iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ခ်စ္သူ ကုိယ့္ထက္အသက္ပိုႀကီးတဲ့ မမျဖစ္ေနတယ္ဆိုပါစို႔။ သူတုိ႔ရဲ႕စိတ္ထဲမွာ တစ္ခါတစ္ေလ ကိုယ့္ထက္ငယ္တဲ့သူနဲ႔ ရည္းစားျဖစ္ေနရတာနဲ႔ ပတ္သက္ၿပီး စိတ္မလံုၿခံဳမႈေတြ၊ အားငယ္တာမ်ိဳးေတြ ရွိေနတတ္ပါတယ္။ ေဘးပတ္၀န္းက်င္၊ ရြယ္တူသူငယ္ခ်င္းေတြရဲ႕ အေျပာအဆိုေတြကို ဆန္႔က်င္ၿပီး ကိုယ့္ကိုခ်စ္ခဲ့ရတဲ့ ခ်စ္သူမမကို တစ္ခါတစ္ေလ ကိုယ္အေျပာမတတ္လို႔ ထပ္ၿပီး စိတ္ဆင္းရဲသြားရတာမ်ိဳး မျဖစ္ေစဖုိ႔ ဒီလိုစကားမ်ိဳးေတြကို ေရွာင္ပါ။

၁။ ဟာ ဘာလို႔အၿမဲတမ္း ေနာက္မွာျဖစ္ေနရတာလဲ။ ေမာတတ္လိုက္တာလည္း လြန္ပါေရာလို႔ မေရရြတ္မိပါေစနဲ႔။

သူဟာ အသက္အရြယ္ေၾကာင့္ ကိုယ့္ထက္ သြားတာလာတာ ေႏွးတာျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခ်က္ ကိုယ့္ထက္အသက္ႀကီးေပမယ့္ ကိုယ့္ကိုေရွ႕ေဆာင္လမ္းျပပဲျဖစ္ေစခ်င္တာမုိ႔ သူေရွ႕မထြက္တာမ်ိုးလည္း ျဖစ္ႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။

၂။အားလံုးတူတူေသာက္မယ္ဆို နည္းနည္းမွ မေသာက္ႏိုင္တာ စိတ္ပ်က္တယ္လို႔လည္း မဆိုမိပါေစနဲ႔။

ငယ္ငယ္တုန္းကလို one shot ေသာက္ရမယ့္အလုပ္ေတြ မလုပ္ခ်င္ေတာ့တာ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ သူေသာက္ခ်င္တာေလးကိုပဲ အိေျႏၵရရ ေသာက္ခိုင္းလိုက္ပါ။ ၀ို္င္ခြက္ေလးနဲ႔ဆိုလည္း အဆင္ေျပတာပဲေလ။

၃။တညလံုး ေသာင္းက်န္းမယ္ဆုိ အၿမဲတမ္း ျငင္းေနတာပဲလုိ႔ အျပစ္မတင္ပါနဲ႔။

ရႈိးပြဲေတြသြားမယ္။ ၿပီးရင္ ေသာက္မယ္။ ၿပီးတာနဲ႔ ကလပ္ဆက္သြားၿပီး တစ္ညလံုးကဲမယ့္အလုပ္ေတြ သူစိတ္မ၀င္စားရင္ အျပစ္မတင္ပါနဲ႔။ သူ႕အသက္အရြယ္ေၾကာင့္ သူဒါေတြ မလုပ္ခ်င္ေတာ့ဘူးဆိုတာ နားလည္ေပးပါ။

၄။တစ္ေနရာရာသြားရင္ ပိုက္ဆံေပးၿပီး ဒါေလး ေရတြက္ ေပးပါဦးဆိုၿပီး မလုပ္ပါနဲ႔။

ေရွာ့ပင္သြားတယ္ဆုိပါစို႔။ အက်ႍဖုိးရွင္းတာကအစ မုန္႔စားလို႔ မုန္႔ဖိုးရွင္းတာကအဆံုး အားလံုး သူမကိုခ်ည္း မလုပ္ခိုင္းပါနဲ႔။ သူမက ေငြကိုင္ဆုိရင္ေတာင္ ကိုယ္ကအလိုက္သိသိ လုပ္ေပးရမယ္ေလ။

၅။ဆံုးမတာမ်ိဳးေတြ လံုး၀လက္မခံႏိုင္ဘူးလို႔ သူမကို မဆိုပါနဲ႔။

တစ္ခ်ိဳ႕အရာေတြမွာ သူမက အသက္အရြယ္ပိုႀကီးေနတာေၾကာင့္ ကိုယ့္ကို ေကာင္းေစခ်င္လုိ႔ ေစတနာနဲ႔ေျပာဆိုတာမ်ိဳးကို လာဆံုးမမေနနဲ႔လုိ႔ ပိတ္မေျပာလိုက္ပါနဲ႔။ ဒီလိုစကားမ်ိဳးက ရြယ္တူမ်ိဳးမွာ ျပႆ      နာမျဖစ္ေပမယ့္ ကိုယ့္ထက္ႀကီးတဲ့ ကိုယ့္ခ်စ္သူကို ေျပာရင္ေတာ့ သတိထားသင့္ပါတယ္။

၆။ေနာက္ဆံုးထားခဲ့တဲ့ ရည္းစားက ကိုယ့္ထက္ငယ္ေတာ့ အားလံုးလိုက္ပံ့ပိုးေပးနရတယ္၊ မင္းလိုမဟုတ္ဘူးလို႔ မေျပာမိပါေစနဲ႔။

ခ်စ္သူမမက တည္ၿငိမ္တာ ဟုတ္ပါတယ္။ ရင့္က်က္တာမို႔ ကိုယ့္ဘာသာကိုရပ္တည္ႏိုင္ေနၿပီဆိုတာလည္း မွန္ပါတယ္။ ဒါကို အရင္ရည္းစားနဲ႔ ႏႈိင္းၿပီး မေျပာပါနဲ႔။ ကိုယ့္ဘက္က ဘာမွမေထာက္ပံ့ေပးရေတာ့လုိ႔ ၀မ္းသာလြန္းေနတယ္ဆိုတာမ်ိဳးကလည္း မျဖစ္သင့္ဘူးေလ။

၇။လက္ထပ္ခ်င္ေနၿပီလား (သို႔) ကေလးလိုခ်င္ေနၿပီလား။ ဒီမွာက အဆင္သင့္မျဖစ္ေသးဘူးလို႔ လံုး၀ လံုး၀ မဆိုမိပါေစန႔ဲ။

ကိုယ့္ထက္အသက္ႀကီးတယ္ဆုိတာကို ထည့္ထည့္တြက္ၿပီး ကိုယ္နဲ႔လက္ထပ္ခ်င္ေနၿပီလား။ ကေလးယူခ်င္ေနၿပီလား။ ကိုယ္ကေတာ့ မျဖစ္ႏိုင္ေသးဘူး။ အဆင္သင့္မျဖစ္ေသးလို႔ ေဆာရီးပါလုိ႔ သူတုိ႔ကို ေျပာရင္ သူတို႕ဘက္က ဘယ္ေလာက္ စိတ္မေကာင္းျဖစ္သြားမလဲဆိုတာ ထည့္စဥ္းစားပါ။ ဒဲ့ထိုးေျပာလိုက္တာထက္စာရင္ အခ်ိန္နည္းနည္းပိုယူၿပီး ႀကိဳးစားၾကမယ္လုိ႔ ေျပာသင့္တယ္ မဟုတ္လား။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်ချစ်သူ ကိုယ့်ထက်အသက်ပိုကြီးတဲ့ မမဖြစ်နေတယ်ဆိုပါစို့။ သူတို့ရဲ့စိတ်ထဲမှာ တစ်ခါတစ်လေ ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရည်းစားဖြစ်နေရတာနဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုတွေ၊ အားငယ်တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဘေးပတ်ဝန်းကျင်၊ ရွယ်တူသူငယ်ချင်းတွေရဲ့ အပြောအဆိုတွေကို ဆန့်ကျင်ပြီး ကိုယ့်ကိုချစ်ခဲ့ရတဲ့ ချစ်သူမမကို တစ်ခါတစ်လေ ကိုယ်အပြောမတတ်လို့ ထပ်ပြီး စိတ်ဆင်းရဲသွားရတာမျိုး မဖြစ်စေဖို့ ဒီလိုစကားမျိုးတွေကို ရှောင်ပါ။

၁။ ဟာ ဘာလို့အမြဲတမ်း နောက်မှာဖြစ်နေရတာလဲ။ မောတတ်လိုက်တာလည်း လွန်ပါရောလို့ မရေရွတ်မိပါစေနဲ့။

သူဟာ အသက်အရွယ်ကြောင့် ကိုယ့်ထက် သွားတာလာတာ နှေးတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် ကိုယ့်ထက်အသက်ကြီးပေမယ့် ကိုယ့်ကိုရှေ့ဆောင်လမ်းပြပဲဖြစ်စေချင်တာမို့ သူရှေ့မထွက်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၂။အားလုံးတူတူသောက်မယ်ဆို နည်းနည်းမှ မသောက်နိုင်တာ စိတ်ပျက်တယ်လို့လည်း မဆိုမိပါစေနဲ့။

ငယ်ငယ်တုန်းကလို one shot သောက်ရမယ့်အလုပ်တွေ မလုပ်ချင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူသောက်ချင်တာလေးကိုပဲ အိနြေ္ဒရရ သောက်ခိုင်းလိုက်ပါ။ ဝိုင်ခွက်လေးနဲ့ဆိုလည်း အဆင်ပြေတာပဲလေ။

၃။တညလုံး သောင်းကျန်းမယ်ဆို အမြဲတမ်း ငြင်းနေတာပဲလို့ အပြစ်မတင်ပါနဲ့။

ရှိုးပွဲတွေသွားမယ်။ ပြီးရင် သောက်မယ်။ ပြီးတာနဲ့ ကလပ်ဆက်သွားပြီး တစ်ညလုံးကဲမယ့်အလုပ်တွေ သူစိတ်မဝင်စားရင် အပြစ်မတင်ပါနဲ့။ သူ့အသက်အရွယ်ကြောင့် သူဒါတွေ မလုပ်ချင်တော့ဘူးဆိုတာ နားလည်ပေးပါ။

၄။တစ်နေရာရာသွားရင် ပိုက်ဆံပေးပြီး ဒါလေး ရေတွက် ပေးပါဦးဆိုပြီး မလုပ်ပါနဲ့။

ရှော့ပင်သွားတယ်ဆိုပါစို့။ အကျႍဖိုးရှင်းတာကအစ မုန့်စားလို့ မုန့်ဖိုးရှင်းတာကအဆုံး အားလုံး သူမကိုချည်း မလုပ်ခိုင်းပါနဲ့။ သူမက ငွေကိုင်ဆိုရင်တောင် ကိုယ်ကအလိုက်သိသိ လုပ်ပေးရမယ်လေ။

၅။ဆုံးမတာမျိုးတွေ လုံးဝလက်မခံနိုင်ဘူးလို့ သူမကို မဆိုပါနဲ့။

တစ်ချို့အရာတွေမှာ သူမက အသက်အရွယ်ပိုကြီးနေတာကြောင့် ကိုယ့်ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောဆိုတာမျိုးကို လာဆုံးမမနေနဲ့လို့ ပိတ်မပြောလိုက်ပါနဲ့။ ဒီလိုစကားမျိုးက ရွယ်တူမျိုးမှာ ပြဿ      နာမဖြစ်ပေမယ့် ကိုယ့်ထက်ကြီးတဲ့ ကိုယ့်ချစ်သူကို ပြောရင်တော့ သတိထားသင့်ပါတယ်။

၆။နောက်ဆုံးထားခဲ့တဲ့ ရည်းစားက ကိုယ့်ထက်ငယ်တော့ အားလုံးလိုက်ပံ့ပိုးပေးနရတယ်၊ မင်းလိုမဟုတ်ဘူးလို့ မပြောမိပါစေနဲ့။

ချစ်သူမမက တည်ငြိမ်တာ ဟုတ်ပါတယ်။ ရင့်ကျက်တာမို့ ကိုယ့်ဘာသာကိုရပ်တည်နိုင်နေပြီဆိုတာလည်း မှန်ပါတယ်။ ဒါကို အရင်ရည်းစားနဲ့ နှိုင်းပြီး မပြောပါနဲ့။ ကိုယ့်ဘက်က ဘာမှမထောက်ပံ့ပေးရတော့လို့ ဝမ်းသာလွန်းနေတယ်ဆိုတာမျိုးကလည်း မဖြစ်သင့်ဘူးလေ။

၇။လက်ထပ်ချင်နေပြီလား (သို့) ကလေးလိုချင်နေပြီလား။ ဒီမှာက အဆင်သင့်မဖြစ်သေးဘူးလို့ လုံး၀ လုံး၀ မဆိုမိပါစေနဲ့။

ကိုယ့်ထက်အသက်ကြီးတယ်ဆိုတာကို ထည့်ထည့်တွက်ပြီး ကိုယ်နဲ့လက်ထပ်ချင်နေပြီလား။ ကလေးယူချင်နေပြီလား။ ကိုယ်ကတော့ မဖြစ်နိုင်သေးဘူး။ အဆင်သင့်မဖြစ်သေးလို့ ဆောရီးပါလို့ သူတို့ကို ပြောရင် သူတို့ဘက်က ဘယ်လောက် စိတ်မကောင်းဖြစ်သွားမလဲဆိုတာ ထည့်စဉ်းစားပါ။ ဒဲ့ထိုးပြောလိုက်တာထက်စာရင် အချိန်နည်းနည်းပိုယူပြီး ကြိုးစားကြမယ်လို့ ပြောသင့်တယ် မဟုတ်လား။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top