iMyanmarHouse.com - Best Property Website for Myanmar
×






Credit: duwun



Unicode Version

ကြက်ဥစားခြင်းဟာ နှလုံးအတွက် မကောင်းဘူးဆိုတာ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်သာ ဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။ ,ယင်းသို့ မဟုတ်တဲ့အပြင် ကြက်ဥဟာ ရောဂါတွေဖြစ်ပေါ်စေအောင် တွန်းအားပေးတဲ့ ဓာတ်တွေကိုတောင် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင်များက အရွယ်ရောက်ပြီးသူ တစ်သိန်းခန့်ရဲ့ နေ့စဉ်စားသောက်ပုံကို ကြည့်ပြီး သုတေသနလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယင်းလေ့လာချက်အရ နေ့စဉ် ကြက်ဥစားခြင်းက လေသင်တုန်းဖြတ်ခြင်းကို ၁၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ကြက်ဥဟာ နှလုံးရောဂါအပေါ် ဘာဆိုးကျိုးမှ မသက်ရောက်စေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကို ၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ကြက်ဥဟာ အောက်သွေးနဲ့ ဆက်စပ်နေတဲ့ ပရိုတင်းဓာတ်ရဲ့ အကောင်းမွန်ဆုံး အရင်းအမြစ်တစ်ခုလည်းဖြစ်ကြောင်း သုတေသီခေါင်းဆောင် ဒေါက်တာ ဒိုမီနစ်ခ်အလက်ဇန္ဒားဆိုပါတယ်။

Credit: duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top