့ အေတြးအေခၚ ရင့္က်က္တဲ့ ကုိကုိေတြကသာ ျပႆနာတုိင္းကုိ ေခါင္းေအးေအးနဲ႕ ေျဖရွင္းႏုိင္ရုံသာမက ကုိယ့္အတြက္ “စီးတဲ့ေရ ဆယ္တဲ့ကန္သင္း” သဖြယ္ ဘဝအရွင္သခင္ အိမ္ဦးနတ္ႀကီးမ်ား ျဖစ္ပါတယ္။

၅။ အိမ္ေထာင္ေရး သုချပည့္စုံျခင္း

ဒီအခ်က္ကေတာ့ ေန႔စဥ္လူေနမႈဘဝသာမက လင္မယားႏွစ္ေယာက္ဘဝမွာပါ ျပည့္စုံခ်မ္းသာေစပါတယ္။ ကုိယ့္အတြက္ လုိခ်င္တဲ့စည္းစိမ္အမ်ိဳးမ်ိဳးကုိ အေတြ႕အၾကံဳမ်ားသူပီပီ လက္တြဲေခၚေဆာင္သြားရင္း ခ်စ္ဗိမာန္ကုိ ႏွစ္ကုိယ္တူူ လွမ္းကုိင္ႏုိင္ပါၿပီ။ ခ်စ္ခုန္တိမ္းမူဖြယ္ အေတြ႕အထိေတြနဲ႕ သာယာဖြယ္ေကာင္းတဲ့ ဖဲေမြ႕ယာထက္မွာ အခ်စ္စစ္ပြဲဆင္ႏႊဲဖုိ႔ဆုိရင္ ကုိကုိေတြကုိပဲ ေရြးခ်ယ္လုိက္ပါေနာ္။

Credit : akhayar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးအချစ်ကို လိုချင်မိပေမယ့် မိန်းကလေးတွေကတော့ ယောက်ျားလေးတစ်ယောက်ရဲ့ နောက်ဆုံးအချစ်ကိုပဲ တောင့်တကြပါတယ်။ မိန်းကလေးတွေအနေနဲ့ အသက်ငယ်တဲ့ မောင်လေးတွေဆီမှ အချစ်ကို မျှော်လင့်ကြပေမယ့် မိန်းကလေးတွေဘဝမှာ တစ်သတ်မှာတစ်ခါတော့ ကိုကိုကြီးများနှင့် ပတ်သတ်ဖူးကြပါတယ်။ ကိုကိုကြီးများကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းအချက်များကို ဖော်ပြလိုက်ပါတယ်။

၁။ လောကကြီးအကြောင်း ပိုနားလည်ခြင်း

ကိုကိုတွေဟာ လောကကြီးမှာ အတွေ့အကြုံစုံလင်လှသည်နည်းတူ ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်ရမယ်ဆိုတာ ပိုပြီးနားလည်ပါတယ်။ ကိုယ့်ဘဝအတွက် လှေကားထစ်သဖွယ် ရှေ့တက်လမ်းကို ဖြည့်ဆည်းပေးရင်း ကျောထောက်နောက်ခံကျေးဇူးရှင်ကြီးများ ဖြစ်တတ်ပါတယ်။ အကောင်းအဆိုး ၊ အကြောင်းအကျိုးများကို နည်းလမ်းတကျ ကူညီဖေးမပြီး ကိုယ့်ဘဝအတွက် လမ်းပြကြယ်များ ဖြစ်နေပါတယ်။

၂။ တိကျပြတ်သားခြင်း

ရည်းစားသက်တမ်းတစ်လျှောက်မှာ ကိစ္စတစ်စုံတစ်ရာပေါ်လာတိုင်း ကိုယ့်အပေါ်ချည်း အပြစ်ပုံချတတ်တဲ့ ရည်းစားမျိုးကို ဘယ်မိန်းကလေးကမှ လိုချင်မှာ မဟုတ်ပါဘူး။ကိုကိုတွေကတော့ ပြဿနာတိုင်းအတွက် တာဝန်ယူဖြေရှင်းလိုစိတ်အပြည့်ဖြင့် ကူညီသွားပါလိမ့်မယ်။ ပြဿနာရပ်တိုင်းကို ခေါင်းအေးအေးဖြေရှင်းလိုစိတ်ရှိပြီး အမှားအမှန်ကို တိကျပြတ်သားစွာ စွမ်းဆောင်ပါလိမ့်မယ်။

၃။ ငွေကြေးကိစ္စပူစရာမလိုခြင်း

ကိုကိုတွေဟာ အကွက်ကျကျလုပ်ဆောင်တတ်သူများပီပီ ရည်းစားဖြစ်တာနဲ့တစ်ပြိုင်နက် ဘဝရှေ့ရေးအတွက် ငွေးကြေးစုဆောင်းမှုများ စတင်နေပါပြီ။ ငွေကြေးကိစ္စအတွက် ပူစရာမလိုတဲ့အတွက် အိမ်ထောင်ရေးချစ်ခရီးမှာလည်း သာယာချောမွေ့နေပါပြီ။ ငွေရေးကြေးရေးမပူချင်ရင်တော့ ကိုကိုကြီးတွေများကို လက်တွဲလိုက်ပါနော်။

၄။ လင်ယောက်ျားကောင်းဖြစ်ခြင်း

ကိုယ့်ထက် အသက်ငယ်တဲ့ “မောင်” ကို ရွေးချယ်မိရင် ကိစ္စရပ်တိုင်းမှာ မိုက်ရူးရဲဆန်တာတို့ ၊ ကလေးဆန်တာတို့ လုပ်တတ်ပြီး စိတ်မချမ်းမမြေ့ဖြစ်စရာတွေ ကြုံတတ်ပါတယ်။ တကယ်တမ်းတော့ အတွေးအခေါ် ရင့်ကျက်တဲ့ ကိုကိုတွေကသာ ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်ရုံသာမက ကိုယ့်အတွက် “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း” သဖွယ် ဘဝအရှင်သခင် အိမ်ဦးနတ်ကြီးများ ဖြစ်ပါတယ်။

၅။ အိမ်ထောင်ရေး သုခပြည့်စုံခြင်း

ဒီအချက်ကတော့ နေ့စဉ်လူနေမှုဘဝသာမက လင်မယားနှစ်ယောက်ဘဝမှာပါ ပြည့်စုံချမ်းသာစေပါတယ်။ ကိုယ့်အတွက် လိုချင်တဲ့စည်းစိမ်အမျိုးမျိုးကို အတွေ့အကြုံများသူပီပီ လက်တွဲခေါ်ဆောင်သွားရင်း ချစ်ဗိမာန်ကို နှစ်ကိုယ်တူူ လှမ်းကိုင်နိုင်ပါပြီ။ ချစ်ခုန်တိမ်းမူဖွယ် အတွေ့အထိတွေနဲ့ သာယာဖွယ်ကောင်းတဲ့ ဖဲမွေ့ယာထက်မှာ အချစ်စစ်ပွဲဆင်နွှဲဖို့ဆိုရင် ကိုကိုတွေကိုပဲ ရွေးချယ်လိုက်ပါနော်။

Credit : akhayar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top