iMyanmarHouse.com - Best Property Website for Myanmar
×

ေရေႏြးျဖင့္ေရစိမ္ျခင္းဟာ ဟိုးယခင္ကတည္းက ေဆး၀ါးအျဖစ္အသံုးျပဳလာခဲ့ၾကတာျဖစ္ၿပီး ယေန႔ထိတုိင္ေအာင္အသံုးျပဳေနေသာ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ ေလ့လာမႈေတြ အရ ေရေႏြးျဖင့္ကုသျခင္းဟာ အ႐ိုးအဆစ္ႏွင့္ႂကြက္သားေ၀ဒနာေတြကို အံ့ၾသစရာေကာင္းေလာက္ေအာင္ သက္သာေစတယ္လို႔ သတိရပါတယ္။

 ေရေႏြးျဖင့္ေရစိမ္ခ်ိဳးေပးျခင္းက ေရေႏြးအိတ္ကပ္သလိုျဖစ္ၿပီး နာက်င္ေတာင့္တင္းမႈေတြကို သက္သာေစၿပီး အခ်ိန္ေတာ္ေတာ္ၾကာသည့္တိုင္ ထိေရာက္မႈရွိတယ္လုိ႔ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ ေရေႏြးျဖင့္စိမ္ထားခ်ိန္တြင္ အ႐ိုးအဆစ္ေပၚတြင္သက္ေရာက္ေနတဲ့ ကမ႓ာေျမဆြဲအားကိုေလ်ာ့က်ေစျခင္း၊ ခႏၶာကိုယ္အပူခ်ိန္ကိုျမင့္တင္ေပးၿပီး ေသြးေၾကာေတြကို က်ယ္ေစျခင္းျဖင့္ ေသြးလည္ပတ္မႈ ကိုေကာင္းမြန္ေစျခင္းတို႔ျဖင့္ ေရာင္ရမ္းနာက်င္မႈေတြကို သက္သာေစပါတယ္။

ဘယ္ေလာက္ၾကာေအာင္ ေရေႏြးထဲတြင္စိမ္သင့္ပါသလဲ။
မိနစ္ 20 ဆုိလံုေလာက္ပါတယ္။ ေရဓာတ္ျပည့္၀ေနေစရန္ ေရေႏြးျဖင့္မစိမ္ခင္ႏွင့္ စိမ္ၿပီးေနာက္မွာ ေရ၀ေအာင္ ေသာက္ေပးဖို႔လိုအပ္ပါတယ္။

အရမ္းပူလြန္းတဲ့ေရဟာ ႏွလံုးက်န္းမာေရးကိုထိခိုက္ေစပါတယ္။ ဒါ့ေၾကာင့္ ေရပူမွာ မစိမ္သင့္ပါဘူး။ ေရေႏြးေႏြးေလးရေအာင္ ေသခ်ာစီစဥ္ၿပီးမွ ေရကန္ထဲ၀င္ပါ။  ေရေႏြးထဲတြင္ ၿငိမ္ၿငိမ္ေလးစိမ္ေနမယ့္အစား လႈပ္လႈပ္ရွားရွားလုပ္ေပးပါ။ ေတာင့္တင္းေနေသာ အေၾကာအခ်ဥ္မ်ား ေျပေလ်ာ့သြားေစရန္ လႈပ္ရွားမႈမ်ားကိုျငင္သာစြာျပဳလုပ္ေပးပါ။

ဆားခါး အနည္းငယ္ထည့္ၿပီး ရံဖန္ရံခါစိမ္ေပးပါ။ မဂၢနီဆီယမ္ဓာတ္ဟာ အ႐ိုးႏွင့္ႏွလံုးက်န္းမာေရး အတြက္ေကာင္းမြန္တဲ့ သတၳဳဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ဆားခါး (မဂၢနီဆီယမ္ဆာလဖိတ္) ကိုထည့္ၿပီး ေရစိမ္ခ်ိဳးေပးပါ။ ဆားခါးကို ေဆးဆိုင္ေတြမွာအလြယ္တကူ၀ယ္ယူရရွိႏုိင္ၿပီး ဆားခါးႏွင့္ေရစိပ္ခ်ိဳးျခင္းျဖင့္ မဂၢနီဆီယမ္ ပမာဏကို 15% ထိျမင့္တင္ေပးႏိုင္ပါတယ္။

Credit:drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 ရေနွေးဖြင့်ရေစိမ်ခြင်းဟာ ဟိုးယခင်ကတည်းက ဆေးဝါးအဖြစ်အသုံးပြုလာခဲ့ကြတာဖြစ်ပြီး ယနေ့ထိတိုင်အောင်အသုံးပြုနေသော နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေ အရ ရေနွေးဖြင့်ကုသခြင်းဟာ အရိုးအဆစ်နှင့်ကြွက်သားဝေဒနာတွေကို အံ့သြစရာကောင်းလောက်အောင် သက်သာစေတယ်လို့ သတိရပါတယ်။


 ရေနွေးဖြင့်ရေစိမ်ချိုးပေးခြင်းက ရေနွေးအိတ်ကပ်သလိုဖြစ်ပြီး နာကျင်တောင့်တင်းမှုတွေကို သက်သာစေပြီး အချိန်တော်တော်ကြာသည့်တိုင် ထိရောက်မှုရှိတယ်လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ရေနွေးဖြင့်စိမ်ထားချိန်တွင် အရိုးအဆစ်ပေါ်တွင်သက်ရောက်နေတဲ့ ကမ္ဘာမြေဆွဲအားကိုလျော့ကျစေခြင်း၊ ခန္ဓာကိုယ်အပူချိန်ကိုမြင့်တင်ပေးပြီး သွေးကြောတွေကို ကျယ်စေခြင်းဖြင့် သွေးလည်ပတ်မှု ကိုကောင်းမွန်စေခြင်းတို့ဖြင့် ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။

ဘယ်လောက်ကြာအောင် ရေနွေးထဲတွင်စိမ်သင့်ပါသလဲ။
မိနစ် 20 ဆိုလုံလောက်ပါတယ်။ ရေဓာတ်ပြည့်ဝနေစေရန် ရေနွေးဖြင့်မစိမ်ခင်နှင့် စိမ်ပြီးနောက်မှာ ရေဝအောင် သောက်ပေးဖို့လိုအပ်ပါတယ်။


အရမ်းပူလွန်းတဲ့ရေဟာ နှလုံးကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့် ရေပူမှာ မစိမ်သင့်ပါဘူး။ ရေနွေးနွေးလေးရအောင် သေချာစီစဉ်ပြီးမှ ရေကန်ထဲဝင်ပါ။  ရေနွေးထဲတွင် ငြိမ်ငြိမ်လေးစိမ်နေမယ့်အစား လှုပ်လှုပ်ရှားရှားလုပ်ပေးပါ။ တောင့်တင်းနေသော အကြောအချဉ်များ ပြေလျော့သွားစေရန် လှုပ်ရှားမှုများကိုငြင်သာစွာပြုလုပ်ပေးပါ။


ဆားခါး အနည်းငယ်ထည့်ပြီး ရံဖန်ရံခါစိမ်ပေးပါ။ မဂ္ဂနီဆီယမ်ဓာတ်ဟာ အရိုးနှင့်နှလုံးကျန်းမာရေး အတွက်ကောင်းမွန်တဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဆားခါး (မဂ္ဂနီဆီယမ်ဆာလဖိတ်) ကိုထည့်ပြီး ရေစိမ်ချိုးပေးပါ။ ဆားခါးကို ဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဆားခါးနှင့်ရေစိပ်ချိုးခြင်းဖြင့် မဂ္ဂနီဆီယမ် ပမာဏကို 15% ထိမြင့်တင်ပေးနိုင်ပါတယ်။

Credit:drmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top