iMyanmarHouse.com - Best Property Website for Myanmar
×


ညနေ ၄ နာရီအချိန်


၁ လက်မ ခွာနည်း






Credit : trend myanmar

#Unicode Version

ကသိကအောက်နိုင်လှတဲ့ ရှူးဖိနပ်တွေလောက် စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။ ဖိနပ်ပေါက်လို့ ခြေဖနောင့်ကျိန်းစပ်စပ်နဲ့ ရုံးမှာ တစ်နေကုန် ဘယ်သူနေချင်မှာလဲ။ ရှူးဖိနစ်ဝယ်တဲ့အခါ အကောင်းဆုံး စစ်ဆေးကောင်း စစ်ဆေးပါလိမ့်မယ်။ ဒါပေမယ့် ရှူးဖိနပ်တစ်ရံဟာ ရေရှည်မှာ တကယ်သက်တောင့်သက်သာရှိမရှိ ပြောပြဖို့ စက္ကန့်ပိုင်းလောက် အစမ်းစီးကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ ဒီတော့ သင် သဘောကျနှစ်သက်တဲ့ ဖိနပ်က သင့်ခြေထောက်တွေ နာကျင်မှုပေးမယ် မပေးဘူးဆိုတာ သေချာသိရဖို့ သိထားသင့်တဲ့ အချက် (၃) ချက်ကို ဝေမျှပေးလိုက်ပါတယ်။

ညနေ ၄ နာရီအချိန်

နေ့ဘက်ရောက်တာနဲ့ သင့်ခြေထောက် ပြောင်းလဲတာပါ။ နောက်တော့ ခြေထောက် အနည်းငယ်ရောင်ရမ်းနိုင်ခြေရှိပါတယ်။ ဒီတော့ ခြေထောက်အနည်းငယ် ဖောရောင်တဲ့အချိန် ညနေဘက်မှာ ရှူးဖိနပ်ဝယ်ထွက်တာ အသင့်တော်ဆုံးဖြစ်ပါတယ်။

၁ လက်မ ခွာနည်း

ခွာသွယ်သွယ်ချွန်ချွန်ရှူးဖိနပ်တွေ စီးတဲ့အခါ ခြေဖနောင့် 'မ' လိုက်တဲ့အချိန် ဖိနပ်ခုံနဲ့ ခြေဖနောင့်နှစ်ခုကြား ၁ လက်မခန့် ရှိသင့်ပါတယ်။ တကယ်လို့ ရှူးဖိနပ်ကနေ ခြေထောက် လုံးဝ ' မ'လို့မရဖြစ်ပါက အရမ်းမြင့်နေတာ ဖြစ်နိုင်ပြီး သက်တောင့်သက်သာရှိမှာ မဟုတ်ပါဘူး။

လက်မအရွယ်ခန့် နေရာချန်လပ်

ခြေမနဲ့ ရှူးဖိနပ်ထိပ်နှစ်ခုကြား လက်မအကျယ်လောက် ချန်ထားတာက ခြေထောက်ကို အတင်းပွတ်တိုက်မိတာထက်စာရင် တွန့်လိမ်မယ့်နေရာ အလုံအလောက်ရစေဖို့ သိပ်အရေးကြီးပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top