iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ နားဖာေခ်းက သင့္ရဲ႕နားကို ကာကြယ္ရာမွာ ကူညီသလို သင့္ရဲ႕ က်န္းမာေရး အေျခအေန အခ်ိဳ႕ကိုလည္း ေဖာ္ျပ ေပးႏုိင္ပါတယ္။ ေအာက္ပါ အခ်က္ေတြက သင့္က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္လို႔ သင့္နားဖာေခ်းက ေဖာ္ျပေပးေနတဲ့ အခ်က္ေတြပါပဲ။

(၁) နားဖာေခ်းရဲ႕ အေရာင္

ပံုမွန္ဆိုရင္ နားေဖးေခ်းက လိေမၼာ္ေရာင္ ႏုႏုကေန အညိဳေရာင္ ရင့္ရင့္အတြင္းမွာပဲ ရွိတတ္ပါတယ္။ ဒါေပမဲ့ အဝါေရာင္၊ အစိမ္းေရာင္၊ အျဖဴေရာင္ ဒါမွမဟုတ္ အနက္ေရာင္ေတြ ျဖစ္ေနၿပီဆိုရင္ေတာ့ ဒါဟာ သင့္မွာ ေရာဂါပိုး တစ္ခုခုရွိေနတယ္ဆိုတဲ့ လကၡဏာ ျဖစ္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆံုး သြားေရာက္ ျပသ ရေတာ့မွာပါ။

(၂) ေျခာက္ကပ္ေနတဲ့ နားဖာေခ်း


သင့္ရဲ႕ နားဖာေခ်းနဲ႔ နားအတြင္းပိုင္း အေရျပားေတြက ေျခာက္ကပ္ၿပီး အဖတ္ေလးေတြ ျဖစ္ေနမယ္ဆိုရင္ ဒါ ႏွင္းခူနာ ျဖစ္တာပါ။ ဒါ့အျပင္ အနီပိန္႔ေတြထတဲ့ အေရျပား ေရာဂါလကၡဏာလည္း ျဖစ္ႏုိင္ပါတယ္။ သိပ္ေတာ့ စိုးရိမ္စရာ မရွိလွပါဘူး။ ဒီလုိ ေရာဂါမ်ိဳးေတြက ကုသရ လြယ္ကူပါတယ္။

(၃) နားဖာေခ်းရဲ႕ အနံံ႔

သင့္နားဖာေခ်းရဲ႕ အနံ႔က ဆိုးဆိုးရြားရြား နံေနတာမ်ိဳး မျဖစ္သင့္ပါဘူး။ တကယ္လို႔ အနံ႔ ျပင္းျပင္းထန္ထန္ ထြက္ေနၿပီဆိုရင္ ဒါဟာ ေရာဂါ တစ္ခုခုရွိေနတဲ့ လကၡဏာပါ။ အျမန္ဆံုး ဆရာဝန္နဲ႔ ျပသ စစ္ေဆး သင့္ပါတယ္။

(၄) နားဖာေခ်း အလိုလို စိမ့္ထြက္ျခင္း

ကိုယ္လက္ လႈပ္ရွားမႈ ျပင္းျပင္းထန္ထန္ လုပ္ၿပီးခ်ိန္မွာ နားဖာေခ်းက စိုစြတ္ၿပီး စိမ့္ထြက္တာမ်ိဳး ရွိတတ္ပါတယ္။ ဒါေပမဲ့ ပံုမွန္ အခ်ိန္ေတြမွာ၊ ဒါမွမဟုတ္ ညအိပ္ေနရင္းနဲ႔ နားဖာေခ်းက အရမ္း စိုစြတ္ၿပီး စိမ့္ထြက္တဲ့အထိ ျဖစ္မယ္ဆိုရင္ေတာ့ ဒါဟာ နားေရာဂါ တစ္ခုခု ရွိေနတဲ့ လကၡဏာ ျဖစ္ပါတယ္။ ဆရာဝန္နဲ႔ ကုသမႈ ခံယူရမွာပါ။

(၅) နားထဲမွာ ခိုးလိုးခုလု ျဖစ္ေနတဲ့ နားဖာေခ်း

နားထဲမွာ နားဖာေခ်း ရွိေနတာကို သိေနၿပီး ခိုးလိုးခုလု ျဖစ္ေနတယ္ဆိုရင္

ဒါဟာ နားအတြင္းပို္င္းမွာ နားဖာေခ်းက ခဲၿပီး ပိတ္ေနတဲ့သေဘာပါ။ ဆရာဝန္နဲ႔ ျပၿပီး အျမန္ဆံုး ထုတ္ပစ္သင့္ပါတယ္။ ၾကာသြားရင္ နားေရာဂါ တစ္ခုခု ခံစား ရႏုိင္ပါတယ္။

(၆) နားထဲမွာ အဆက္မျပတ္ ယားေနျခင္း


နားဖာေခ်း မ်ားလာရင္ နားအတြင္းပိုင္းက ယားယံ လာတတ္တာ သဘာဝပါ။ ဒါေပမဲ့ အဆက္မျပတ္ ယားေနတယ္ ဆိုရင္ေတာ့ ဒါဟာ ပိုးဝင္သြားတဲ့ လကၡဏာ ျဖစ္ပါတယ္။ အျမန္ဆံုး ကုသမႈ ခံယူရပါမယ္။

Credit:The Voice


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
သင့်ရဲ့ နားဖာချေးက သင့်ရဲ့နားကို ကာကွယ်ရာမှာ ကူညီသလို သင့်ရဲ့ ကျန်းမာရေး အခြေအနေ အချို့ကိုလည်း ဖော်ပြ ပေးနိုင်ပါတယ်။ အောက်ပါ အချက်တွေက သင့်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ သင့်နားဖာချေးက ဖော်ပြပေးနေတဲ့ အချက်တွေပါပဲ။

(၁) နားဖာချေးရဲ့ အရောင်

ပုံမှန်ဆိုရင် နားဖေးချေးက လိမ္မော်ရောင် နုနုကနေ အညိုရောင် ရင့်ရင့်အတွင်းမှာပဲ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင် ဒါမှမဟုတ် အနက်ရောင်တွေ ဖြစ်နေပြီဆိုရင်တော့ ဒါဟာ သင့်မှာ ရောဂါပိုး တစ်ခုခုရှိနေတယ်ဆိုတဲ့ လက္ခဏာ ဖြစ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသ ရတော့မှာပါ။

(၂) ခြောက်ကပ်နေတဲ့ နားဖာချေး

သင့်ရဲ့ နားဖာချေးနဲ့ နားအတွင်းပိုင်း အရေပြားတွေက ခြောက်ကပ်ပြီး အဖတ်လေးတွေ ဖြစ်နေမယ်ဆိုရင် ဒါ နှင်းခူနာ ဖြစ်တာပါ။ ဒါ့အပြင် အနီပိန့်တွေထတဲ့ အရေပြား ရောဂါလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ သိပ်တော့ စိုးရိမ်စရာ မရှိလှပါဘူး။ ဒီလို ရောဂါမျိုးတွေက ကုသရ လွယ်ကူပါတယ်။

(၃) နားဖာချေးရဲ့ အနံံ့

သင့်နားဖာချေးရဲ့ အနံ့က ဆိုးဆိုးရွားရွား နံနေတာမျိုး မဖြစ်သင့်ပါဘူး။ တကယ်လို့ အနံ့ ပြင်းပြင်းထန်ထန် ထွက်နေပြီဆိုရင် ဒါဟာ ရောဂါ တစ်ခုခုရှိနေတဲ့ လက္ခဏာပါ။ အမြန်ဆုံး ဆရာဝန်နဲ့ ပြသ စစ်ဆေး သင့်ပါတယ်။

(၄) နားဖာချေး အလိုလို စိမ့်ထွက်ခြင်း

ကိုယ်လက် လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ နားဖာချေးက စိုစွတ်ပြီး စိမ့်ထွက်တာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန် အချိန်တွေမှာ၊ ဒါမှမဟုတ် ညအိပ်နေရင်းနဲ့ နားဖာချေးက အရမ်း စိုစွတ်ပြီး စိမ့်ထွက်တဲ့အထိ ဖြစ်မယ်ဆိုရင်တော့ ဒါဟာ နားရောဂါ တစ်ခုခု ရှိနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ ကုသမှု ခံယူရမှာပါ။

(၅) နားထဲမှာ ခိုးလိုးခုလု ဖြစ်နေတဲ့ နားဖာချေး

နားထဲမှာ နားဖာချေး ရှိနေတာကို သိနေပြီး ခိုးလိုးခုလု ဖြစ်နေတယ်ဆိုရင်

ဒါဟာ နားအတွင်းပိုင်းမှာ နားဖာချေးက ခဲပြီး ပိတ်နေတဲ့သဘောပါ။ ဆရာဝန်နဲ့ ပြပြီး အမြန်ဆုံး ထုတ်ပစ်သင့်ပါတယ်။ ကြာသွားရင် နားရောဂါ တစ်ခုခု ခံစား ရနိုင်ပါတယ်။

(၆) နားထဲမှာ အဆက်မပြတ် ယားနေခြင်း

နားဖာချေး များလာရင် နားအတွင်းပိုင်းက ယားယံ လာတတ်တာ သဘာဝပါ။ ဒါပေမဲ့ အဆက်မပြတ် ယားနေတယ် ဆိုရင်တော့ ဒါဟာ ပိုးဝင်သွားတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အမြန်ဆုံး ကုသမှု ခံယူရပါမယ်။

Credit:The Voice


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top