iMyanmarHouse.com - Best Property Website for Myanmar
×

ယခုႏွစ္ အမ္တီဗီ ဥေရာပဂီတဆု (EMAs)ကိုု ဂ်ပ္စတင္ဘီဘာႏွင့္ ေလဒီဂါဂါ တို႔က ရရွိသြားသည္။

နယ္သာလန္ႏိုင္ငံ ႐ိုတာဒန္ ၿမိဳ႕တြင္ တနဂၤေႏြေန႔က က်င္းပခဲ့ ေသာ ယင္းဆုေပးပြဲ၌ ဂ်ပ္စတင္ ဘီဘာသည္ sorry'သီခ်င္းျဖင့္ အေကာင္းဆံုးေတးသီခ်င္းဆုရရွိခဲ့သည္။

တစ္မူထူးျခားေသာ အသံ အေနအထားျဖင့္ သီဆိုေလ့ရွိ ျခင္းေၾကာင့္ နာမည္ႀကီးသူ ေလဒီ ဂါဂါသည္လည္း အေကာင္းဆံုး အမ်ဳိးသမီးအဆိုေတာ္ဆုႏွင့္ အေကာင္းဆံုး ႐ုပ္ရွင္ဆုကို ရရိွခဲ့ သည္။

အေကာင္းဆံုး ေရာ့ခ္ေတး ဂီတတင္ဆက္မႈဆုကို Coldplay အဖြဲ႕က ရရွိခဲ့ၿပီး ဒရိတ္စ္က အေကာင္းဆံုး ဟစ္ေဟာ့ပ္တင္ ဆက္မႈဆု ရရွိခဲ့သည္။

Green Day အဖြဲ႕သည္ ကမၻာ လံုးဆိုင္ရာ နာမည္ေက်ာ္ဆုကို ရရွိခဲ့ေသာ္လည္း ဆုမ်ားစြာ အတြက္ အမည္စာရင္းတင္သြင္း ျခင္းခံခဲ့ရေသာ ဘီယြန္ေစးသည္ တစ္ဆုမွ် မရျဖစ္ခဲ့သည္။

အမည္စာရင္း တင္သြင္းခံရ မႈမ်ားစြာ လက္ခံရရွိခဲ့ေသာ အဒဲလ္သည္လည္း တစ္ဆုမွ် မရရွိခဲ့ေပ။

Credit: 7 day daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယခုနှစ် အမ်တီဗီ ဥရောပဂီတဆု (EMAs)ကိုု ဂျပ်စတင်ဘီဘာနှင့် လေဒီဂါဂါ တို့က ရရှိသွားသည်။

နယ်သာလန်နိုင်ငံ ရိုတာဒန် မြို့တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့ သော ယင်းဆုပေးပွဲ၌ ဂျပ်စတင် ဘီဘာသည် sorry'သီချင်းဖြင့် အကောင်းဆုံးတေးသီချင်းဆုရရှိခဲ့သည်။

တစ်မူထူးခြားသော အသံ အနေအထားဖြင့် သီဆိုလေ့ရှိ ခြင်းကြောင့် နာမည်ကြီးသူ လေဒီ ဂါဂါသည်လည်း အကောင်းဆုံး အမျိုးသမီးအဆိုတော်ဆုနှင့် အကောင်းဆုံး ရုပ်ရှင်ဆုကို ရရှိခဲ့ သည်။

အကောင်းဆုံး ရော့ခ်တေး ဂီတတင်ဆက်မှုဆုကို Coldplay အဖွဲ့က ရရှိခဲ့ပြီး ဒရိတ်စ်က အကောင်းဆုံး ဟစ်ဟော့ပ်တင် ဆက်မှုဆု ရရှိခဲ့သည်။

Green Day အဖွဲ့သည် ကမ္ဘာ လုံးဆိုင်ရာ နာမည်ကျော်ဆုကို ရရှိခဲ့သော်လည်း ဆုများစွာ အတွက် အမည်စာရင်းတင်သွင်း ခြင်းခံခဲ့ရသော ဘီယွန်စေးသည် တစ်ဆုမျှ မရဖြစ်ခဲ့သည်။

အမည်စာရင်း တင်သွင်းခံရ မှုများစွာ လက်ခံရရှိခဲ့သော အဒဲလ်သည်လည်း တစ်ဆုမျှ မရရှိခဲ့ပေ။

Credit: 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top