iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ ႔ ခ်စ္သူေကာင္ေလးက အခုတေလာ ပံုမွန္မဟုတ္ေတာ့ဘူး။ အဲဒီလို သင့္ရဲ ႔ သံသယ စိတ္ေတြကလည္း သူ သစၥာေဖာက္ထားတာကို ေသခ်ာသလို ထင္ေနၿပီ။ သူတစ္ကယ္ပဲ သင့္ကို သစၥာေဖာက္ခဲ့တာလား။ ဟုတ္ေကာင္း ဟုတ္မွာပါ။ ဒါေပမယ့္ သင္ဟာ အဲဒီ အေျခအေနမွာ စိတ္လႈပ္ရွားမႈ လြန္ကဲၿပီး စိတ္ထဲရွိသလို ေျဖရွင္းလိုက္ရင္ မလိုလားအပ္တဲ့ ျပႆနာ ေတြ သင္တို႔အခ်စ္ေရး ဆီကို ၀င္ေရာက္လာပါလိမ့္မယ္။ သင့္ ခ်စ္သူေကာင္ေလးက သင့္ကုိ သစၥာေဖာက္ခဲ့တယ္လို႔ ယံုၾကည္ေနတဲ့အခ်ိန္မွာ ေအာက္ပါ အဆင့္မ်ားအတိုင္း တစ္ျဖည္းျဖည္းခ်င္း ေဆာင္ရြက္ၾကည့္ပါ။

၁။ ေၾကာက္လန္႔ေနတာမ်ိဳးမျဖစ္ပါနဲ႔ (သို႔) သူ႔ကို အရမ္း မစြပ္စြဲပါနဲ႔ဦး
အသက္ကို ၀ေအာင္ရႈပါ။ သူ႔ဘက္က မူမမွန္ဘူးဆိုတာ ေငြေရးေၾကေရး ျပႆနာ ၊ အလုပ္ ျပႆနာ တစ္ခုခုရွိေနသလားဆိုတာကို ေစာင့္ၾကည့္ပါ။ ဘာမွ မေသခ်ာေသးခင္မွာ စြပ္စြဲလိုက္မိတာဟာ မွားယြင္းသြားခဲ့ရင္ ေရရွည္မွာ သင္တို႔ အခ်စ္ေရးကို ထိခိုက္လာေစႏိုင္ပါတယ္။

၂။ သင္ သတိထားမိတဲ့ သူ႔ရဲ ႔ မူမမွန္မႈ ေတြကို ေရးမွတ္ထားပါ
စာအုပ္ထဲမွာ ျဖစ္ျဖစ္ ၊ စာရြက္ေပၚမွာ ျဖစ္ျဖစ္ ေရးၿပီး မွတ္သားထားပါ။ ၿပီးရင္ေတာ့ လံုၿခံဳမယ့္ေနရာမွာ သိမ္းဆည္း လွ်ိဳ႕၀ွက္ထားပါ။ အဲဒါမွသာ သူ႔မူ မမွန္မႈေတြဟာ ဘာေတြနဲ႔ ဆက္စပ္ေနႏိုင္လည္း ဆိုတာကို သိႏိုင္မွာပါ။

၃။ သူ ဘာေတြ ရုပ္ေပါက္ေနလည္းဆိုတာကို ထပ္ၿပီး ေစာင့္ၾကည့္ပါ
သင့္မွာ စာရြက္နဲ႔ ခ်ေရး ထားတဲ့ သူ႔ရဲ ႔ မူမမွန္မႈေတြလည္း ရွိေနၿပီ။ ဒါဆိုရင္ေတာ့ သင့္အေနနဲ႔ သူ႔ကို ထပ္ၿပီး အာရံုစိုက္ေစာင့္ၾကည့္ရပါမယ္။ သူ႔ရဲ ႔ ဖုန္းကိုလည္း ေစာင့္ၾကည့္ေနရပါမယ္။ ဒါေပမယ့္ ထူးျခားတာနဲ႔ တန္းၿပီး ျပႆနာ မရွာပါနဲ႔ဦး။ အဲဒီ ထူးျခားမႈေတြကို သင္ခ်ေရးထားတဲ့ စာရင္းထဲမွာ ထည့္သြင္းၿပီး ခြဲျခမ္း စဥ္းစား အေျဖရွာၾကည့္ပါ။

၄။ မ်က္ႏွာခ်င္းဆိုင္ စကားေျပာဖို႔ အခ်ိန္ေပးပါ
သင့္ စိတ္ထဲမွာ သံသယ စိတ္ေတြက ေတာ္ေတာ္ေလး လြန္ကဲလာၿပီ။ သူ တစ္ကယ္ သစၥာေဖာက္ေနတာလားဆိုတာ သိခ်င္ေနၿပီဆိုရင္ သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ စကားေျပာၾကည့္ပါ။ ေဒါသထြက္ၿပီး စကား မေျပာပါန႔ဲ။ သာမန္အတိုင္း ေအးေအးေဆးေဆးပဲ ေျပာပါ။ စကားေျပာရမယ့္ စည္းကမ္းခ်က္ ၃ ခုရွိပါတယ္။

၁ - သူ႔ကုိစြပ္စြဲတာမ်ိဳးမဟုတ္ေပမယ့္လည္း အခ်စ္ေရးမွာ သင္ဟာ တာ၀န္မေက်မိဘူးဆိုတဲ့ ပံုစံမ်ိဳးနဲ႔ စၿပီး ခ်ဥ္းကပ္ပါ။
၂ - ကိုယ့္အေၾကာင္းပဲကိုယ္ေျပာပါ ၊ သူ႔အေၾကာင္းေတြကို ေရွာင္ၿပီးေျပာပါ။
၃- သင္ခ်ေရးထားတဲ့ စာရင္းထဲက အေၾကာင္းအရာေတြကို ထုတ္မေျပာမိပါေစနဲ႔။

၅။ ေနာက္ဆံုး အဆင့္အေနနဲ႔ကေတာ့ တိုက္ရိုက္ ေမးျမန္းလိုက္ပါ
သင့္အေနနဲ႔ သူ သစၥာေဖာက္ထားတာကို ယံုၾကည္ေနၿပီဆိုရင္ေတာ့ ငါတို႔ ပြင့္ပြင့္လင္းလင္း စကားေျပာဖို႔ လိုၿပီ ဆိုတဲ့ ေခါင္းစဥ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ စကားေျပာၿပီး သင္ခ်ေရးထားတဲ့ စာရင္းထဲက အေၾကာင္းအရာေတြ အေၾကာင္းကို ေမးျမန္းလိုက္ပါ။ ကိုယ့္ဘက္က အားလံုးသိထားၿပီးၿပီဆိုရင္ေတာ့ သူ႔ဘက္က ၀န္ခံရမွာပါပဲ။ အဲဒီလို မဟုတ္ရင္လည္း ေနာက္ထပ္နည္းလမ္း တစ္ခုကေတာ့ သူ႔ကို ေနာက္ေယာင္ခံ စံုစမ္းဖို႔ပါပဲ။ သြားေလရာ ေျခရာခံ လိုက္တာမ်ိဳး ၊ အသံဖမ္းစက္နဲ႔ ေစာင့္ဖမ္းထားတာမ်ိဳး စသျဖင့္ ေဆာင္ရြက္ႏိုင္ပါတယ္။ ဒါေပမယ့္ မ်က္ႏွာခ်င္းဆိုင္ ေမးျမန္းလိုက္တာကေတာ့ ျပႆနာၿပီးဆံုးတဲ့အခါမွာ အခ်စ္ေရးဆက္လက္ တည္ရွိေနမယ္ဆိုရင္ ယံုၾကည္မႈဆိုင္ရာ ထိခိုက္မႈေတြ မရွိႏိုင္သလို ေနာက္ေယာင္ခံတာကလည္း ေကာင္းက်ိဳး ျပန္မရႏိုင္ပါဘူး။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်ရဲ့ ချစ်သူကောင်လေးက အခုတလော ပုံမှန်မဟုတ်တော့ဘူး။ အဲဒီလို သင့်ရဲ့ သံသယ စိတ်တွေကလည်း သူ သစ္စာဖောက်ထားတာကို သေချာသလို ထင်နေပြီ။ သူတစ်ကယ်ပဲ သင့်ကို သစ္စာဖောက်ခဲ့တာလား။ ဟုတ်ကောင်း ဟုတ်မှာပါ။ ဒါပေမယ့် သင်ဟာ အဲဒီ အခြေအနေမှာ စိတ်လှုပ်ရှားမှု လွန်ကဲပြီး စိတ်ထဲရှိသလို ဖြေရှင်းလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာ တွေ သင်တို့အချစ်ရေး ဆီကို ဝင်ရောက်လာပါလိမ့်မယ်။ သင့် ချစ်သူကောင်လေးက သင့်ကို သစ္စာဖောက်ခဲ့တယ်လို့ ယုံကြည်နေတဲ့အချိန်မှာ အောက်ပါ အဆင့်များအတိုင်း တစ်ဖြည်းဖြည်းချင်း ဆောင်ရွက်ကြည့်ပါ။

၁။ ကြောက်လန့်နေတာမျိုးမဖြစ်ပါနဲ့ (သို့) သူ့ကို အရမ်း မစွပ်စွဲပါနဲ့ဦး
အသက်ကို ဝအောင်ရှုပါ။ သူ့ဘက်က မူမမှန်ဘူးဆိုတာ ငွေရေးကြေရေး ပြဿနာ ၊ အလုပ် ပြဿနာ တစ်ခုခုရှိနေသလားဆိုတာကို စောင့်ကြည့်ပါ။ ဘာမှ မသေချာသေးခင်မှာ စွပ်စွဲလိုက်မိတာဟာ မှားယွင်းသွားခဲ့ရင် ရေရှည်မှာ သင်တို့ အချစ်ရေးကို ထိခိုက်လာစေနိုင်ပါတယ်။

၂။ သင် သတိထားမိတဲ့ သူ့ရဲ့ မူမမှန်မှု တွေကို ရေးမှတ်ထားပါ
စာအုပ်ထဲမှာ ဖြစ်ဖြစ် ၊ စာရွက်ပေါ်မှာ ဖြစ်ဖြစ် ရေးပြီး မှတ်သားထားပါ။ ပြီးရင်တော့ လုံခြုံမယ့်နေရာမှာ သိမ်းဆည်း လျှို့ဝှက်ထားပါ။ အဲဒါမှသာ သူ့မူ မမှန်မှုတွေဟာ ဘာတွေနဲ့ ဆက်စပ်နေနိုင်လည်း ဆိုတာကို သိနိုင်မှာပါ။

၃။ သူ ဘာတွေ ရုပ်ပေါက်နေလည်းဆိုတာကို ထပ်ပြီး စောင့်ကြည့်ပါ
သင့်မှာ စာရွက်နဲ့ ချရေး ထားတဲ့ သူ့ရဲ့ မူမမှန်မှုတွေလည်း ရှိနေပြီ။ ဒါဆိုရင်တော့ သင့်အနေနဲ့ သူ့ကို ထပ်ပြီး အာရုံစိုက်စောင့်ကြည့်ရပါမယ်။ သူ့ရဲ့ ဖုန်းကိုလည်း စောင့်ကြည့်နေရပါမယ်။ ဒါပေမယ့် ထူးခြားတာနဲ့ တန်းပြီး ပြဿနာ မရှာပါနဲ့ဦး။ အဲဒီ ထူးခြားမှုတွေကို သင်ချရေးထားတဲ့ စာရင်းထဲမှာ ထည့်သွင်းပြီး ခွဲခြမ်း စဉ်းစား အဖြေရှာကြည့်ပါ။

၄။ မျက်နှာချင်းဆိုင် စကားပြောဖို့ အချိန်ပေးပါ
သင့် စိတ်ထဲမှာ သံသယ စိတ်တွေက တော်တော်လေး လွန်ကဲလာပြီ။ သူ တစ်ကယ် သစ္စာဖောက်နေတာလားဆိုတာ သိချင်နေပြီဆိုရင် သူနဲ့ မျက်နှာချင်းဆိုင် စကားပြောကြည့်ပါ။ ဒေါသထွက်ပြီး စကား မပြောပါနဲ့။ သာမန်အတိုင်း အေးအေးဆေးဆေးပဲ ပြောပါ။ စကားပြောရမယ့် စည်းကမ်းချက် ၃ ခုရှိပါတယ်။

၁ - သူ့ကိုစွပ်စွဲတာမျိုးမဟုတ်ပေမယ့်လည်း အချစ်ရေးမှာ သင်ဟာ တာဝန်မကျေမိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ စပြီး ချဉ်းကပ်ပါ။
၂ - ကိုယ့်အကြောင်းပဲကိုယ်ပြောပါ ၊ သူ့အကြောင်းတွေကို ရှောင်ပြီးပြောပါ။
၃- သင်ချရေးထားတဲ့ စာရင်းထဲက အကြောင်းအရာတွေကို ထုတ်မပြောမိပါစေနဲ့။

၅။ နောက်ဆုံး အဆင့်အနေနဲ့ကတော့ တိုက်ရိုက် မေးမြန်းလိုက်ပါ
သင့်အနေနဲ့ သူ သစ္စာဖောက်ထားတာကို ယုံကြည်နေပြီဆိုရင်တော့ ငါတို့ ပွင့်ပွင့်လင်းလင်း စကားပြောဖို့ လိုပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာချင်းဆိုင် စကားပြောပြီး သင်ချရေးထားတဲ့ စာရင်းထဲက အကြောင်းအရာတွေ အကြောင်းကို မေးမြန်းလိုက်ပါ။ ကိုယ့်ဘက်က အားလုံးသိထားပြီးပြီဆိုရင်တော့ သူ့ဘက်က ဝန်ခံရမှာပါပဲ။ အဲဒီလို မဟုတ်ရင်လည်း နောက်ထပ်နည်းလမ်း တစ်ခုကတော့ သူ့ကို နောက်ယောင်ခံ စုံစမ်းဖို့ပါပဲ။ သွားလေရာ ခြေရာခံ လိုက်တာမျိုး ၊ အသံဖမ်းစက်နဲ့ စောင့်ဖမ်းထားတာမျိုး စသဖြင့် ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် မေးမြန်းလိုက်တာကတော့ ပြဿနာပြီးဆုံးတဲ့အခါမှာ အချစ်ရေးဆက်လက် တည်ရှိနေမယ်ဆိုရင် ယုံကြည်မှုဆိုင်ရာ ထိခိုက်မှုတွေ မရှိနိုင်သလို နောက်ယောင်ခံတာကလည်း ကောင်းကျိုး ပြန်မရနိုင်ပါဘူး။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top