iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမေတြ ညဘက္ ေနာက္က်ေအာင္ ေနမိလိုက္ျပီဆုိရင္ ေနာက္တစ္ေန႕ဆုိ zombie ေတြလို အေျခအေန ျဖစ္သြားၾကတယ္ဟုတ္။ အဲ့ဒီလို မျဖစ္ရေလေအာင္ ပ်ိဳေမအားလံုးအတြက္ ေပးခ်င္တဲ့ နည္းေလးေတြရွိပါတယ္။ skincare နဲ႕ပတ္သက္တဲ့ ဒီနည္းေလးေတြကို လိုက္နာလုပ္ေဆာင္မယ္ဆုိရင္ ေနာက္တစ္ေန႕လည္း သင္ဟာ လန္းဆန္းတက္ၾကြေနပါလိမ့္မယ္။

၁။ လႈပ္လႈပ္ရွားရွားလုပ္ပါ။
သင့္ခႏၶာကိုယ္တြင္းက ဘက္တီးရီးယားေတြကို နည္းနည္းေျခာက္လွန္႕လိုက္ၾကရေအာင္။ ပထမဆံုး မတ္တပ္ရပ္ ေျခေထာက္ကို ပခံုးအက်ယ္ေလာက္ကားျပီး ေျခေထာက္ကို လက္နဲ႕ထိတဲ့အထိ ကုန္းျပီး ေလ့က်င့္ခန္းလုပ္ပါ။ ျပီးရင္ သံုးၾကိမ္ သံုးခါေလာက္ ဒါကို ဆက္လုပ္ေပးလိုက္ပါ။

၂။ Scrub သံုးရမယ့္အခ်ိန္ေရာက္ပါျပီ။
သင့္ရဲ႕ ႏႈိးစက္နာရီကို တစ္ပတ္ကို အနည္းဆံုး ႏွစ္ၾကိမ္ေလာက္ ၅မိနစ္ေလာက္ ေစာေပးျပီး scrub အတြက္ အခ်ိန္ေပးလိုက္ပါ။ ဆဲလ္ေသေတြကို ဖယ္ရွားဖုိ႕အတြက္ အေကာင္းဆံုးနည္းျဖစ္သလို သင့္အသားအေရပိုမို ႏူးညံ႕သြားေစဖုိ႕အတြက္ scrub လုပ္ေပးတာက သိပ္ကို ထိေရာက္ပါတယ္။

၃။ ဗီတာမင္စီကို ေမ့မထားပါနဲ႕။
အသားအေရအတြက္ ေကာင္းမြန္တဲ့အရာေတြထဲမွာ ဗီတာမင္စီ ပါ၀င္ပါတယ္။ သူကအသားအေရ ပို၀င္းေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒီေတာ့ ဗီတာမင္စီပါတဲ့ cleanser ေတြ serum ေတြ၊ moisturizer ေတြ သံုေးပးဖုိ႕ တိုက္တြန္းပါတယ္။

၄။ ေရေႏြးေႏြးေလးကို သံုးရေအာင္။
အျမဲမဟုတ္ေတာင္ ေရေႏြးေႏြးေလးနဲ႕ မ်က္ႏွာေလးကို မၾကာခဏသစ္ေပးဖုိ႕ေတာ့ လိုပါတယ္။ ဒါဟာ ေသြးေၾကာေတြကို ႏႈိးဆြေပးရာေရာက္တဲ့အခါ မ်က္ႏွာမွာလိုအပ္တဲ့ ေအာက္ဆီဂ်င္ပါ ရရွိေစလုိ႕ပါ။ ဒါ့အျပင္ သူက အသားအေရကို ပန္းေရာင္ေျပးေစမွာမုိ႕ ပ်ိဳေမေတြအတြက္ေတာ့ စိတ္ၾကိဳက္ျဖစ္ေစမွာ အေသအခ်ာပဲေပါ့။

၅။ တစ္ပတ္တစ္ခါ မ်က္ႏွာေပါင္းတင္ mask ေလးသံုးေပးပါ။
ညဘက္ေတြ အလုပ္ေတြေၾကာင့္၊ အိမ္စာေတြေၾကာင့္ အိပ္ရာ၀င္တာ ေနာက္က်တယ္ဆုိရင္ သင့္အသားအေရကိုတစ္ပတ္တစ္ခါ အားျပန္ျဖည့္ေပးဖုိ႕အတြက္ mask သံုးေပးပါ။

၆။ မနက္စာကို အတတ္ႏိုင္ဆံုးစားပါ။
ဘယ္ေလာက္ပဲ အလုပ္ေတြရႈပ္ေနပါေစ၊ မနက္စာကိုေတာ့ ပံုမွန္စားေပးဖုိ႕ လိုပါတယ္။ မနက္စာ မစားလိုက္ရတဲ့အခါ သင့္စိတ္ေတြ ရႈပ္ေထြးျပီး တစ္ေန႕တာ အလုပ္လုပ္ရတာ အဆင္ေျပမွာ မဟုတ္လို႕ပါ။ ျဖစ္ႏိုင္ရင္ အသီးေတြေတာ့ စားေပးဖုိ႕ တိုက္တြန္းခ်င္ပါတယ္။

၇။ စပေရးဖ်န္းေပးတာလည္း ေကာင္းပါတယ္။
သင္တစ္ေန႕တာလံုး ေရအလုံအေလာက္ ေသာက္သလိုမ်ိဳး အသားအေရအတြက္လည္း ဒီအရာက လိုအပ္ပါတယ္။ တကယ္လို႕ တစ္ေန႕လံုးနီးပါး ထုိင္ေနရတဲ့အလုပ္လုပ္ေနရတယ္ဆုိရင္ သင့္အေနနဲ႕ မ်က္ႏွာကို ဖ်န္းတဲ့ စပေရးေလးေတြ ေဆာင္ထားျပီး မ်က္ႏွာကိုဖ်န္းကာ ကိုယ့္ကိုကိုယ္ လန္းဆန္းေအာင္ ေနသင့္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပျိုမေတွေ ညဘက် နောက်ကျအောင် နေမိလိုက်ပြီဆိုရင် နောက်တစ်နေ့ဆို zombie တွေလို အခြေအနေ ဖြစ်သွားကြတယ်ဟုတ်။ အဲ့ဒီလို မဖြစ်ရလေအောင် ပျိုမေအားလုံးအတွက် ပေးချင်တဲ့ နည်းလေးတွေရှိပါတယ်။ skincare နဲ့ပတ်သက်တဲ့ ဒီနည်းလေးတွေကို လိုက်နာလုပ်ဆောင်မယ်ဆိုရင် နောက်တစ်နေ့လည်း သင်ဟာ လန်းဆန်းတက်ကြွနေပါလိမ့်မယ်။

၁။ လှုပ်လှုပ်ရှားရှားလုပ်ပါ။
သင့်ခန္ဓာကိုယ်တွင်းက ဘက်တီးရီးယားတွေကို နည်းနည်းခြောက်လှန့်လိုက်ကြရအောင်။ ပထမဆုံး မတ်တပ်ရပ် ခြေထောက်ကို ပခုံးအကျယ်လောက်ကားပြီး ခြေထောက်ကို လက်နဲ့ထိတဲ့အထိ ကုန်းပြီး လေ့ကျင့်ခန်းလုပ်ပါ။ ပြီးရင် သုံးကြိမ် သုံးခါလောက် ဒါကို ဆက်လုပ်ပေးလိုက်ပါ။

၂။ Scrub သုံးရမယ့်အချိန်ရောက်ပါပြီ။
သင့်ရဲ့ နှိုးစက်နာရီကို တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ၅မိနစ်လောက် စောပေးပြီး scrub အတွက် အချိန်ပေးလိုက်ပါ။ ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးနည်းဖြစ်သလို သင့်အသားအရေပိုမို နူးညံ့သွားစေဖို့အတွက် scrub လုပ်ပေးတာက သိပ်ကို ထိရောက်ပါတယ်။

၃။ ဗီတာမင်စီကို မေ့မထားပါနဲ့။
အသားအရေအတွက် ကောင်းမွန်တဲ့အရာတွေထဲမှာ ဗီတာမင်စီ ပါဝင်ပါတယ်။ သူကအသားအရေ ပိုဝင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒီတော့ ဗီတာမင်စီပါတဲ့ cleanser တွေ serum တွေ၊ moisturizer တွေ သုံေးပးဖို့ တိုက်တွန်းပါတယ်။

၄။ ရေနွေးနွေးလေးကို သုံးရအောင်။
အမြဲမဟုတ်တောင် ရေနွေးနွေးလေးနဲ့ မျက်နှာလေးကို မကြာခဏသစ်ပေးဖို့တော့ လိုပါတယ်။ ဒါဟာ သွေးကြောတွေကို နှိုးဆွပေးရာရောက်တဲ့အခါ မျက်နှာမှာလိုအပ်တဲ့ အောက်ဆီဂျင်ပါ ရရှိစေလို့ပါ။ ဒါ့အပြင် သူက အသားအရေကို ပန်းရောင်ပြေးစေမှာမို့ ပျိုမေတွေအတွက်တော့ စိတ်ကြိုက်ဖြစ်စေမှာ အသေအချာပဲပေါ့။

၅။ တစ်ပတ်တစ်ခါ မျက်နှာပေါင်းတင် mask လေးသုံးပေးပါ။
ညဘက်တွေ အလုပ်တွေကြောင့်၊ အိမ်စာတွေကြောင့် အိပ်ရာဝင်တာ နောက်ကျတယ်ဆိုရင် သင့်အသားအရေကိုတစ်ပတ်တစ်ခါ အားပြန်ဖြည့်ပေးဖို့အတွက် mask သုံးပေးပါ။

၆။ မနက်စာကို အတတ်နိုင်ဆုံးစားပါ။
ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေ၊ မနက်စာကိုတော့ ပုံမှန်စားပေးဖို့ လိုပါတယ်။ မနက်စာ မစားလိုက်ရတဲ့အခါ သင့်စိတ်တွေ ရှုပ်ထွေးပြီး တစ်နေ့တာ အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်လို့ပါ။ ဖြစ်နိုင်ရင် အသီးတွေတော့ စားပေးဖို့ တိုက်တွန်းချင်ပါတယ်။

၇။ စပရေးဖျန်းပေးတာလည်း ကောင်းပါတယ်။
သင်တစ်နေ့တာလုံး ရေအလုံအလောက် သောက်သလိုမျိုး အသားအရေအတွက်လည်း ဒီအရာက လိုအပ်ပါတယ်။ တကယ်လို့ တစ်နေ့လုံးနီးပါး ထိုင်နေရတဲ့အလုပ်လုပ်နေရတယ်ဆိုရင် သင့်အနေနဲ့ မျက်နှာကို ဖျန်းတဲ့ စပရေးလေးတွေ ဆောင်ထားပြီး မျက်နှာကိုဖျန်းကာ ကိုယ့်ကိုကိုယ် လန်းဆန်းအောင် နေသင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top