iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ခင္း အိပ္ရာထျပီးေနာက္ ဒါမွမဟုတ္ ညအိပ္ရာမဝင္မီ သြားတုိက္လွမ္းယူတဲ့အခါ သြားတိုက္တံမွာ ေရာဂါပုိးပါႏုိင္ေၾကာင္း ကြ်ႏု္ပ္တို႔ ေကာင္းေကာင္းသေဘာမသိၾကပါဘူး။ သုံးျပီးသား သြားတုိက္တံေတြမွာ ကူးစက္ေရာဂါျဖစ္ေစႏုိင္ျပီး သာမာန္မ်က္စိနဲ႔ မျမင္ရတဲ့ ပိုးမႊားေတြ၊ ဗိုင္းရပ္စ္ေတြနဲ႔ ဘက္တီးရီးယားေတြ ပါဝင္ပါတယ္။

မသန္႔ရွင္းတဲ့ သြားပြတ္တံတစ္ေခ်ာင္းမွာ အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ ေရာဂါပုိးမ်ားစြာ ရိွပါတယ္။ ဒါေပမယ့္ မိမိသြားပြတ္တံကို သန္႔ရွင္းျပီး ေရာဂါပုိးကင္းေဝးေစတဲ့ နည္းလမ္းမ်ားစြာ ေတြ႔ပါလိမ့္မယ္။ သြားတုိက္တံမကိုင္ခင္ လက္ကို ဆပ္ျပာနဲ႔ ေရေႏြးနဲ႔ မျဖစ္မေနေဆးေၾကာေပးသင့္ေၾကာင္း သိနားလည္ဖုိ႔ လိုပါတယ္။ အဲဒီအျပင္ သြားတိုက္တံကို အသုံးမျပဳမီနဲ႔ သုံးျပီးတုိင္း ေရေႏြးနဲ႔ ေခတၱစိမ္ထားသင့္ပါတယ္။

ေရာဂါပုိးကင္းတဲ့ သြားပြတ္တံျဖစ္ေအာင္ ထိန္းသိမ္းဖုိ႔ အေကာင္းဆုံးနည္းလမ္းေတြက hydrogen peroxide လက္ဖက္ရည္ဇြန္း (၁) ဇြန္းကို ေရ (၁) ခြက္နဲ႔ ေရာစပ္ျပီး သြားပြတ္တံကို အသုံးမျပဳခင္ အဲဒီအရည္ထဲ အနည္းဆုံး စကၠန္႔ ၃၀ စိမ္ထားေပးပါ။ ေနာက္ သြားတုိက္တံကို ေရေႏြးနဲ႔ ေဆးေၾကာသန္႔စင္ရပါမယ္။ Hydrogen peroxide အစား အရက္ျပန္ပါတဲ့ ပလုတ္က်င္းေဆးရည္ကို အသုံးျပဳႏုိင္ပါတယ္။

ေနာက္ သြားတုိက္တံ သန္႔ရွင္းေစတဲ့ နည္းလမ္းေကာင္းတစ္ခုက စိမ္ထားဖုိ႔ပါပဲ။ သြားတုိက္တံကို ရွာလကာရည္စစ္စစ္နဲ႔ စိမ္ထားတာက အလြန္ေကာင္းမြန္တဲ့နည္းလမ္းတစ္ခုပါ။ ရွာလကာရည္က ေရာဂါပုိးနဲ႔ ဘက္တီးရီးယားကို အဓိက ေျခမႈန္းေပးပါလိမ့္မယ္။ ပြက္ပြက္ဆူေနတဲ့ေရကုိလည္း အသုံးျပဳႏုိင္ပါတယ္။ အင္မတန္လြယ္ကူတဲ့နည္းလမ္းတစ္ခုက ပြက္ပြက္ဆူေနတဲ့ေရေႏြးခြက္တစ္ခုထဲ သြားတုိက္တံကို ထည့္ထားလုိက္ရုံပါပဲ။


Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မနက်ခင်း အိပ်ရာထပြီးနောက် ဒါမှမဟုတ် ညအိပ်ရာမဝင်မီ သွားတိုက်လှမ်းယူတဲ့အခါ သွားတိုက်တံမှာ ရောဂါပိုးပါနိုင်ကြောင်း ကျွနု်ပ်တို့ ကောင်းကောင်းသဘောမသိကြပါဘူး။ သုံးပြီးသား သွားတိုက်တံတွေမှာ ကူးစက်ရောဂါဖြစ်စေနိုင်ပြီး သာမာန်မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။

မသန့်ရှင်းတဲ့ သွားပွတ်တံတစ်ချောင်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးများစွာ ရှိပါတယ်။ ဒါပေမယ့် မိမိသွားပွတ်တံကို သန့်ရှင်းပြီး ရောဂါပိုးကင်းဝေးစေတဲ့ နည်းလမ်းများစွာ တွေ့ပါလိမ့်မယ်။ သွားတိုက်တံမကိုင်ခင် လက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ မဖြစ်မနေဆေးကြောပေးသင့်ကြောင်း သိနားလည်ဖို့ လိုပါတယ်။ အဲဒီအပြင် သွားတိုက်တံကို အသုံးမပြုမီနဲ့ သုံးပြီးတိုင်း ရေနွေးနဲ့ ခေတ္တစိမ်ထားသင့်ပါတယ်။

ရောဂါပိုးကင်းတဲ့ သွားပွတ်တံဖြစ်အောင် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေက hydrogen peroxide လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေ (၁) ခွက်နဲ့ ရောစပ်ပြီး သွားပွတ်တံကို အသုံးမပြုခင် အဲဒီအရည်ထဲ အနည်းဆုံး စက္ကန့် ၃၀ စိမ်ထားပေးပါ။ နောက် သွားတိုက်တံကို ရေနွေးနဲ့ ဆေးကြောသန့်စင်ရပါမယ်။ Hydrogen peroxide အစား အရက်ပြန်ပါတဲ့ ပလုတ်ကျင်းဆေးရည်ကို အသုံးပြုနိုင်ပါတယ်။

နောက် သွားတိုက်တံ သန့်ရှင်းစေတဲ့ နည်းလမ်းကောင်းတစ်ခုက စိမ်ထားဖို့ပါပဲ။ သွားတိုက်တံကို ရှာလကာရည်စစ်စစ်နဲ့ စိမ်ထားတာက အလွန်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ ရှာလကာရည်က ရောဂါပိုးနဲ့ ဘက်တီးရီးယားကို အဓိက ခြေမှုန်းပေးပါလိမ့်မယ်။ ပွက်ပွက်ဆူနေတဲ့ရေကိုလည်း အသုံးပြုနိုင်ပါတယ်။ အင်မတန်လွယ်ကူတဲ့နည်းလမ်းတစ်ခုက ပွက်ပွက်ဆူနေတဲ့ရေနွေးခွက်တစ်ခုထဲ သွားတိုက်တံကို ထည့်ထားလိုက်ရုံပါပဲ။


Credit:Trend Myanmar




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top