iMyanmarHouse.com - Best Property Website for Myanmar
×

ဆယ္ေက်ာ္သက္ရြယ္ မိန္းကေလးမ်ားသည္ အစားကိုေလွ်ာ့စား၍ အလြန္ပိန္သြယ္ေအာင္ ျပဳလုပ္ျခင္းက ၎တို႔၏ အ႐ိုးမ်ားကို အႏၲရာယ္ျဖစ္ေစႏိုင္သည္ဟု ၿဗိတိသွ်သုေတသနပညာရွင္တို႔က ေျပာၾကားခဲ့ေၾကာင္း သိရသည္။ သုေတသနပညာရွင္တို႔၏ အဆိုအရ အ႐ိုးမ်ား ခိုင္မာျခင္းသည္ အဆီပမာဏႏွင့္ ဆက္ႏႊယ္မႈရိွေနၿပီး ပိန္သြယ္ေအာင္ျပဳျခင္းျဖင့္ အ႐ိုးမ်ား ကိ်ဳးပဲ့ေစသည့္အခြင့္အလမ္းကို တိုးပြားေစသည္ဟု ဆိုသည္။ ေလ့လာဆန္းစစ္မႈအရ အဆီပမာဏ မ်ားျပားမႈသည္ ေယာက်္ားေလးထက္ မိန္းကေလးမ်ားတြင္ အ႐ိုးအတြက္ ပို၍အေရးပါေၾကာင္း သိရသည္။

အဆီပမာဏမ်ားျပားမႈက အ႐ိုးမ်ားကို ပိုမိုထူထဲ ခိုင္ခံ့ေစေလ့ရိွၿပီး အထူးသျဖင့္ မိန္းကေလးမ်ားတြင္ ပို၍ႏွီးႏႊယ္မႈရိွေနသည္ ဟုဆိုသည္။ မိန္းကေလးမ်ားတြင္ အဆီပမာဏ ၅ ကီလိုဂရမ္ တိုးပြားမ်ားျပားျခင္းက ေျခေထာက္အ႐ိုး ၈ ရာခိုင္ႏႈန္းထူထဲမႈႏွင့္ ဆက္စပ္မႈရိွေနသည္ ဟုဆိုသည္။

သာမန္ကိုယ္အေလးခ်ိန္တြင္ မိန္းကေလးမ်ားသည္ ေယာက်္ားေလးမ်ားထက္ အဆီဓာတ္ပိုမိုမ်ားျပားေလ့ရိွရာ မိန္းကေလးမ်ား၏ အ႐ိုးဖံြ႕ၿဖိဳးေရးတြင္ အဆီသည္ အဓိကအခန္း က႑မွပါဝင္ေၾကာင္း သိရသည္။ အ႐ိုးမ်ားသည္ မ်ားေသာအားျဖင့္ အသက္ ၂၀ေက်ာ္ေလာက္တြင္ ဖံြ႕ၿဖိဳးမႈေႏွးေကြး၍ အသက္ ၃၅ ႏွစ္ေနာက္ပိုင္းတြင္ အ႐ိုးဖံြ႕ၿဖိဳးမႈ ရပ္တန္႔ေလ့ရိွသည္ဟု ဆိုသည္။ မိန္းကေလးမ်ားအေနျဖင့္ အသက္ငယ္ရြယ္ခ်ိန္တြင္ အ႐ိုးမ်ား ခိုင္မာစြာ တည္ေဆာက္မႈျပဳေရးမွာ အေရးပါၿပီး ထိုသို႔မဟုတ္ပါက အသက္အရြယ္ရလာသည့္ အခ်ိန္တြင္ အ႐ိုးပြေရာဂါကို ခံစားရၿပီး အမ်ိဳးသားမ်ားထက္ တင္ပါး႐ိုးက်ိဳးအက္ရန္ သံုးဆခန္႔ အလားအလာပိုမ်ားေၾကာင္း သိရသည္။

Credit:Mg Mandalay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဆယ်ကျော်သက်ရွယ် မိန်းကလေးများသည် အစားကိုလျှော့စား၍ အလွန်ပိန်သွယ်အောင် ပြုလုပ်ခြင်းက ၎င်းတို့၏ အရိုးများကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဗြိတိသျှသုတေသနပညာရှင်တို့က ပြောကြားခဲ့ကြောင်း သိရသည်။ သုတေသနပညာရှင်တို့၏ အဆိုအရ အရိုးများ ခိုင်မာခြင်းသည် အဆီပမာဏနှင့် ဆက်နွှယ်မှုရှိနေပြီး ပိန်သွယ်အောင်ပြုခြင်းဖြင့် အရိုးများ ကျိုးပဲ့စေသည့်အခွင့်အလမ်းကို တိုးပွားစေသည်ဟု ဆိုသည်။ လေ့လာဆန်းစစ်မှုအရ အဆီပမာဏ များပြားမှုသည် ယောကျ်ားလေးထက် မိန်းကလေးများတွင် အရိုးအတွက် ပို၍အရေးပါကြောင်း သိရသည်။

အဆီပမာဏများပြားမှုက အရိုးများကို ပိုမိုထူထဲ ခိုင်ခံ့စေလေ့ရှိပြီး အထူးသဖြင့် မိန်းကလေးများတွင် ပို၍နှီးနွှယ်မှုရှိနေသည် ဟုဆိုသည်။ မိန်းကလေးများတွင် အဆီပမာဏ ၅ ကီလိုဂရမ် တိုးပွားများပြားခြင်းက ခြေထောက်အရိုး ၈ ရာခိုင်နှုန်းထူထဲမှုနှင့် ဆက်စပ်မှုရှိနေသည် ဟုဆိုသည်။



သာမန်ကိုယ်အလေးချိန်တွင် မိန်းကလေးများသည် ယောကျ်ားလေးများထက် အဆီဓာတ်ပိုမိုများပြားလေ့ရှိရာ မိန်းကလေးများ၏ အရိုးဖွံ့ဖြိုးရေးတွင် အဆီသည် အဓိကအခန်း ကဏ္ဍမှပါဝင်ကြောင်း သိရသည်။ အရိုးများသည် များသောအားဖြင့် အသက် ၂၀ကျော်လောက်တွင် ဖွံ့ဖြိုးမှုနှေးကွေး၍ အသက် ၃၅ နှစ်နောက်ပိုင်းတွင် အရိုးဖွံ့ဖြိုးမှု ရပ်တန့်လေ့ရှိသည်ဟု ဆိုသည်။ မိန်းကလေးများအနေဖြင့် အသက်ငယ်ရွယ်ချိန်တွင် အရိုးများ ခိုင်မာစွာ တည်ဆောက်မှုပြုရေးမှာ အရေးပါပြီး ထိုသို့မဟုတ်ပါက အသက်အရွယ်ရလာသည့် အချိန်တွင် အရိုးပွရောဂါကို ခံစားရပြီး အမျိုးသားများထက် တင်ပါးရိုးကျိုးအက်ရန် သုံးဆခန့် အလားအလာပိုများကြောင်း သိရသည်။

Credit:Mg Mandalay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top