iMyanmarHouse.com - Best Property Website for Myanmar
×

သင္က မနက္ပိုင္း ေစာေစာထတတ္တဲ့သူ ျဖစ္ရင္ေတာင္ ေခၽြးထြက္တဲ့အထိ ေလ့က်င့္ခန္းပံုမွန္လုပ္ျဖစ္တဲ့သူ တစ္ေယာက္ျဖစ္ဖုိ႔ဆိုတာ သိပ္လြယ္တာေတာ့ မဟုတ္ပါဘူး။ ကိုယ္က မနက္ပိုင္း GYM သြားတတ္တဲ့သူ ဒါမွမဟုတ္ ေလ့က်င့္ခန္းေလးလုပ္၊ ေပါ့ေပါ့ပါးပါး ရံုးသြား၊ အလုပ္သြားႏိုင္တဲ့သူ တစ္ေယာက္ျဖစ္ခ်င္တယ္ဆုိရင္ေတာ့ ခုေျပာျပေပးမယ့္ နည္းလမ္းေလးေတြက သင့္ကို ကူညီေပးႏိုင္ပါလိမ့္မယ္။

၁။အထုပ္အပိုး ျပင္ထားပါ။

ညေနအလုပ္က ျပန္ေရာက္ၿပီဆုိတာနဲ႔ GYM ကစားတဲ့အခါ ယူသြားမယ့္ အိတ္ထဲကို အရင္၀တ္ေနက်  အားကစား၀တ္စံုအေဟာင္းေတြ ဖယ္ၿပီး အသစ္တစ္စံု ထည့္ထားလိုက္ပါ။ မနက္ကို အရမ္းေစာေစာထ ျပင္ဆင္ဖုိ႔ အခ်ိန္ေပးစရာ မလိုေတာ့ဘူးေပါ့။

၂။ဘယ္သူ႕အကူအညီမွ မပါပဲ ကိုယ့္ဘာသာကိုယ္ မနက္ထႏိုင္ေအာင္ ႀကိဳးစားပါ။

ႏႈိးစက္နာရီရဲ႕ အကူအညီမပါဘဲ ကိုယ့္ဘာသာကိုယ္ မနက္ထႏိုင္ေအာင္ ႀကိဳးစားပါ။ လူတစ္ေယာက္အတြက္ အခက္ခဲဆံုးအပိုင္းက မနက္ထရတာပါပဲ။ အိပ္ယာကႏိုးၿပီ၊ ထႏိုင္ၿပီဆိုလို႔ကေတာ့ ေလ့က်င့္ခန္းလုပ္ရတာ ဒီေလာက္ႀကီး ပင္ပန္းခက္ခဲတာ မဟုတ္ပါဘူး။ အဓိကက အိပ္ယာထႏိုင္ေအာင္ လုပ္ပါ။

၃။ရင္ျပည့္ရင္ခံေစမယ့္ အစားအစာေတြ အမ်ားႀကီး မစားပါနဲ႔။

ေလ့က်င့္ခန္း မလုပ္ခင္ စားတဲ့ မနက္စာဟာ အမ်ားႀကိး မျဖစ္သင့္ပါဘူး။ အဲ့ဒီလို အမ်ားႀကီးစားၿပီး ေလ့က်င့္ခန္းလုပ္ရင္ ဖ်ားတတ္တယ္ဆုိတာ သိထားရပါမယ္။ ေလ့က်င့္ခန္းလုပ္ၿပီးမွ ဗိုက္ျပည့္ေအာင္စားပါ။

၄။ညက ေသာက္တာမ်ားသြားရင္ မနက္ ေရမ်ားမ်ားေသာက္ေပးပါ။

မေန႔ညက ၀ိုင္ေသာက္တာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ သူငယ္ခ်င္းေတြ ဆံုလို႔ အရက္၊ ေဗာ္ကာ စတာေတြ ေသာက္မိထားတာေၾကာင့္ မနက္ပိုင္း ေခါင္းမၾကည္ဘူးဆုိရင္ ေရမ်ားမ်ားေသာက္ေပးပါ။

၅။မနက္ေစာေစာ အိပ္ယာထထားတာမုိ႔ ညပိုင္း ေနာက္က်တဲ့အထိ မေနပါနဲ႔။

ပံုမွန္အခ်ိန္ဇယားေလးတစ္ခု ဖန္တီးေနတဲ့အခ်ိန္မွာ ကိုယ္ကိုယ္တုိင္ ခ်မွတ္ထားတဲ့ စည္းကမ္း၊ နည္းလမ္းေတြကို လိုက္နာပါ။ မနက္ေစာေစာထားၿပီး ေလ့က်င့္ခန္းလုပ္ထားတာမို႔ အဲ့ဒီညကို ေစာေစာအိပ္ေပးဖုိ႔ လိုပါတယ္။ ပံုမွန္အိပ္ခ်ိန္ သတ္မွတ္ပါ။

၆။GYM ေဆာ့တဲ့ေနရာမွာ သူငယ္ခ်င္း ရွာထားပါ။

ကိုယ္က GYM သြားဖုိ႔ ပ်င္းေနရင္ေတာင္ သူငယ္ခ်င္းနဲ႔ ခ်ိန္းထားၿပီးသားမုိ႔ မျဖစ္မေနသြားျဖစ္သြားပါလိမ့္မယ္။ သူနဲ႔အတူ ေလ့က်င့္ခန္းလုပ္တာ ေပ်ာ္စရာေကာင္းမွန္း သိလာပါလိမ့္မယ္။ ကိုယ္မလာခ်င္ဘူးဆုိရင္ေတာင္ သူကဖုန္းဆက္ၿပီး ေခၚတာမုိ႔ သြားျဖစ္သြားပါလိမ့္မယ္။

၇။ဘယ္ရက္မွ ဘယ္ေလာက္ ၀ိတ္က်ရမယ္ဆုိၿပီး ရက္စြဲနဲ႔ သတ္မွတ္ၿပီးကစားပါ။

ဘယ္ေန႔ေရာက္ရင္ေတာ့ ငါဘယ္ႏွစ္ေပါင္ ၀ိတ္က်ေနၿပီးသားျဖစ္ရမယ္ ဆုိတဲ့ စိတ္ဓာတ္ေလးနဲ႔ ကစားပါ။ ဒါဆို အဆင္ေျပလာပါလိမ့္မယ္။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်က မနက်ပိုင်း စောစောထတတ်တဲ့သူ ဖြစ်ရင်တောင် ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်တဲ့သူ တစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်လွယ်တာတော့ မဟုတ်ပါဘူး။ ကိုယ်က မနက်ပိုင်း GYM သွားတတ်တဲ့သူ ဒါမှမဟုတ် လေ့ကျင့်ခန်းလေးလုပ်၊ ပေါ့ပေါ့ပါးပါး ရုံးသွား၊ အလုပ်သွားနိုင်တဲ့သူ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ခုပြောပြပေးမယ့် နည်းလမ်းလေးတွေက သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။

၁။အထုပ်အပိုး ပြင်ထားပါ။

ညနေအလုပ်က ပြန်ရောက်ပြီဆိုတာနဲ့ GYM ကစားတဲ့အခါ ယူသွားမယ့် အိတ်ထဲကို အရင်ဝတ်နေကျ  အားကစားဝတ်စုံအဟောင်းတွေ ဖယ်ပြီး အသစ်တစ်စုံ ထည့်ထားလိုက်ပါ။ မနက်ကို အရမ်းစောစောထ ပြင်ဆင်ဖို့ အချိန်ပေးစရာ မလိုတော့ဘူးပေါ့။

၂။ဘယ်သူ့အကူအညီမှ မပါပဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။

နှိုးစက်နာရီရဲ့ အကူအညီမပါဘဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။ လူတစ်ယောက်အတွက် အခက်ခဲဆုံးအပိုင်းက မနက်ထရတာပါပဲ။ အိပ်ယာကနိုးပြီ၊ ထနိုင်ပြီဆိုလို့ကတော့ လေ့ကျင့်ခန်းလုပ်ရတာ ဒီလောက်ကြီး ပင်ပန်းခက်ခဲတာ မဟုတ်ပါဘူး။ အဓိကက အိပ်ယာထနိုင်အောင် လုပ်ပါ။

၃။ရင်ပြည့်ရင်ခံစေမယ့် အစားအစာတွေ အများကြီး မစားပါနဲ့။

လေ့ကျင့်ခန်း မလုပ်ခင် စားတဲ့ မနက်စာဟာ အများကြိး မဖြစ်သင့်ပါဘူး။ အဲ့ဒီလို အများကြီးစားပြီး လေ့ကျင့်ခန်းလုပ်ရင် ဖျားတတ်တယ်ဆိုတာ သိထားရပါမယ်။ လေ့ကျင့်ခန်းလုပ်ပြီးမှ ဗိုက်ပြည့်အောင်စားပါ။

၄။ညက သောက်တာများသွားရင် မနက် ရေများများသောက်ပေးပါ။

မနေ့ညက ဝိုင်သောက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေ ဆုံလို့ အရက်၊ ဗော်ကာ စတာတွေ သောက်မိထားတာကြောင့် မနက်ပိုင်း ခေါင်းမကြည်ဘူးဆိုရင် ရေများများသောက်ပေးပါ။

၅။မနက်စောစော အိပ်ယာထထားတာမို့ ညပိုင်း နောက်ကျတဲ့အထိ မနေပါနဲ့။

ပုံမှန်အချိန်ဇယားလေးတစ်ခု ဖန်တီးနေတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်း၊ နည်းလမ်းတွေကို လိုက်နာပါ။ မနက်စောစောထားပြီး လေ့ကျင့်ခန်းလုပ်ထားတာမို့ အဲ့ဒီညကို စောစောအိပ်ပေးဖို့ လိုပါတယ်။ ပုံမှန်အိပ်ချိန် သတ်မှတ်ပါ။

၆။GYM ဆော့တဲ့နေရာမှာ သူငယ်ချင်း ရှာထားပါ။

ကိုယ်က GYM သွားဖို့ ပျင်းနေရင်တောင် သူငယ်ချင်းနဲ့ ချိန်းထားပြီးသားမို့ မဖြစ်မနေသွားဖြစ်သွားပါလိမ့်မယ်။ သူနဲ့အတူ လေ့ကျင့်ခန်းလုပ်တာ ပျော်စရာကောင်းမှန်း သိလာပါလိမ့်မယ်။ ကိုယ်မလာချင်ဘူးဆိုရင်တောင် သူကဖုန်းဆက်ပြီး ခေါ်တာမို့ သွားဖြစ်သွားပါလိမ့်မယ်။

၇။ဘယ်ရက်မှ ဘယ်လောက် ဝိတ်ကျရမယ်ဆိုပြီး ရက်စွဲနဲ့ သတ်မှတ်ပြီးကစားပါ။

ဘယ်နေ့ရောက်ရင်တော့ ငါဘယ်နှစ်ပေါင် ဝိတ်ကျနေပြီးသားဖြစ်ရမယ် ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ ကစားပါ။ ဒါဆို အဆင်ပြေလာပါလိမ့်မယ်။

Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top