iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ကုိ ကယ္လုိရီ ၁၀၀ ေလွ်ာ့ခ်တာက သင့္ကို တစ္ႏွစ္အတြင္းမွာ ကိုယ္အေလးခ်ိန္ ၁၀ ေပါင္ က်ဆင္းသြားေအာင္ စြမ္းေဆာင္ ႏုိင္ပါတယ္။

အခုေျပာျပမယ့္ နည္းလမ္းေတြထဲက တစ္ခုကုိ ေရြးခ်ယ္ၿပီး ေန႔စဥ္ လုပ္ေဆာင္ ၾကည့္ပါ။ တစ္ေန႔ကို ကယ္လုိရီ ၁၀၀ ေလာင္ကၽြမ္း ေစပါတယ္။

နည္းလမ္း (၁)

သင္စားတဲ့ အစားအစာေတြရဲ႕ ပမာဏကို မွန္မွန္ကန္ကန္ စားတတ္တဲ့ အေလ့အက်င့္ ရွိေနဖုိ႔က အေရးႀကီး ပါတယ္။ သင္စားမယ့္ ပန္းကန္ကို ေလးပံုပံုၿပီး တစ္ပံုကိုထမင္း၊ ႏွစ္ပံုကို ဟင္းသီးဟင္းရြက္နဲ႔ က်န္တစ္ပံုကို သားငါး ထည့္စားပါ။

နည္းလမ္း (၂)

သင္အစာ စားတဲ့အခါ ဗုိက္ျပည့္သြားေအာင္ စားမယ့္အစား ၈၀ ရာခိုင္ႏႈန္းအထိပဲ ျပည့္ေအာင္ စားၿပီး က်န္တဲ့ ၂၀ ရာခိုင္ႏႈန္းေလာက္ေတာ့ ေလွ်ာ့ စားေပးပါ။

နည္းလမ္း (၃)

သၾကားမပါဘဲ အန႔ံထည့္ထားတဲ့ ပီေကကုိ တီဗီၾကည့္ရင္း၊ အင္တာနက္သံုးရင္း ဝါးေပးပါ။ ညစာမစားခင္ ပီေက ဝါးေပးတာက ညစာ ေလွ်ာ့စား မိေစပါတယ္။

နည္းလမ္း (၄)

စကားတေျပာေျပာနဲ႔ ထမင္းစားတာက သင္ဗုိက္ျပည့္သြားတယ္ ဆုိတာကို မသိႏုိင္ေတာ့ဘဲ အစာကို အထိန္းအကြပ္မရွိ စားမိတတ္ပါတယ္။ စားတဲ့ အစားအေသာက္ ကိုလည္း သင့္က်န္းမာေရးနဲ႔ ညီၫြတ္မႈ ရွိ၊ မရွိ မေရြးခ်ယ္ မိေတာ့ပါဘူး။ အမ်ားစုက ဒီအခ်က္ကို ေမ့ေန တတ္ပါတယ္။ ဒါေၾကာင့္ အစာစားခ်ိန္မွာ စကားမေျပာဘဲ သင္စားတဲ့ အစာအေပၚမွာပဲ အာ႐ံုစုိက္ၿပီး စားေပးပါ။

နည္းလမ္း (၅)

ေယာဂနဲ႔ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏုိင္တာ ဘယ္လုိ ဆက္စပ္ေနလဲ ဆုိတာကို သုေတသီေတြက ေလ့လာ ၾကည့္တဲ့အခါ ေယာဂ ေလ့က်င့္သူေတြဟာ အစားအေသာက္ စားရာမွာလည္း သတိထားၿပီး စားေသာက္တဲ့ အက်င့္ ရသြားၿပီး အစားအေသာက္ေတြကို အလြန္အမင္း ျပည့္အင့္တဲ့အထိ မစားမိေအာင္ ကိုယ့္ကုိယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္း ျမင့္မား လာတာေၾကာင့္လုိ႔ ဆုိပါတယ္။

နည္းလမ္း (၆)

ဝက္ဆားနယ္ေျခာက္ စားတာ၊ အသားညႇပ္ ဆင္းဒ္ဝွစ္ စားတာေတြကို ေရွာင္လုိက္ပါက သင္စားတဲ့ အစားအေသာက္ ထဲကေန ကယ္လိုရီ ၁၀၀ ရရွိမႈကို ေလွ်ာ့ခ် ႏိုင္ပါလိမ့္မယ္။ အသားနဲ႔ခ်ိစ္ ညႇပ္ထားတဲ့ ဆင္းဒ္ဝွစ္အစား အသီးအရြက္ ညႇပ္ထားတဲ့ ဆင္းဒ္ဝွစ္ကို စားေပးပါ။

နည္းလမ္း (၇)

ေကာက္ႏွံ တစ္ခုလံုးကို စားသံုးေပးပါက ကယ္လိုရီ အနည္းငယ္သာ ရရွိေစၿပီး ကိုလက္စထေရာ အဆင့္ကို ေကာင္းမြန္ ေစပါတယ္။ ေကာက္ႏွံ တစ္ခုလံုးနဲ႔ ျပဳလုပ္ ထားတဲ့ အစားအေသာက္ေတြ သင့္ပတ္ဝန္းက်င္မွာ မ်ားစြာဝယ္ယူ စားသံုးႏုိင္တယ္ ဆိုေပမယ့္ သၾကားနဲ႔ခရင္မ္ ပါဝင္မႈ မ်ားတာေတြကို မစားသင့္ပါဘူး။

နည္းလမ္း (၈)

အခ်ဳိရည္ေတြ ေသာက္မယ့္ အစားေရပဲ ေသာက္ပါ။ သင္ရဲ႕တစ္ေန႔တာထက သၾကား ၁ဝ ဇြန္းစာ ေလွ်ာ့ခ်ၿပီးသား ျဖစ္ေစ ပါတယ္။ ေရပဲ ေသာက္ရ တာကို မႏွစ္သက္ပါက ေရထဲကို ေရွာက္ရည္ အနည္းငယ္ညႇစ္ၿပီး ေသာက္တာ၊ စေတာ္ဘယ္ရီသီး ထည့္ေသာက္မ်ဳိး လုပ္ေဆာင္ပါ။

နည္းလမ္း (၉)

ညစဥ္ အိပ္စက္တိုင္းမွာ အိပ္ခ်ိန္ထက္ တစ္နာရီ ပိုအိပ္စက္ေပးပါက တစ္ႏွစ္အတြင္းမွာ ကုိယ္အေလးခ်ိန္ ၁၄ ေပါင္ က်ဆင္းေစတယ္လုိ႔ မစ္ခ်ီကန္ တကၠသိုလ္မွ သုေတသီေတြက ေျပာပါတယ္။ အိပ္စက္မႈ ပိုတာက သေရစာ စားခ်င္စိတ္ကုိ ေလွ်ာ့ခ် ေပးတာေၾကာင့္ ကယ္လိုရီ ၆ ရာခိုင္ႏႈန္းေလာက္ က်ဆင္းေစတယ္လုိ႔ ယူဆၾကပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကဘူး ဆုိေပမယ့္ အိပ္စက္ခ်ိန္ ပုိယူတာက အက်ဳိး သက္ေရာက္မႈ ရွိေစ ပါတယ္။

နည္းလမ္း (၁၀)

အစာစားဖုိ႔ အခ်ိန္မိနစ္ ၂၀ ေပးၿပီး ျဖည္းျဖည္း စားပါ။ ဒါဟာ ရွင္းလင္း လြယ္ကူၿပီး ကိုယ္အေလးခ်ိန္ က်ဆင္းေစႏိုင္တဲ့ ထိပ္တန္း နည္းလမ္း တစ္ခုပါ။ အစာကို တစ္လုတ္ခ်င္း၊ တစ္ကိုက္ခ်င္း အရသာခံ စားသံုးပါက အစာစားခ်ိန္ သိသိသာသာ ေႏွးေကြး သြားေစပါတယ္။ အစာကို အျမန္စားသံုးပါက တင္းတိမ္သြားၿပီး ဆာေလာင္မႈ ေျပေပ်ာက္သြားၿပီ ဆိုတဲ့ သတင္းအခ်က္အလက္ကုိ ဦးေႏွာက္ဆီ ပို႔ေဆာင္တဲ့ေနရာကို ပိတ္ဆို႔လိုက္တာေၾကာင့္ အစာပုိစား မိေစပါတယ္။

Credit:Thithtoolwin


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။

အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင် ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်း စေပါတယ်။

နည်းလမ်း (၁)

သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့အကျင့် ရှိနေဖို့က အရေးကြီး ပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကိုထမင်း၊ နှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါး ထည့်စားပါ။

နည်းလမ်း (၂)

သင်အစာ စားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။

နည်းလမ်း (၃)

သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေ ဝါးပေးတာက ညစာ လျှော့စား မိစေပါတယ်။

နည်းလမ်း (၄)

စကားတပြောပြောနဲ့ ထမင်းစားတာက သင်ဗိုက်ပြည့်သွားတယ် ဆိုတာကို မသိနိုင်တော့ဘဲ အစာကို အထိန်းအကွပ်မရှိ စားမိတတ်ပါတယ်။ စားတဲ့ အစားအသောက် ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ် မိတော့ပါဘူး။ အများစုက ဒီအချက်ကို မေ့နေ တတ်ပါတယ်။ ဒါကြောင့် အစာစားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာအပေါ်မှာပဲ အာရုံစိုက်ပြီး စားပေးပါ။

နည်းလမ်း (၅)

ယောဂနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်တာ ဘယ်လို ဆက်စပ်နေလဲ ဆိုတာကို သုတေသီတွေက လေ့လာ ကြည့်တဲ့အခါ ယောဂ လေ့ကျင့်သူတွေဟာ အစားအသောက် စားရာမှာလည်း သတိထားပြီး စားသောက်တဲ့ အကျင့် ရသွားပြီး အစားအသောက်တွေကို အလွန်အမင်း ပြည့်အင့်တဲ့အထိ မစားမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မား လာတာကြောင့်လို့ ဆိုပါတယ်။

နည်းလမ်း (၆)

ဝက်ဆားနယ်ခြောက် စားတာ၊ အသားညှပ် ဆင်းဒ်ဝှစ် စားတာတွေကို ရှောင်လိုက်ပါက သင်စားတဲ့ အစားအသောက် ထဲကနေ ကယ်လိုရီ ၁၀၀ ရရှိမှုကို လျှော့ချ နိုင်ပါလိမ့်မယ်။ အသားနဲ့ချိစ် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်အစား အသီးအရွက် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်ကို စားပေးပါ။

နည်းလမ်း (၇)

ကောက်နှံ တစ်ခုလုံးကို စားသုံးပေးပါက ကယ်လိုရီ အနည်းငယ်သာ ရရှိစေပြီး ကိုလက်စထရော အဆင့်ကို ကောင်းမွန် စေပါတယ်။ ကောက်နှံ တစ်ခုလုံးနဲ့ ပြုလုပ် ထားတဲ့ အစားအသောက်တွေ သင့်ပတ်ဝန်းကျင်မှာ များစွာဝယ်ယူ စားသုံးနိုင်တယ် ဆိုပေမယ့် သကြားနဲ့ခရင်မ် ပါဝင်မှု များတာတွေကို မစားသင့်ပါဘူး။

နည်းလမ်း (၈)

အချိုရည်တွေ သောက်မယ့် အစားရေပဲ သောက်ပါ။ သင်ရဲ့တစ်နေ့တာထက သကြား ၁ဝ ဇွန်းစာ လျှော့ချပြီးသား ဖြစ်စေ ပါတယ်။ ရေပဲ သောက်ရ တာကို မနှစ်သက်ပါက ရေထဲကို ရှောက်ရည် အနည်းငယ်ညှစ်ပြီး သောက်တာ၊ စတော်ဘယ်ရီသီး ထည့်သောက်မျိုး လုပ်ဆောင်ပါ။

နည်းလမ်း (၉)

ညစဉ် အိပ်စက်တိုင်းမှာ အိပ်ချိန်ထက် တစ်နာရီ ပိုအိပ်စက်ပေးပါက တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းစေတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။ အိပ်စက်မှု ပိုတာက သရေစာ စားချင်စိတ်ကို လျှော့ချ ပေးတာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်းစေတယ်လို့ ယူဆကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး ဆိုပေမယ့် အိပ်စက်ချိန် ပိုယူတာက အကျိုး သက်ရောက်မှု ရှိစေ ပါတယ်။

နည်းလမ်း (၁၀)

အစာစားဖို့ အချိန်မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်း စားပါ။ ဒါဟာ ရှင်းလင်း လွယ်ကူပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်တဲ့ ထိပ်တန်း နည်းလမ်း တစ်ခုပါ။ အစာကို တစ်လုတ်ချင်း၊ တစ်ကိုက်ချင်း အရသာခံ စားသုံးပါက အစာစားချိန် သိသိသာသာ နှေးကွေး သွားစေပါတယ်။ အစာကို အမြန်စားသုံးပါက တင်းတိမ်သွားပြီး ဆာလောင်မှု ပြေပျောက်သွားပြီ ဆိုတဲ့ သတင်းအချက်အလက်ကို ဦးနှောက်ဆီ ပို့ဆောင်တဲ့နေရာကို ပိတ်ဆို့လိုက်တာကြောင့် အစာပိုစား မိစေပါတယ်။

Credit:Thithtoolwin




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top