iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာသစ္တယ္ဆုိတာ အလွအပနဲ႔ပတ္သက္တဲ့ လုပ္ငန္းေဆာင္တာေတြထဲ အလြယ္ကူဆံုးအပိုင္းလုိ႕ ထင္တယ္မဟုတ္လား။ ဒါေပမယ့္ တခ်ိဳ႕ေသာ ေယဘုယ်အခ်က္ေတြထဲမွာ လုပ္ေနက်ျဖစ္တဲ့ အက်င့္ေတြက သင့္အသားအေရကို ပိုဆုိး၀ါးလာေစတယ္ဆုိရင္ေရာ သင္သိထားၿပီလား။ ေျခာက္ေသြ႕ျခင္း ၊ က်ိန္းစပ္ျခင္း ၊ အဆီေျခာက္ခမ္းေျခင္း နဲ႕ အက္ကြဲျခင္းေတြ ျဖစ္လာေစတတ္တဲ့ မ်က္ႏွာသစ္နည္း အမွားေတြကို သင္မသိေသးဘူးလို႕ ထင္တာေၾကာင့္ ေရးသားေဖာ္ျပလုိက္ပါတယ္။

(၁)   ပထမဆံုးအခ်က္ကေတာ့ ထုတ္ကုန္ပစၥည္း အမ်ိဳးအစား ေရြးခ်ယ္မႈမွားေနတာပဲ။
သင့္အသားအေရနဲ႕ တကယ္ကိုက္ညီမယ့္ သဘာ၀ပစၥည္းအေျခခံ ထုတ္ကုန္မ်ိဳးကို ေရြးခ်ယ္ရပါမယ္။ ဒါေၾကာင့္ ကိုယ့္နဲ႕ သင့္ေတာ္မယ့္ organic ထုတ္ကုန္ေတြကို ေရြးခ်ယ္ႏုိင္စြမ္းရွိဖို႕လိုၿပီး ထုတ္ကုန္အမွားေတြ မသံုးမိပါေစနဲ႕။

(၂)   ခဏခဏ မသစ္ပါနဲ႕။
 တစ္ေန႕ကို တစ္ႀကိမ္ (သုိ႕) ႏွစ္ႀကိမ္ေလာက္ မ်က္ႏွာသစ္ျခင္းက သင့္အတြက္ ေကာင္းမြန္ေပမယ့္ ဒီ့ထက္ပိုလာရင္ေတာ့ မ်က္ႏွာ က်ိန္းစပ္ျခင္း ၊ အဆီပိုထုတ္လႊတ္ျခင္းေတြ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ တစ္ေန႕ကို ႏွစ္ႀကိမ္ထက္ပိုၿပီး မ်က္ႏွာမသစ္ပါနဲ႕။

(၃)  ေရရဲ႕အပူခ်ိန္ကို ဂရုစိုက္ပါ။
လူအမ်ား ယံုၾကည္ေနၾကသလုိ ပူတဲ့ေရက ေခၽြးေပါက္ေတြကို ဖြင့္ေပးၿပီး ေအးတဲ့ေရက ေခၽြးေပါက္ ပိတ္ေစတယ္ဆုိတာ မဟုတ္ပါဘူး။ တကယ္တမ္းေတာ့ ေခၽြးေပါက္ေတြမွာ ဒီလုိ ပိတ္ဖို႕ ပြင့္ဖုိ႕ ၾကြက္သားမရွိတဲ့အတြက္ မလုပ္ႏုိင္ပါဘူး။ ပူတဲ့ေရေတြက သင့္အသားအေရကို ေျခာက္ေသြ႕ျခင္း ၊ သဘာ၀ အသားအေရကို ပ်က္စီးေစျခင္းေတြျဖစ္ႏုိင္ပါတယ္။ ဒီေတာ့ မ်က္ႏွာသစ္ဖုိ႕ အေကာင္းဆံုး ေရအပူခ်ိန္ကေတာ့ ၾကက္သီးေႏြးရံု ေရအပူခ်ိန္ ခပ္ေႏြးေႏြးေလာက္ပါပဲ။

(၄)  မ်က္ႏွာဂ်ီးခၽြတ္တယ္ဆုိတာ က်န္းမာေရးနဲ႕ညီညြတ္တဲ့အျပဳအမူပါ။
မ်က္ႏွာဂ်ီးခ်ြတ္တာဟာ လုပ္သင့္တဲ့အရာတစ္ခုျဖစ္ၿပီး ဆဲလ္အေသေတြ ဖယ္ရွားဖို႕နဲ႕ ေလ်ာ့နည္းေစဖို႕က ေသာ့ခ်က္ပါပဲ။ ဒီအတြက္ scrub ေတြ သံုးရတာျဖစ္လုိ႕ တစ္ပါတ္ကို အမ်ားဆံုး ႏွစ္ႀကိမ္၊ သံုးႀကိမ္ေလာက္ပဲ သံုးသင့္ပါတယ္။ မ်က္ႏွာဂ်ီးခၽြတ္ရာမွာ ေရစိုအ၀တ္ေတြအစား လက္ေခ်ာင္းေတြနဲ႕သာ မ်က္ႏွာကို ပြတ္တုိက္သင့္ပါတယ္။

(၅)    ေရလံုလံုေလာက္ေလာက္ သံုးၿပီး မ်က္ႏွာမသစ္တာက ေခၽြးေပါက္ေတြကို ပိတ္ဆုိ႕ေစႏုိင္ၿပီး အသားအေရကို ညစ္ႏြမ္းေစပါတယ္။
ဒါေၾကာင့္ မ်က္ႏွာသစ္ရာမွာ ေျပာင္စင္ေနေအာင္ ေရကို ခပ္ၾကာၾကာနဲ႕ မ်ားမ်ားသစ္ပါ။ ေမးရိုး ၊ နဖူးစပ္နဲ႕ ႏွာေခါင္းေတြက ပိုၿပီးဂရုစိုက္ရမယ့္အပိုင္းျဖစ္ၿပီး တခါတရံ အဲ့ဒီေနရာေတြမွာ ဆပ္ျပာေတြ ကပ္က်န္ေနခဲ့တတ္ပါတယ္။ ဒါေၾကာင့္ ဒီေနရာေတြကို ပိုၿပီးဂရုတစိုက္နဲ႕ ေဆးေၾကာရပါမယ္။

(၆)   သင့္ရဲ႕အသားေရက က်ိန္းစပ္စပ္ျဖစ္ေစႏုိင္တဲ့ အရာေတြနဲ႕ ဓါတ္မတည့္တဲ့ အေလ့အထရွိလား ဆန္းစစ္ရပါမယ္။
သင္သံုးေနတဲ့ ထုတ္ကုန္ေတြထဲက ပါ၀င္ပစၥည္းေတြ (ဥပမာ - အေမႊးနံ႔ေတြ ၊ အေရာင္ေတြ) နဲ႔ ထိေတြ႕မရတဲ့ sensitive ျဖစ္တဲ့ အသားအေရမ်ိဳးဆုိပါစို႕။ ကိုယ္သံုးမယ့္ထုတ္ကုန္ကို အေရာင္ ၊ အနံ႔ ကင္းစင္တဲ့ သဘာ၀ပစၥည္းေတြနဲ႕ ျပဳလုပ္ထားတဲ့ ထုတ္ကုန္မ်ိဳးကိုသာ သံုးရပါမယ္။

(၇) သင့္ရဲ႕မ်က္ႏွာသုတ္ပု၀ါကလည္း ႏူးညံ့ဖို႕လုိပါတယ္။
မ်က္ႏွာသုတ္ပု၀ါ ႏူးႏူးညံ႕ညံ႕ေလးေရြးခ်ယ္သင့္တယ္ဆုိလို႕ ပိုလိုက္တာလို႕ မထင္ပါနဲ႕။ ဒါ့အျပင္ မ်က္ႏွာကို အားပါးတရ ပြတ္တုိက္ၿပီး သုတ္လုိက္ရရင္ ေနလုိ႕ထုိင္လုိ႕ေကာင္းေပမယ့္ တကယ္တမ္းေတာ့ ခပ္ဖြဖြေလာက္သာ လုိက္ဖိေပးၿပီး ပြတ္တုိက္မသုတ္သင့္ပါဘူး။

(၈)   ေနာက္တစ္ခ်က္အေနနဲ႕ မ်က္ႏွာသစ္ၿပီးၿပီးခ်င္း moisturizer ကို သံုးသင့္ပါတယ္။
လံုး၀ ေျခာက္သြားတဲ့အထိ ေစာင့္ၿပီးမွာ သုံးတဲ့အခါ ပါ၀င္ပစၥည္းေတြကို အေရျပားက စုပ္ယူဖို႕ ခက္ခဲသြားႏုိင္ပါတယ္။ ဒါေၾကာင့္ moisturizer သံုးမယ္ဆုိရင္ မ်က္ႏွာသစ္ၿပီးၿပီးခ်င္း အသားအေရ ခပ္စိုစိုျဖစ္ေနခ်ိန္မွာ သံုးရပါမယ္။

(၉)  မ်က္ႏွာသစ္တာတစ္ခုတည္းနဲ႕ မလံုေလာက္ႏုိင္တဲ့ သင့္အသားအေရအတြက္ေတာ့ moisturiser အျပင္ ႏုိ႕ရည္ ၊ တုိနာ စတာေတြပါ သံုးေပးဖို႕လုိအပ္ပါတယ္။
အျပင္သြားမယ္ဆုိလည္း ေနေရာင္ကာ sunscreen ေတြလုိအပ္ပါေသးတယ္။ က်န္တဲ့အရာေတြကိုလည္း လုိအပ္သလို သံုးေပးသြားပါ။

(၁၀)    အခ်ိန္အေတာ္ၾကာတဲ့အထိ အဆီဆုိတာ အသားအေရရဲ႕ ေခၽြးေပါက္ေတြကို ပိတ္ဆုိ႕ေစတာေၾကာင့္ ကၽြႏု္ပ္တုိ႕ ေ၀းေ၀းေရွာင္ခဲ့ၾကဖူးပါတယ္။
ဒါေပမယ့္အခုေတာ့ အျမင္ေတြက ေျပာင္းသြားပါၿပီ။ အဆီျပန္တဲ့ အသားအေရေတြ အပါအ၀င္ skin type အားလံုးအတြက္ အဆီကိုအသံုးျပဳၿပီး ေဆးေၾကာသန္႕စင္ျခင္းက အက်ိဳးေက်းဇူးေတြ ျဖစ္ထြန္းေစပါတယ္တဲ့။ ဒါေၾကာင့္ မက္မြန္ဆီ၊ ဇီးခ်ိဳသီးအဆံ အဆီ၊ စပ်စ္သီးအဆီနဲ႕ ေနၾကာေစ့အဆီေတြကေန အေျခခံထားတဲ့ cleansing oil ေတြကို မ်က္ႏွာေပၚလိမ္းၿပီး အနည္းငယ္ႏွိပ္နယ္ေပး ပါ။ ၿပီးရင္ေတာ့ အဆီေတြေျပာင္စင္ေစဖုိ႕ ေရခပ္ေႏြးေႏြးထဲမွာ မ်က္ႏွာေဆးတဲ့ အ၀တ္ကိုညစ္ၿပီး သုတ္ေပးပါ။ ၿပီးရင္ေတာ့ ေရစင္ေအာင္ေဆးလုိက္ပါ။ (အုန္းဆီနဲ႕ သံလြင္ဆီေတြကေတာ့ အသားအေရ အမ်ိဳးအစား အနည္းငယ္ေရြးတာေၾကာင့္ ဂရုစိုက္ၿပီး အသံုးျပဳရပါမယ္။)

ဒါေတြအားလံုးကို ေသခ်ာဂရုျပဳၿပီး လုိက္နာႏုိင္မယ္ဆုိရင္ သင့္မွာ ဘယ္လုိ မ်က္ႏွာသစ္နည္း အမွားအယြင္းမ်ိဳးမွ ေတြ႕ရွိႏုိင္ေတာ့မွာ မဟုတ္ပါဘူး။ ခႏၶာကိုယ္ အစိတ္အပိုင္းေတြထဲ အလွအပအတြက္ အေရးအႀကီးဆံုးျဖစ္တဲ့ မ်က္ႏွာကိုေတာ့ ကၽြႏု္ပ္တုိ႕အားလံုး ဂရုစိုက္လုိၾကမယ္လုိ႕ ယူဆတဲ့အတြက္ အက်ယ္တ၀င့္ ရွင္းလင္းေဖာ္ျပလုိက္ရပါတယ္။

Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်နှာသစ်တယ်ဆိုတာ အလှအပနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေထဲ အလွယ်ကူဆုံးအပိုင်းလို့ ထင်တယ်မဟုတ်လား။ ဒါပေမယ့် တချို့သော ယေဘုယျအချက်တွေထဲမှာ လုပ်နေကျဖြစ်တဲ့ အကျင့်တွေက သင့်အသားအရေကို ပိုဆိုးဝါးလာစေတယ်ဆိုရင်ရော သင်သိထားပြီလား။ ခြောက်သွေ့ခြင်း ၊ ကျိန်းစပ်ခြင်း ၊ အဆီခြောက်ခမ်းခြေင်း နဲ့ အက်ကွဲခြင်းတွေ ဖြစ်လာစေတတ်တဲ့ မျက်နှာသစ်နည်း အမှားတွေကို သင်မသိသေးဘူးလို့ ထင်တာကြောင့် ရေးသားဖော်ပြလိုက်ပါတယ်။

(၁)   ပထမဆုံးအချက်ကတော့ ထုတ်ကုန်ပစ္စည်း အမျိုးအစား ရွေးချယ်မှုမှားနေတာပဲ။
သင့်အသားအရေနဲ့ တကယ်ကိုက်ညီမယ့် သဘာဝပစ္စည်းအခြေခံ ထုတ်ကုန်မျိုးကို ရွေးချယ်ရပါမယ်။ ဒါကြောင့် ကိုယ့်နဲ့ သင့်တော်မယ့် organic ထုတ်ကုန်တွေကို ရွေးချယ်နိုင်စွမ်းရှိဖို့လိုပြီး ထုတ်ကုန်အမှားတွေ မသုံးမိပါစေနဲ့။

(၂)   ခဏခဏ မသစ်ပါနဲ့။
 တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် မျက်နှာသစ်ခြင်းက သင့်အတွက် ကောင်းမွန်ပေမယ့် ဒီ့ထက်ပိုလာရင်တော့ မျက်နှာ ကျိန်းစပ်ခြင်း ၊ အဆီပိုထုတ်လွှတ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်ပါနဲ့။

(၃)  ရေရဲ့အပူချိန်ကို ဂရုစိုက်ပါ။
လူအများ ယုံကြည်နေကြသလို ပူတဲ့ရေက ချွေးပေါက်တွေကို ဖွင့်ပေးပြီး အေးတဲ့ရေက ချွေးပေါက် ပိတ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ ချွေးပေါက်တွေမှာ ဒီလို ပိတ်ဖို့ ပွင့်ဖို့ ကြွက်သားမရှိတဲ့အတွက် မလုပ်နိုင်ပါဘူး။ ပူတဲ့ရေတွေက သင့်အသားအရေကို ခြောက်သွေ့ခြင်း ၊ သဘာ၀ အသားအရေကို ပျက်စီးစေခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်နှာသစ်ဖို့ အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးရုံ ရေအပူချိန် ခပ်နွေးနွေးလောက်ပါပဲ။

(၄)  မျက်နှာဂျီးချွတ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူပါ။
မျက်နှာဂျီးချွတ်တာဟာ လုပ်သင့်တဲ့အရာတစ်ခုဖြစ်ပြီး ဆဲလ်အသေတွေ ဖယ်ရှားဖို့နဲ့ လျော့နည်းစေဖို့က သော့ချက်ပါပဲ။ ဒီအတွက် scrub တွေ သုံးရတာဖြစ်လို့ တစ်ပါတ်ကို အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ မျက်နှာဂျီးချွတ်ရာမှာ ရေစိုအဝတ်တွေအစား လက်ချောင်းတွေနဲ့သာ မျက်နှာကို ပွတ်တိုက်သင့်ပါတယ်။

(၅)    ရေလုံလုံလောက်လောက် သုံးပြီး မျက်နှာမသစ်တာက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး အသားအရေကို ညစ်နွမ်းစေပါတယ်။
ဒါကြောင့် မျက်နှာသစ်ရာမှာ ပြောင်စင်နေအောင် ရေကို ခပ်ကြာကြာနဲ့ များများသစ်ပါ။ မေးရိုး ၊ နဖူးစပ်နဲ့ နှာခေါင်းတွေက ပိုပြီးဂရုစိုက်ရမယ့်အပိုင်းဖြစ်ပြီး တခါတရံ အဲ့ဒီနေရာတွေမှာ ဆပ်ပြာတွေ ကပ်ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ပိုပြီးဂရုတစိုက်နဲ့ ဆေးကြောရပါမယ်။

(၆)   သင့်ရဲ့အသားရေက ကျိန်းစပ်စပ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ဓါတ်မတည့်တဲ့ အလေ့အထရှိလား ဆန်းစစ်ရပါမယ်။
သင်သုံးနေတဲ့ ထုတ်ကုန်တွေထဲက ပါဝင်ပစ္စည်းတွေ (ဥပမာ - အမွှေးနံ့တွေ ၊ အရောင်တွေ) နဲ့ ထိတွေ့မရတဲ့ sensitive ဖြစ်တဲ့ အသားအရေမျိုးဆိုပါစို့။ ကိုယ်သုံးမယ့်ထုတ်ကုန်ကို အရောင် ၊ အနံ့ ကင်းစင်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်မျိုးကိုသာ သုံးရပါမယ်။

(၇) သင့်ရဲ့မျက်နှာသုတ်ပုဝါကလည်း နူးညံ့ဖို့လိုပါတယ်။
မျက်နှာသုတ်ပုဝါ နူးနူးညံ့ညံ့လေးရွေးချယ်သင့်တယ်ဆိုလို့ ပိုလိုက်တာလို့ မထင်ပါနဲ့။ ဒါ့အပြင် မျက်နှာကို အားပါးတရ ပွတ်တိုက်ပြီး သုတ်လိုက်ရရင် နေလို့ထိုင်လို့ကောင်းပေမယ့် တကယ်တမ်းတော့ ခပ်ဖွဖွလောက်သာ လိုက်ဖိပေးပြီး ပွတ်တိုက်မသုတ်သင့်ပါဘူး။

(၈)   နောက်တစ်ချက်အနေနဲ့ မျက်နှာသစ်ပြီးပြီးချင်း moisturizer ကို သုံးသင့်ပါတယ်။
လုံး၀ ခြောက်သွားတဲ့အထိ စောင့်ပြီးမှာ သုံးတဲ့အခါ ပါဝင်ပစ္စည်းတွေကို အရေပြားက စုပ်ယူဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် moisturizer သုံးမယ်ဆိုရင် မျက်နှာသစ်ပြီးပြီးချင်း အသားအရေ ခပ်စိုစိုဖြစ်နေချိန်မှာ သုံးရပါမယ်။

(၉)  မျက်နှာသစ်တာတစ်ခုတည်းနဲ့ မလုံလောက်နိုင်တဲ့ သင့်အသားအရေအတွက်တော့ moisturiser အပြင် နို့ရည် ၊ တိုနာ စတာတွေပါ သုံးပေးဖို့လိုအပ်ပါတယ်။
အပြင်သွားမယ်ဆိုလည်း နေရောင်ကာ sunscreen တွေလိုအပ်ပါသေးတယ်။ ကျန်တဲ့အရာတွေကိုလည်း လိုအပ်သလို သုံးပေးသွားပါ။

(၁၀)    အချိန်အတော်ကြာတဲ့အထိ အဆီဆိုတာ အသားအရေရဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေတာကြောင့် ကျွနု်ပ်တို့ ဝေးဝေးရှောင်ခဲ့ကြဖူးပါတယ်။
ဒါပေမယ့်အခုတော့ အမြင်တွေက ပြောင်းသွားပါပြီ။ အဆီပြန်တဲ့ အသားအရေတွေ အပါအဝင် skin type အားလုံးအတွက် အဆီကိုအသုံးပြုပြီး ဆေးကြောသန့်စင်ခြင်းက အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါတယ်တဲ့။ ဒါကြောင့် မက်မွန်ဆီ၊ ဇီးချိုသီးအဆံ အဆီ၊ စပျစ်သီးအဆီနဲ့ နေကြာစေ့အဆီတွေကနေ အခြေခံထားတဲ့ cleansing oil တွေကို မျက်နှာပေါ်လိမ်းပြီး အနည်းငယ်နှိပ်နယ်ပေး ပါ။ ပြီးရင်တော့ အဆီတွေပြောင်စင်စေဖို့ ရေခပ်နွေးနွေးထဲမှာ မျက်နှာဆေးတဲ့ အဝတ်ကိုညစ်ပြီး သုတ်ပေးပါ။ ပြီးရင်တော့ ရေစင်အောင်ဆေးလိုက်ပါ။ (အုန်းဆီနဲ့ သံလွင်ဆီတွေကတော့ အသားအရေ အမျိုးအစား အနည်းငယ်ရွေးတာကြောင့် ဂရုစိုက်ပြီး အသုံးပြုရပါမယ်။)

ဒါတွေအားလုံးကို သေချာဂရုပြုပြီး လိုက်နာနိုင်မယ်ဆိုရင် သင့်မှာ ဘယ်လို မျက်နှာသစ်နည်း အမှားအယွင်းမျိုးမှ တွေ့ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲ အလှအပအတွက် အရေးအကြီးဆုံးဖြစ်တဲ့ မျက်နှာကိုတော့ ကျွနု်ပ်တို့အားလုံး ဂရုစိုက်လိုကြမယ်လို့ ယူဆတဲ့အတွက် အကျယ်တဝင့် ရှင်းလင်းဖော်ပြလိုက်ရပါတယ်။

Credit: trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top