iMyanmarHouse.com - Best Property Website for Myanmar
×
Credit : trend Myanmar
#Unicode Version
လူတော်တော်များများဟာ ရေမွှေးဆွတ်တော့မယ်ဆိုရင် လက်ကောက်ဝတ်နဲ့ လည်ပင်းလို သွေးခုန်နှုန်းရှိနေတဲ့နေရာမျိုးတွေကို တစ်နေကုန်ရနံ့စွဲကျန်နေစေဖို့ ဆွတ်တတ်ကြပါတယ်။ ဘာ့ကြောင့် ဒီနေရာကိုရွေးပြီး ရေမွှေးဆွတ်ကြသလဲ ဆိုတော့  နှလုံးခုန်နှုန်း စမ်းသပ်နိုင်တဲ့ ဒီနေရာတွေကနေ ခန္ဓာကိုယ်အပူငွေ့တွေ ဖြာထွက်တတ်တာကြောင့် အဲဒီအပူက ရေမွှေးအနံ့အသက်ကို ပိုမိုပြင်းထန်အားကောင်းစေတာကြောင့်ပါ။
အရည်အသွေးမြင့်ရေမွှေးနံ့တွေတောင် တစ်နေ့တာ ပြီးဆုံးသွားချိန်မှာတော့ ရနံ့ ပျက်ပြယ်တတ်သေးတာပါပဲ။ ဒါပေမယ့် ရေမွှေးချစ်သူတွေအတွက် ရေမွှေးဆွတ်နိုင်တဲ့ နောက်ထပ်တစ်နေရာကို ပြောပြချင်ပါသေးတယ်။ အဲ့ဒါကတော့ ချက်ပါပဲ။ ချက်ကို ရေမွှေးစွတ်ပေးတာက ကျွမ်းကျင်ပညာရှင်တွေ သဘောတူထောက်ခံကြတဲ့ နည်းလမ်းတစ်ခု ဖြစ်ပြီး Liy Tyler နဲ့ မော်ဒယ် Adriana Lima စတဲ့ အနုပညာရှင်တွေ ဒီအချက်ကို စွဲမြဲစွာယုံကြည်လက်ခံကြကြောင်း Huffington Post အရ သိရပါတယ်။ “ဘာကြောင့် ချက်မှာဆွတ်သင့်သလဲလို့ မေးရင် ချက်နေရာက နှလုံးခုန်နှုန်းစမ်းသပ်ရာ လက်ကောက်ဝတ်တွေနဲ့ အခြေခံသဘောအရ အတူတူဖြစ်လို့ပါပဲ။ အပူငွေ့တွေဖြာထွက်ရာ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းမဆို အနံ့အသက် ပိုအားကောင်းစေပါလိမ့်မယ်။ ချက်မှာလည်း ထိုနည်း၎င်းပါပဲ” လို့ Takasago က ဝါရင့်ရေမွှေးထုတ်လုပ်သူ Steven Claisse က SELF ကို ပြောပြခဲ့ပါတယ်။
ဒီတော့ လည်ပင်းနဲ့ လက်ကောက်ဝတ်တွေမှာ စွတ်/ဖျန်းလို့ မလုံလောက်တော့တဲ့အချိန် ချက်မှာ အနည်းငယ် စွတ်ပေးလိုက်တာက နည်းလမ်းကောင်းတစ်ခုပါ။
Credit : trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top