iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ရံမွာ ကြ်န္ုပ္တို့ဟာ ကိုယ့္ကိုအဆိပ္သင့္ေစတဲ့ ဆက္ဆံေရးမွာ အေၾကာင္းျပခ်က္တခ်ိဳ႔နဲ ့ဆက္လက္တည္ရိွေနတတ္ၾကပါတယ္။ အေသအခ်ာျပန္ဆန္းစစ္ၾကည့္မယ္ဆိုရင္ေတာ့ သင့္ကိုအက်ိဳးျပဳေစတာက အနည္းအက်ဥ္းေလာက္သာ ေတြ႔ရိွရမွာျဖစ္ပါတယ္။ အဆိပ္သင့္ ဆက္ဆံေရးမ်ိဳးဆိုတာ ရုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြလို ဆိုးက်ိဳးျဖစ္ေစတဲ့အျပင္ စိတ္ပိုင္းဆိုင္ရာအရလည္း ဖရိုဖရဲျဖစ္ေစနိုင္ပါတယ္။    

ေအာက္ပါေမးခြန္းေတြဟာ သင့္မွာ အဆိပ္သင့္ဆက္ဆံေရးထဲ ေရာက္ရိွေနျပီလားဆိုတာကို ဆန္းစစ္ေပးနိုင္မွာျဖစ္ပါတယ္။

၁။ ဘာလုပ္လုပ္ မျဖစ္ေျမာက္ဘူးလို့ သင့္ကိုယ္သင္ခံစားေနရျပီလား
သင့္ရဲ႔အခ်ိန္အမ်ားစုမွာ ပုဂၢိဳလ္ေရးဆိုင္ရာေတြကို ျပက္ရယ္ျပဳ အရွက္ရေစျပီး သင့္ရဲ့ကိုယ္စြမ္းကိုယ္စေတြနဲ့ စိတ္ပိုင္းဆိုင္ရာၾကံ႔ခိုင္မႈေတြကို ေလ်ာ့က်ေနေစျပီဆိုရင္ေတာ့ ေသခ်ာေနပါျပီ။

၂။သူ့အေၾကာင္းပဲေျပာျပီး သင့္အေၾကာင္းဆို နားမေထာင္ခ်င္တဲ့သူမ်ိဳးရိွေနျပီလား
သင့္ရဲ့ထင္ျမင္ခ်က္ေတြကို အေလးအနက္နားေထာင္ျပီး စဥ္းစားဆံုးၿဖတ္ လက္ခံနားလည္ေပးရမယ့္အစား သင့္စကားမဆံုးခင္မွာပဲ သင့္ကို အတိုက္အခံေတြ လုပ္ေနၿပီဆိုရင္ေတာ့ ေသခ်ာေနပါၿပီ။

၃။ ေပ်ာ္ရႊင္ရမယ့္အခ်ိန္ေတြမွာေတာင္ သူနဲ႔အတူဆိုရင္ မေပ်ာ္မရႊင္ႏိုင္ၿဖစ္ေနၿပီလား။
သင့္ရဲ႔ အၿပဳအမူေတြ သင့္ရဲ႔ ကိုယ္ပိုင္ ေပ်ာ္ရႊင္မႈေတြကို ထိန္းခ်ဳပ္ခ်င္ေနတဲ့သူဆိုရင္ေတာ့ ေသခ်ာေနပါၿပီ။

၄။သူနဲ႔အတူရွိေနခ်ိန္မွာ သက္ေတာင့္သက္သာရွိတယ္လို႔ ခံစားမိပါရဲ႔လား။
သူလက္ခံနိုင္ေလာက္တဲ့ အၿပဳအမူမ်ိဳး၊ မ်က္ႏွာထားမ်ိဳးကို သင့္မွာ အၿမဲၿပဳၿပင္ေနရတဲ့အတြက္ သင့္စိတ္ထဲမွာ လြတ္လြတ္လပ္လပ္ရွိမေနဘူးဆိုရင္ေတာ့ ေသခ်ာေနပါၿပီ။

၅။ သင့္ကို တိုးတက္ေၿပာင္းလဲေစမယ့္ အလားအလာမ်ိဳးမရွိဘူးလို႔ ခံစားေနရၿပီလား။
သင္တိုးတက္ေၿပာင္းလဲလာဖို႔အတြက္ တြန္းအားနဲ႔ အေထာက္အပံ့ေပးတာေတြ ၿပဳလုပ္ေပးရမယ့္အစား သင့္ကို မယံုၾကည္မႈေတြနဲ႔ ၿပက္ရယ္ၿပဳေနမယ္ဆိုရင္ေတာ့ ေသခ်ာေနပါၿပီ။

ဒီလိုအေၿခအေနမ်ိဳးေတြထဲမွာ ေရာက္ရွိေနၿပီလို႔ ခံစားေနရရင္ေတာ့ ေအာက္ပါစာပိုဒ္ေလးနဲ႔အတူ သင့္ကိုယ္သင္ ရုန္းထြက္ဖို႔ ၾကိဳးစားၾကည့္လိုက္ပါ။

အဓိကကေတာ့ သင္ကိုယ္တုိင္လြတ္ေၿမာက္ေအာင္ သင့္ကိုယ္သင္ တည္ေဆာက္ေနဖို႔ပါပဲ။ သူတို႔ရဲ႔ အဆိုးၿမင္၀ါဒေတြဟာ သင့္ရဲ႔ တိုးတက္ေၿပာင္းလဲလိုတဲ့ စိတ္ကို လႊမ္းမိုးႏိုင္မွာ မဟုတ္တဲ့အတြက္ သူတို႔ေၿပာတဲ့အတိုင္း လိုက္လုပ္ေနစရာမလိုပါဘူး။ ဒီေတာ့ သင့္ရဲ႔ အတြင္းစိတ္ကလာတဲ့ သိစိတ္ရဲ႔ အသံကို တဆိတ္ေလာက္ နားေထာင္ၾကည့္လုိက္ပါ။  ေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳးဆိုတာ သင့္ကိုစိတ္လံုၿခံဳမႈေပးတဲ့အၿပင္ ေသာကကင္းေ၀းေစနိုင္မွာၿဖစ္ပါတယ္။ အဆံုးသတ္အေနနဲ႔ သင္ဟာ နာတာရွည္ ဆက္ဆံေရးအမ်ိဳးအစားထဲမွာလား။ ေကာင္းမြန္တဲ့ ဆက္ဆံေရးအမ်ိဳးအစားထဲမွာလား ဆိုတာကို သင္ကိုယ္တိုင္အတြက္ စဥ္းစားဖို႔ အခ်ိန္ခဏေလာက္ယူလိုက္ပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ ကိုယ့်ကိုအဆိပ်သင့်စေတဲ့ ဆက်ဆံရေးမှာ အကြောင်းပြချက်တချို့နဲ့ဆက်လက်တည်ရှိနေတတ်ကြပါတယ်။ အသေအချာပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ သင့်ကိုအကျိုးပြုစေတာက အနည်းအကျဉ်းလောက်သာ တွေ့ရှိရမှာဖြစ်ပါတယ်။ အဆိပ်သင့် ဆက်ဆံရေးမျိုးဆိုတာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလို ဆိုးကျိုးဖြစ်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာအရလည်း ဖရိုဖရဲဖြစ်စေနိုင်ပါတယ်။   

အောက်ပါမေးခွန်းတွေဟာ သင့်မှာ အဆိပ်သင့်ဆက်ဆံရေးထဲ ရောက်ရှိနေပြီလားဆိုတာကို ဆန်းစစ်ပေးနိုင်မှာဖြစ်ပါတယ်။

၁။ ဘာလုပ်လုပ် မဖြစ်မြောက်ဘူးလို့ သင့်ကိုယ်သင်ခံစားနေရပြီလား
သင့်ရဲ့အချိန်အများစုမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို ပြက်ရယ်ပြု အရှက်ရစေပြီး သင့်ရဲ့ကိုယ်စွမ်းကိုယ်စတွေနဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကို လျော့ကျနေစေပြီဆိုရင်တော့ သေချာနေပါပြီ။

၂။သူ့အကြောင်းပဲပြောပြီး သင့်အကြောင်းဆို နားမထောင်ချင်တဲ့သူမျိုးရှိနေပြီလား
သင့်ရဲ့ထင်မြင်ချက်တွေကို အလေးအနက်နားထောင်ပြီး စဉ်းစားဆုံးဖြတ် လက်ခံနားလည်ပေးရမယ့်အစား သင့်စကားမဆုံးခင်မှာပဲ သင့်ကို အတိုက်အခံတွေ လုပ်နေပြီဆိုရင်တော့ သေချာနေပါပြီ။

၃။ ပျော်ရွှင်ရမယ့်အချိန်တွေမှာတောင် သူနဲ့အတူဆိုရင် မပျော်မရွှင်နိုင်ဖြစ်နေပြီလား။
သင့်ရဲ့ အပြုအမူတွေ သင့်ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုတွေကို ထိန်းချုပ်ချင်နေတဲ့သူဆိုရင်တော့ သေချာနေပါပြီ။

၄။သူနဲ့အတူရှိနေချိန်မှာ သက်တောင့်သက်သာရှိတယ်လို့ ခံစားမိပါရဲ့လား။
သူလက်ခံနိုင်လောက်တဲ့ အပြုအမူမျိုး၊ မျက်နှာထားမျိုးကို သင့်မှာ အမြဲပြုပြင်နေရတဲ့အတွက် သင့်စိတ်ထဲမှာ လွတ်လွတ်လပ်လပ်ရှိမနေဘူးဆိုရင်တော့ သေချာနေပါပြီ။

၅။ သင့်ကို တိုးတက်ပြောင်းလဲစေမယ့် အလားအလာမျိုးမရှိဘူးလို့ ခံစားနေရပြီလား။
သင်တိုးတက်ပြောင်းလဲလာဖို့အတွက် တွန်းအားနဲ့ အထောက်အပံ့ပေးတာတွေ ပြုလုပ်ပေးရမယ့်အစား သင့်ကို မယုံကြည်မှုတွေနဲ့ ပြက်ရယ်ပြုနေမယ်ဆိုရင်တော့ သေချာနေပါပြီ။

ဒီလိုအခြေအနေမျိုးတွေထဲမှာ ရောက်ရှိနေပြီလို့ ခံစားနေရရင်တော့ အောက်ပါစာပိုဒ်လေးနဲ့အတူ သင့်ကိုယ်သင် ရုန်းထွက်ဖို့ ကြိုးစားကြည့်လိုက်ပါ။

အဓိကကတော့ သင်ကိုယ်တိုင်လွတ်မြောက်အောင် သင့်ကိုယ်သင် တည်ဆောက်နေဖို့ပါပဲ။ သူတို့ရဲ့ အဆိုးမြင်ဝါဒတွေဟာ သင့်ရဲ့ တိုးတက်ပြောင်းလဲလိုတဲ့ စိတ်ကို လွှမ်းမိုးနိုင်မှာ မဟုတ်တဲ့အတွက် သူတို့ပြောတဲ့အတိုင်း လိုက်လုပ်နေစရာမလိုပါဘူး။ ဒီတော့ သင့်ရဲ့ အတွင်းစိတ်ကလာတဲ့ သိစိတ်ရဲ့ အသံကို တဆိတ်လောက် နားထောင်ကြည့်လိုက်ပါ။  ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးဆိုတာ သင့်ကိုစိတ်လုံခြုံမှုပေးတဲ့အပြင် သောကကင်းဝေးစေနိုင်မှာဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ သင်ဟာ နာတာရှည် ဆက်ဆံရေးအမျိုးအစားထဲမှာလား။ ကောင်းမွန်တဲ့ ဆက်ဆံရေးအမျိုးအစားထဲမှာလား ဆိုတာကို သင်ကိုယ်တိုင်အတွက် စဉ်းစားဖို့ အချိန်ခဏလောက်ယူလိုက်ပါ။

Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top