iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းလိုလို ကိုယ္ခႏၶာႏုပ်ိဳလန္းဆန္းေနတာကုိ အလုိရွိၾကပါတယ္။ ေရခ်ိဳး ျခင္းဟာလဲ ခႏၶာကုိယ္လန္းဆန္းသြားေအာင္ လုပ္ေဆာင္ျခင္းထဲမွ တမ်ိဳးအပါအဝင္ျဖစ္ပါတယ္။ ဒါေပမဲ႔ ညဖက္ပိုင္းမွာ ေရခ်ိဳးျခင္းဟာ က်န္းမာေရးနဲ႔ ညီညြတ္သလား ဆိုတာကုိ ေလ႔လာၾကည္႔ ရေအာင္ပါ။

ေရခ်ိုဳးျခင္းဟာ ကိုယ္ခႏၶာအပန္းေျပသြားေအာင္ အေကာင္းဆံုးလုပ္ေဆာင္ေပးနိုင္ပါတယ္။ တေနကုန္ အလုပ္ထဲမွာ စိတ္ေရာ ကုိယ္ပါ ပင္ပန္းလာခဲ႔တဲ႔အတြက္ ညေနဖက္မွာ သင္႔ရဲ႕ကိုယ္ခႏၶာဟာ ျပန္လည္လန္ဆန္းဖို႔ တခုခုလုပ္ေဆာင္ရန္ လိုအပ္ပါတယ္။ ညပိုင္းမွာ ေရခ်ိဳးလိုက္ျခင္းျဖင္႔ သင္႔ရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႔ ကုိယ္ခႏၶာခံနိုင္စြမ္းရည္အားကုိ ျပန္လည္ျမွင္႔တက္ေစပါတယ္။

ညပိုင္းမွာ ေရခ်ိဳးမႈန႔ဲပက္သက္လို႔ အယူအဆ ကြဲလြဲမႈေတြ အမ်ားၾကီးရွိပါတယ္။ တခ်ိဳ႕လူေတြက ဒီလိုေရခ်ိဳးျခင္းျဖင္႔ ကိုယ္ခႏၶာကုိ ထိခိုက္ေစမယ္။ ဖ်ားနာမႈနဲ႔ ေရာဂါေတြ ရရွိနိုင္မယ္လို႔ ထင္ၾကပါတယ္။ ပညာရွင္မ်ားကေတာ႔ ထိခိုက္မႈ ရွိနိုင္သလားဆိုရဲ႕ အေျဖကေတာ႔ “နိုး(NO)” တစ္လံုးထဲပါတဲ႔။ ညဖက္မွာေရခ်ိဳးလိုက္လို႔ ထိခိုက္မႈျဖစ္ေစတယ္ဆိုတဲ႔ သိပံၸနည္းက် အေထာက္အထားမ်ား မေတြ႔ရွိရဖူးလို႔ ေျပာပါတယ္။

ဒါဆိုရင္ ဘယ္လိုအက်ိဳးရွိသလဲ?

ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးလိုက္ရင္ အေရျပားေပၚရွိ အဆိပ္အေတာက္မ်ားကုိ ဖယ္ရွားေပးကာ သန္႔ရွင္းစင္ၾကယ္ေစပါတယ္။ မအိပ္ခင္မွာ လန္းဆန္းၿပီး သန္႔ရွင္းနူးညံ႔တဲ႔ ခံစားမႈကုိ ရရွိေစပါတယ္။
စိတ္ဖိစည္းမႈ သက္သာေစၿပီး ေသြးေပါင္ခ်ိန္ ေလွ်ာ႔ခ်ေစပါတယ္။ တေန႔ကုန္ ပင္ပန္းလို႔ကုန္ဆံုးသြားတဲ႔ အားအင္ေတြကုိ ျဖည္႔ေပးပါတယ္။
တေနကုန္ပင္ပန္းလာၿပီး ေလ႔က်င္႔ခန္းလုပ္ရင္ေတာင္ ေတာင္႔တင္းေနတဲ႔ ၾကြက္သားေတြဟာ ေရခ်ိဳးျခင္းျဖင္႔ ေျဖေလွ်ာ႔ ေပးနိုင္ပါတယ္။
ေရေႏြးနဲ႔ ခ်ိဳးလိုက္ရင္ အေရျပားကုိ ေခ်မြတ္ၿပီး ေပ်ာ႔ေျပာင္းေစကာ ေရခ်ိုဳးၿပီးသည္နွင္႔ တျပိဳင္နက္ နုပ်ိဳလန္းဆန္းျခင္းကုိ ခံစားရရွိေစသည္။
ေရခ်ိဳးေနစဥ္ အခ်ိန္ေလးအတြင္းမွာပင္ စိုးရိမ္ပူပန္မႈမ်ား ေပ်ာက္ကြယ္ကာ စိတ္ေျပလက္ေပ်ာက္ျဖစ္ေစသည္။
အံ႔ဖြယ္အခ်က္တခုကေတာ႔ ညဖက္ေရခ်ိဳးျခင္းက ေကာင္းေသာ ကိုယ္သင္းရနံ႔ကို ေပးသည္။
အသားအေရ နူးညံ႔သည္႔ ခံစားမႈ သန္႔ရွင္း တက္ၾကြျခင္းနွင္႔ ေကာင္းမြန္ေသာ ကိုယ္သင္းရနံ႔တို႔က အိပ္ယာဝင္ ခ်မ္းသာသုခ ကုိအေထာက္အကူေပးသည္။ ထို႔ေၾကာင္႔ ႏွစ္ျခိဳက္စြာ အိပ္ေပွ်ာ္ေစသည္။
အိပ္မေပွ်ာ္ျခင္း၊ မ်က္စိေၾကာင္ျခင္းမ်ား မျဖစ္နိုင္ပါ။
အလုပ္မွာ ပင္ပန္းတယ္ဆိုၿပီး ေခြ်သံတရဲရဲနွင္႔ တန္းမအိပ္ပါနွင္႔။ ေရခ်ိဳးျခင္းက စိတ္ေရာကုိယ္ပါ အပန္းေျပေစတဲ႔အတြက္ ခြန္အားသစ္ ျပန္လည္ရရွိေအာင္ ေရခ်ိဳးပါ။ ရက္သတၱပတ္ အနည္းငယ္အတြင္းမွာ တျဖည္းျဖည္းခ်င္း ေျပာင္းလဲလာတာကုိ ခံစားရပါလိမ္႔မယ္။

ညဖက္မွာ ေရခ်ိဳးရင္ ဒါေလးေတြေတာ႔ သတိထားပါ။

ေခါင္းေလွ်ာ္ရင္ မအိပ္ခင္မွာ ေျခာက္ေအာင္သုတ္ၿပီးမွ အိပ္ပါ။ မိမိကုိယ္အပူခ်ိန္ဟာ ေန႔ခင္းဖက္မွာထက္ ေလွ်ာ႔က်ေနတာကုိ သတိျပဳပါ။
ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပွ်ာ္ခ်င္လို႔ ေရခ်ိဳးတာဆိုရင္ မအိပ္ခင္ကေလးမွာ ေရခ်ိဳးပါ။
ကုိယ္ကာယ ေလ႔က်င္႔ခန္းလုပ္ၿပီးစမွာ ေခ်ြးေပါက္ေလးေတြ က်ယ္ေနတဲ႔အတြက္ ခ်က္ျခင္းေရတန္းမခ်ိဳးပါနဲ႔။ မိနစ္ ၃၀ခန္႔ ေဆာင္႔ၿပီး ကုိယ္အပူခ်ိန္ေလွ်ာ႔က်သြားကာ ေခြ်းေပါက္ေတြျပန္က်ဥ္းသြားတဲ႔အတြက္ အဲဒီအခ်ိန္မွာ ေရခ်ိဳးပါ။
ညဖက္ အေတာ္ေနာက္က်မွ ခ်ိဳးရင္ ေရေႏြးနဲ႔ခ်ိဳးပါ။
ေရေႏြးနဲ႔ မခ်ိဳးခင္မွာ ေရအပူခ်ိန္ကုိ လက္နဲ႔ထိေတြ႔ ခံစားၾကည္႔ပါ။ ပံုမွန္အားျဖင္႔ လူ႔ကိုယ္ခႏၶာကိုယ္အပူခ်ိန္ထက္ ၅ ဒီကရီပို၍ လက္ခံနိုင္သည္။ လူတေယာက္၏ သာမန္အပူခ်ိန္ကေတာပ ၉၇ံ ဖါရင္ဟိုက္၊ ၃၆ ံဆာဆီယပ္ ျဖစ္တဲ႔အတြက္ ကိုယ္လက္ခံနိုင္တဲ႔ မပူလြန္း မေအးလြန္း အေနအထားကုိ ရယူပါ။

ေရခ်ိဳးျခင္းဟာ ကုိယ္နဲ႔စိတ္ကုိ သဘာဝအတိုင္း ျပန္လည္ လန္းဆန္းတက္ၾကြေအာင္ လုပ္ျခင္းျဖစ္ပါတယ္။ သာမန္အိပ္ေပွ်ာ္ရံု မဟုတ္ပဲ အိပ္ေမာက် ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပွ်ာ္ေအာင္ အေထာက္အကူေပးပါသည္ဟု တင္ျပလိုက္ပါသည္။

Credit : New myanmar news

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ ရေချိုး ခြင်းဟာလဲ ခန္ဓာကိုယ်လန်းဆန်းသွားအောင် လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလား ဆိုတာကို လေ့လာကြည့် ရအောင်ပါ။

ရေချိုုးခြင်းဟာ ကိုယ်ခန္ဓာအပန်းပြေသွားအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန် အလုပ်ထဲမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်ဆန်းဖို့ တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင်းမှာ ရေချိုးလိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။

ညပိုင်းမှာ ရေချိုးမှုနဲ့ပက်သက်လို့ အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ တချို့လူတွေက ဒီလိုရေချိုးခြင်းဖြင့် ကိုယ်ခန္ဓာကို ထိခိုက်စေမယ်။ ဖျားနာမှုနဲ့ ရောဂါတွေ ရရှိနိုင်မယ်လို့ ထင်ကြပါတယ်။ ပညာရှင်များကတော့ ထိခိုက်မှု ရှိနိုင်သလားဆိုရဲ့ အဖြေကတော့ “နိုး(NO)” တစ်လုံးထဲပါတဲ့။ ညဖက်မှာရေချိုးလိုက်လို့ ထိခိုက်မှုဖြစ်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားများ မတွေ့ရှိရဖူးလို့ ပြောပါတယ်။

ဒါဆိုရင် ဘယ်လိုအကျိုးရှိသလဲ?

ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ သန့်ရှင်းစင်ကြယ်စေပါတယ်။ မအိပ်ခင်မှာ လန်းဆန်းပြီး သန့်ရှင်းနူးညံ့တဲ့ ခံစားမှုကို ရရှိစေပါတယ်။
စိတ်ဖိစည်းမှု သက်သာစေပြီး သွေးပေါင်ချိန် လျှော့ချစေပါတယ်။ တနေ့ကုန် ပင်ပန်းလို့ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်ပေးပါတယ်။
တနေကုန်ပင်ပန်းလာပြီး လေ့ကျင့်ခန်းလုပ်ရင်တောင် တောင့်တင်းနေတဲ့ ကြွက်သားတွေဟာ ရေချိုးခြင်းဖြင့် ဖြေလျှော့ ပေးနိုင်ပါတယ်။
ရေနွေးနဲ့ ချိုးလိုက်ရင် အရေပြားကို ချေမွတ်ပြီး ပျော့ပြောင်းစေကာ ရေချိုုးပြီးသည်နှင့် တပြိုင်နက် နုပျိုလန်းဆန်းခြင်းကို ခံစားရရှိစေသည်။
ရေချိုးနေစဉ် အချိန်လေးအတွင်းမှာပင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်ကာ စိတ်ပြေလက်ပျောက်ဖြစ်စေသည်။
အံ့ဖွယ်အချက်တခုကတော့ ညဖက်ရေချိုးခြင်းက ကောင်းသော ကိုယ်သင်းရနံ့ကို ပေးသည်။
အသားအရေ နူးညံ့သည့် ခံစားမှု သန့်ရှင်း တက်ကြွခြင်းနှင့် ကောင်းမွန်သော ကိုယ်သင်းရနံ့တို့က အိပ်ယာဝင် ချမ်းသာသုခ ကိုအထောက်အကူပေးသည်။ ထို့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျှော်စေသည်။
အိပ်မပျှော်ခြင်း၊ မျက်စိကြောင်ခြင်းများ မဖြစ်နိုင်ပါ။
အလုပ်မှာ ပင်ပန်းတယ်ဆိုပြီး ချွေသံတရဲရဲနှင့် တန်းမအိပ်ပါနှင့်။ ရေချိုးခြင်းက စိတ်ရောကိုယ်ပါ အပန်းပြေစေတဲ့အတွက် ခွန်အားသစ် ပြန်လည်ရရှိအောင် ရေချိုးပါ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းချင်း ပြောင်းလဲလာတာကို ခံစားရပါလိမ့်မယ်။

ညဖက်မှာ ရေချိုးရင် ဒါလေးတွေတော့ သတိထားပါ။

ခေါင်းလျှော်ရင် မအိပ်ခင်မှာ ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ်အပူချိန်ဟာ နေ့ခင်းဖက်မှာထက် လျှော့ကျနေတာကို သတိပြုပါ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်ချင်လို့ ရေချိုးတာဆိုရင် မအိပ်ခင်ကလေးမှာ ရေချိုးပါ။
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပြီးစမှာ ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက် ချက်ခြင်းရေတန်းမချိုးပါနဲ့။ မိနစ် ၃၀ခန့် ဆောင့်ပြီး ကိုယ်အပူချိန်လျှော့ကျသွားကာ ချွေးပေါက်တွေပြန်ကျဉ်းသွားတဲ့အတွက် အဲဒီအချိန်မှာ ရေချိုးပါ။
ညဖက် အတော်နောက်ကျမှ ချိုးရင် ရေနွေးနဲ့ချိုးပါ။
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို လက်နဲ့ထိတွေ့ ခံစားကြည့်ပါ။ ပုံမှန်အားဖြင့် လူ့ကိုယ်ခန္ဓာကိုယ်အပူချိန်ထက် ၅ ဒီကရီပို၍ လက်ခံနိုင်သည်။ လူတယောက်၏ သာမန်အပူချိန်ကတောပ ၉ရံ ဖါရင်ဟိုက်၊ ၃၆ ံဆာဆီယပ် ဖြစ်တဲ့အတွက် ကိုယ်လက်ခံနိုင်တဲ့ မပူလွန်း မအေးလွန်း အနေအထားကို ရယူပါ။

ရေချိုးခြင်းဟာ ကိုယ်နဲ့စိတ်ကို သဘာဝအတိုင်း ပြန်လည် လန်းဆန်းတက်ကြွအောင် လုပ်ခြင်းဖြစ်ပါတယ်။ သာမန်အိပ်ပျှော်ရုံ မဟုတ်ပဲ အိပ်မောကျ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျှော်အောင် အထောက်အကူပေးပါသည်ဟု တင်ပြလိုက်ပါသည်။

Credit : New myanmar news



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top