iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္သြန္နီမွာ Lachrymatory factor (LF) လို႔ေခၚတဲ့ မ်က္လံုးက်ိန္းစပ္ကာ မ်က္ရည္ယိုးစီးေစတဲ့ ဓာတ္ေငြတစ္မ်ဳိး ထုတ္လႊတ္ပါတယ္။ ဂ်ပန္သုေတသီေတြက LF ထုတ္ေပးဖို႔ရာ မရိွမျဖစ္လိုအပ္တဲ့ အင္ဇုိင္းမပါတဲ့ ၾကက္သြန္နီတစ္မ်ဳိး စိုက္ပ်ဳိးခဲ့ၾကပါတယ္။ ဒါေၾကာင့္ မ်က္ရည္ယိုတာေတြ မျဖစ္ေတာ့ဘူး။ ဒါေပမယ့္ အဲဒီၾကက္သြန္နီမွာ အက်ဳိးျပဳေပးတဲ့ ဆာလဖာေပါင္းပါဝင္မႈေတြ မရိွေတာ့ပါဘူး။ ၾကက္သြန္နီ လီွးတဲ့အခါ မ်က္ရည္ေတြက်လာတာ အဆင္သိပ္မေျပမယ့္ အဲဒီအခ်က္ကပဲ သ႔ူမွာပါဝင္တဲ့ က်န္းမာေရးအက်ဳိးျပဳ အာနိသင္မ်ားစြာေရာစပ္ပါဝင္ေနေၾကာင္း သိသာေစတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ World’s Healthiest Foods က ၾကက္သြန္နီလီွးတဲ့အခါ မ်က္လုံးအေႏွာက္အယွက္ျဖစ္ေစမႈနဲ႔ မ်က္ရည္ယိုျခင္းေလ်ာ့နည္းသက္သာေစမယ့္ ၾကက္သြန္နီလီွးနည္းတခ်ဳိ႕ ထပ္ဆင့္ေဝမွ်ေပးထားပါတယ္။

ၾကက္သြန္နီလီွးလို႔ မ်က္စိက်ိန္းစပ္လာရင္ သင္လက္ေတြ႔ အသုံးခ်ႏုိင္တဲ့ နည္းတစ္ခ်ဳိ႕ရိွပါတယ္။ ဓားထက္ထက္တစ္လက္ အသုံးျပဳျပီး အျမဲတမ္းမတ္သပ္ရပ္ လီွးပါ။ ဒီနည္းနဲ႔ဆိုရင္ မ်က္စိကို ၾကက္သြန္နဲ႔ ေဝးႏုိင္သေလာက္ ေဝးေစပါလိမ့္မယ္။ ၾကက္သြန္နီလီွးေတာ့မယ္ဆုိရင္ ျပတင္းေပါက္နား သြားဖို႔ သတိရပါ။ အဲဒီလိုလုပ္လို႔မွ မ်က္ရည္ေတြ ေပါက္ေပါက္စီးက်ေနေသးတယ္ဆိုရင္ မ်က္မွန္ သို႔မဟုတ္ Googles မ်က္မွန္ တပ္ၾကည့္ပါ။

မလွီးခင္ျဖစ္ေစ ၾကက္သြန္နီကို တစ္နာရီေလာက္ ေအးေနေအာင္ထားတာကလည္း ၾကက္သြန္ရဲ႕ ဓာတ္ေျပာင္းလဲမႈေႏွးေကြးေစတာေၾကာင့္ LF ဓာတ္ေငြ႔ ထုတ္လုပ္မႈႏႈန္း ေလ်ာ့နည္းေစပါတယ္။ ေအးေစျပီးမွလီွးတာ၊ ၿပီးေတာ့ စီးေနတဲ့ေရထဲ ၾကက္သြန္လီွးတာ မ်က္စိက်ိန္းစပ္သာသက္ဖို႔ အသုံးျပဳတဲ့နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ ဒီနည္းဟာ ေရးစီးမႈေၾကာင့္  ၾကက္သြန္နီမွာပါဝင္တဲ့ အာဟာရဓာတ္တစ္ခ်ဳိ႕ကို ဆုံးရႈံးေစႏုိင္တဲ့အတြက္ ဒုတိယေျမာက္အေကာင္းဆုံး နည္းအျဖစ္သာ သတ္မွတ္ထားၾကပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကြက်သွန်နီမှာ Lachrymatory factor (LF) လို့ခေါ်တဲ့ မျက်လုံးကျိန်းစပ်ကာ မျက်ရည်ယိုးစီးစေတဲ့ ဓာတ်ငွေတစ်မျိုး ထုတ်လွှတ်ပါတယ်။ ဂျပန်သုတေသီတွေက LF ထုတ်ပေးဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ အင်ဇိုင်းမပါတဲ့ ကြက်သွန်နီတစ်မျိုး စိုက်ပျိုးခဲ့ကြပါတယ်။ ဒါကြောင့် မျက်ရည်ယိုတာတွေ မဖြစ်တော့ဘူး။ ဒါပေမယ့် အဲဒီကြက်သွန်နီမှာ အကျိုးပြုပေးတဲ့ ဆာလဖာပေါင်းပါဝင်မှုတွေ မရှိတော့ပါဘူး။ ကြက်သွန်နီ လှီးတဲ့အခါ မျက်ရည်တွေကျလာတာ အဆင်သိပ်မပြေမယ့် အဲဒီအချက်ကပဲ သ့ူမှာပါဝင်တဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်များစွာရောစပ်ပါဝင်နေကြောင်း သိသာစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ World’s Healthiest Foods က ကြက်သွန်နီလှီးတဲ့အခါ မျက်လုံးအနှောက်အယှက်ဖြစ်စေမှုနဲ့ မျက်ရည်ယိုခြင်းလျော့နည်းသက်သာစေမယ့် ကြက်သွန်နီလှီးနည်းတချို့ ထပ်ဆင့်ဝေမျှပေးထားပါတယ်။

ကြက်သွန်နီလှီးလို့ မျက်စိကျိန်းစပ်လာရင် သင်လက်တွေ့ အသုံးချနိုင်တဲ့ နည်းတစ်ချို့ရှိပါတယ်။ ဓားထက်ထက်တစ်လက် အသုံးပြုပြီး အမြဲတမ်းမတ်သပ်ရပ် လှီးပါ။ ဒီနည်းနဲ့ဆိုရင် မျက်စိကို ကြက်သွန်နဲ့ ဝေးနိုင်သလောက် ဝေးစေပါလိမ့်မယ်။ ကြက်သွန်နီလှီးတော့မယ်ဆိုရင် ပြတင်းပေါက်နား သွားဖို့ သတိရပါ။ အဲဒီလိုလုပ်လို့မှ မျက်ရည်တွေ ပေါက်ပေါက်စီးကျနေသေးတယ်ဆိုရင် မျက်မှန် သို့မဟုတ် Googles မျက်မှန် တပ်ကြည့်ပါ။

မလှီးခင်ဖြစ်စေ ကြက်သွန်နီကို တစ်နာရီလောက် အေးနေအောင်ထားတာကလည်း ကြက်သွန်ရဲ့ ဓာတ်ပြောင်းလဲမှုနှေးကွေးစေတာကြောင့် LF ဓာတ်ငွေ့ ထုတ်လုပ်မှုနှုန်း လျော့နည်းစေပါတယ်။ အေးစေပြီးမှလှီးတာ၊ ပြီးတော့ စီးနေတဲ့ရေထဲ ကြက်သွန်လှီးတာ မျက်စိကျိန်းစပ်သာသက်ဖို့ အသုံးပြုတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ ရေးစီးမှုကြောင့်  ကြက်သွန်နီမှာပါဝင်တဲ့ အာဟာရဓာတ်တစ်ချို့ကို ဆုံးရှုံးစေနိုင်တဲ့အတွက် ဒုတိယမြောက်အကောင်းဆုံး နည်းအဖြစ်သာ သတ်မှတ်ထားကြပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top