iMyanmarHouse.com - Best Property Website for Myanmar
×

လူရယ္လို႕ျဖစ္လာရင္ ငိုတာ၊ ရယ္တာ၊ ျပံဳးတာ၊ မဲ့တာ အစရွိသျဖင့္ ခံစားခ်က္ပိုင္းဆိုင္ရာ အျပဳအမူေတြရွိတတ္ၾကစၿမဲပါ။ ၀မ္းသာလြန္းလို႔ပဲျဖစ္ျဖစ္ ၀မ္းနည္းလြန္းလို႔ပဲျဖစ္ျဖစ္ ငိုခ်င္စိတ္ျဖစ္လာတဲ့အခ်ိန္မွာ အေၾကာင္းတစ္ခုခုေၾကာင့္ မငိုလိုက္ရတဲ့အခါမွာ အဲဒီလူမွာ ဘာေတြျဖစ္လာႏိုင္သလဲ။

၁။ စိတ္ပို႐ႈပ္

ရိုးရိုးေလးပါပဲ။ ငိုတယ္ဆိုတာလည္း ခံစားခ်က္ကိုဖြင့္ထုတ္လုိက္တဲ့သေဘာပါ။ အဲဒီလိုခံစားခ်က္ကိုဖြင့္ထုတ္ခြင့္မရလိုက္ဘဲ ထိန္းခ်ဳပ္ထားရတဲ့အခါမွာ တျခားစိတ္႐ႈပ္စိတ္ညစ္စရာေတြနဲ႕ ထပ္ၾကံဳရင္ စိတ္ကပို႐ႈပ္လာရပါတယ္။ လြယ္လြယ္နဲ႕ စိတ္႐ႈပ္၊ စိတ္ညစ္၊ စိတ္အားငယ္လြယ္လာတတ္သလို အေကာင္းျမင္တဲ့စိတ္ထက္ လက္ေလွ်ာ့အရွံဳးေပးတတ္တဲ့စိတ္က ပိုမ်ားလာႏုိင္ပါတယ္။

၂။ ရက္စက္

ကိုယ္ကိုယ္တိုင္ကိုက ခံစားခ်က္ကို ရွင္းထုတ္ခြင့္မရတဲ့အခါမွာ တျခားလူကိုလည္း သိပ္စာနာသနားခ်င္စိတ္မရွိေတာ့ပါဘူး။ အဲ့ဒီေတာ့ သူ႕ဘာသာငိုငို၊ ရယ္ရယ္ သိပ္ဂရုမစိုက္ေတာ့ဘဲ ကိုယ္လုပ္ခ်င္တာလုပ္ဖို႕ပဲ စိတ္ေစာေနပါေတာ့တယ္။

၃။ ခံစားခ်က္မွား

ေလ့လာေတြ႕ရွိခ်က္အခ်ိဳ႕အရ ငိုခ်င္တဲ့အခ်ိန္၊ ငိုသင့္တဲ့အခ်ိန္မွာ ငိုခြင့္မရလိုက္တဲ့လူဟာ ေနာက္ပိုင္းမွာ အဲ့လို ငိုတာ၊ ရယ္တာ၊ ျပံဳးတာ၊ မဲ့တာနဲ႕ တျခားခံစားခ်က္ပိုင္းဆုိင္ရာ ထုတ္ျပမႈေတြ ကေမာက္ကမျဖစ္လာတတ္ပါတယ္တဲ့။ ရယ္စရာကိုလည္း ရယ္ရေကာင္းမွန္းမသိဘဲ တည္ေနတတ္သလို ၀မ္းနည္းစရာ၊ အားငယ္စရာေတြေတြ႕လာခ်ိန္မွာလည္း ရယ္ေမာမိတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။

၄။ ႏွလံုးေရာဂါ

စိတ္ခံစားခ်က္ကို အခ်ိန္နဲ႕တစ္ေျပးညီထုတ္ျပခြင့္မရွိတဲ့သူဟာ သာမန္လူထက္ ႏွလံုးေရာဂါျဖစ္ႏုိင္ေခ် ၅၀% ပိုမ်ားတယ္လို႕ ေလ့လာေတြ႕ရွိခ်က္ေတြက ဆိုပါတယ္။


Credit : duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူရယ်လို့ဖြစ်လာရင် ငိုတာ၊ ရယ်တာ၊ ပြုံးတာ၊ မဲ့တာ အစရှိသဖြင့် ခံစားချက်ပိုင်းဆိုင်ရာ အပြုအမူတွေရှိတတ်ကြစမြဲပါ။ ဝမ်းသာလွန်းလို့ပဲဖြစ်ဖြစ် ဝမ်းနည်းလွန်းလို့ပဲဖြစ်ဖြစ် ငိုချင်စိတ်ဖြစ်လာတဲ့အချိန်မှာ အကြောင်းတစ်ခုခုကြောင့် မငိုလိုက်ရတဲ့အခါမှာ အဲဒီလူမှာ ဘာတွေဖြစ်လာနိုင်သလဲ။

၁။ စိတ်ပိုရှုပ်

ရိုးရိုးလေးပါပဲ။ ငိုတယ်ဆိုတာလည်း ခံစားချက်ကိုဖွင့်ထုတ်လိုက်တဲ့သဘောပါ။ အဲဒီလိုခံစားချက်ကိုဖွင့်ထုတ်ခွင့်မရလိုက်ဘဲ ထိန်းချုပ်ထားရတဲ့အခါမှာ တခြားစိတ်ရှုပ်စိတ်ညစ်စရာတွေနဲ့ ထပ်ကြုံရင် စိတ်ကပိုရှုပ်လာရပါတယ်။ လွယ်လွယ်နဲ့ စိတ်ရှုပ်၊ စိတ်ညစ်၊ စိတ်အားငယ်လွယ်လာတတ်သလို အကောင်းမြင်တဲ့စိတ်ထက် လက်လျှော့အရှုံးပေးတတ်တဲ့စိတ်က ပိုများလာနိုင်ပါတယ်။

၂။ ရက်စက်

ကိုယ်ကိုယ်တိုင်ကိုက ခံစားချက်ကို ရှင်းထုတ်ခွင့်မရတဲ့အခါမှာ တခြားလူကိုလည်း သိပ်စာနာသနားချင်စိတ်မရှိတော့ပါဘူး။ အဲ့ဒီတော့ သူ့ဘာသာငိုငို၊ ရယ်ရယ် သိပ်ဂရုမစိုက်တော့ဘဲ ကိုယ်လုပ်ချင်တာလုပ်ဖို့ပဲ စိတ်စောနေပါတော့တယ်။

၃။ ခံစားချက်မှား

လေ့လာတွေ့ရှိချက်အချို့အရ ငိုချင်တဲ့အချိန်၊ ငိုသင့်တဲ့အချိန်မှာ ငိုခွင့်မရလိုက်တဲ့လူဟာ နောက်ပိုင်းမှာ အဲ့လို ငိုတာ၊ ရယ်တာ၊ ပြုံးတာ၊ မဲ့တာနဲ့ တခြားခံစားချက်ပိုင်းဆိုင်ရာ ထုတ်ပြမှုတွေ ကမောက်ကမဖြစ်လာတတ်ပါတယ်တဲ့။ ရယ်စရာကိုလည်း ရယ်ရကောင်းမှန်းမသိဘဲ တည်နေတတ်သလို ဝမ်းနည်းစရာ၊ အားငယ်စရာတွေတွေ့လာချိန်မှာလည်း ရယ်မောမိတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

၄။ နှလုံးရောဂါ

စိတ်ခံစားချက်ကို အချိန်နဲ့တစ်ပြေးညီထုတ်ပြခွင့်မရှိတဲ့သူဟာ သာမန်လူထက် နှလုံးရောဂါဖြစ်နိုင်ချေ ၅၀% ပိုများတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။


Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top