iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင်ဆိုးဆေးတွေ နှစ်ကြိမ်လောက်ဆိုးပြီးပြီ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့ အလုပ်ထဲ
 ရောက်နေပြီဆိုရင်တော့သင့်ရဲ့ထူနေတဲ့ဆံသားတွေသိသိသာသာပါးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်


စိတ်ဖိစီးမှု


ဖျားနာခြင်း


မျိုးရိုးလိုက်ခြင်း


အစားအစာ


Credit : Trend Myanmar



#Unicode Version

သင့်ရဲ့ထူနေတဲ့ဆံသားတွေ သိသိသာသာပါးသွားတာက ိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သင်နေ့စဉ် ဖြတ်သန်းရတဲ့ဘဝမှာပဲ သင့်ရဲ့ အပြုအမူ သို့မဟုတ် ကျန်းမာရေးချို့ယွင်းမှုတွေကြောင့်လည်း ဆံပင်ကျွတ်ခြင်းကို ကြုံရတတ်ပါတယ်။ အောက်မှ ဖော်ပြထားတဲ့အချက်တွေကို လေ့လာကြည့်ပါ။

ကိုယ်အလေးချိန်

ရုတ်တရတ် သင့်အလေးချိန်ကျသွားတဲ့အတွက် ခန္ဓာကိုယ်တုံ့ပြန်မှုတွေဟာ တစ်မျိုးမက ရှိနိုင်ပါတယ်။ အဲဒါကြောင့် ပညာရှိတွေ အကြံပေးချက်အတိုင်း ကိုယ်အလေးချိန် လျော့တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ သင့်ဆံပင်တွေ အများကြီး ဆုံးရှုံးသွားနိုင်ပါတယ်။

စိတ်ဖိစီးမှု

လူအများဆံပင်ကျွတ်ရခြင်း အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဖိစီးမှုတွေဟာ ခဏပဲ ဖြစ်နေရင်တောင်မှ သင့်ဆံပင် အမြစ်ကနေ ဦးရေပြားအထိ ရောက်လာဖို့ အချိန်သုံးလကြာမြင့်ပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်ရှည်လာနှုန်းကို နှေးကွေးစေနိုင်ပါတယ်။

ဖျားနာခြင်း

သင်ဟာ သွေးလွန်တုတ်ကွေးလို အဖျားကြီးပြီး ဖျားနာတတ်တဲ့ အကျင့်ရှိသူ ဖြစ်ရင်တော့ သင့်ဆံပင်တွေဟာ အဖျားတက်လာတဲ့ အပူချိန်ကြောင့် သိသိသာသာ ကျွတ်ကျလာတာကို သင်သတိထားမိမှာပါ။

မျိုးရိုးလိုက်ခြင်း

ဆံပင်ကျွတ်တာက မျိုးရိုးနဲ့ အလွန်ပတ်သတ်မှုရှိတဲ့ အရာတစ်မျိုး ဖြစ်ပါတယ်။ သင့်မိဘတွေဟာ ငယ်ရွယ်တုန်းက ဆံပင်တွေဖြူပြီး ကျွတ်ကျခဲ့ဖူးတယ်ဆိုရင်တော့ အဲဒီအတိုင်းပဲ သင့်မှာလည်း ဖြစ်လာနိုင်ချေများပါတယ်။

အစားအစာ

ကျွမ်းကျင်ပညာရှင်လေ့လာချက်အရ ဆံပင်ရဲ့ ၈၀% ဟာ ပရိုတင်းဓါတ်တွေ ဖြစ်ပါတယ်တဲ့။ ဒါဆို ပရိုတင်းဓါတ်စားတာ နည်းလာပြီဆိုရင် သင့်ဆံပင်က သက်ရောက်မှု အခံရဆုံး ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်  အသီးအရွက်တွေနဲ့ အနီရောင်အသားတွေ များများစားဖို့ လိုအပ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top