iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္စစ္နဲ႕ခ်စ္ရတဲ့ ခ်စ္သူႏွစ္ဦး ေတြ႕ဆံုေပါင္းစည္းဖို႕ဆိုတာ လြယ္ကူတဲ့ကိစၥတစ္ခု မဟုတ္ပါဘူး။ ယံုၾကည္ခ်က္ေတြတူညီျပီး အတြဲညီတဲ့အရည္အခ်င္းေတြပါ ရွိရမယ့္အျပင္ ေအာင္ျမင္မႈကို အတူလွမ္းႏိုင္ဖို႕ စည္းလံုးညီညြတ္စြာ ပူးေပါင္းေဆာင္ရြက္တတ္ဖို႕လည္း လိုပါေသးတယ္။ ဒါေၾကာင့္ အတြဲညီတဲ့လက္တြဲေဖာ္ျဖစ္ဖို႕ ဆိုတာ ေရရွည္စီမံကိန္းတစ္ခုလိုပဲ အခ်ိန္အမ်ားၾကီးလိုအပ္ပါတယ္။

သိပ္ကိုခ်စ္ရတဲ့ခ်စ္သူနဲ႕ ဖူးစာဆံုရတဲ့အခါ ဘ၀ဟာ စိတ္ခ်မ္းေျမ့ဖြယ္အတိပါပဲ။ ဘာမဆို အၾကိဳက္လည္းတူ၊ တစ္ေယာက္ေျပာတဲ့စကားကို အဆံုးမသတ္ခင္တည္းက တစ္ေယာက္က သိေနတဲ့အထိ နားလည္မႈေတြ လွ်ံထြက္၊ သူမပါတဲ့ကိုယ့္ဘ၀ဆိုတာ မေတြးရဲေလာက္ေအာင္ လိုအပ္ေနခဲ့တဲ့ ကာလေလးေတြေပါ့။ အရမ္းကို ၾကည္ႏူးစရာေကာင္းတဲ့အခ်ိန္ေတြကို ႏွစ္ေပါင္း အေတာ္ၾကာတူတူျဖတ္သန္းခဲ့ျပီးေနာက္မွာ ၾကည္ႏူးဖြယ္ကာလေလးေတြ တျဖည္းျဖည္း
နည္းလာတာဟာလည္း သဘာ၀တစ္ခုပါပဲ။ ဒါေပမဲ့ ၾကည္ႏူးစရာေတြ လံုး၀မရွိေတာ့တဲ့အထိ
 ျဖစ္သြားတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။

တကယ္ေတာ့ အရမ္းခ်စ္ၾကလို႕ ရာသက္ပန္အတူေနဖို႕ ရည္ရြယ္လက္ထပ္ခဲ့ၾကတဲ့ လက္တြဲေဖာ္
 ေတြၾကား အခ်စ္ေတြေပါ့ကုန္တာဟာ အေၾကာင္းရင္းမ်ားစြာ ရွိမွာေပမဲ့ ျဖစ္ေလ့့ျဖစ္ထရွိတဲ့ တခ်ိဳ႕အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

တစ္ေယာက္ကို တစ္ေယာက္ သေဘာက်တဲ့အခ်က္ေတြကို ေမ့ကုန္ၾကတယ္

ခ်စ္သူႏွစ္ေယာက္ စေတြ႕ၾကတုန္းက သိပ္ကိုသေဘာက်တဲ့အခ်က္ေတြ ရွိခဲ့ၾကမွာပါ။ ဥပမာ - ေကာင္ေလးရဲ႕ သူမ်ားအေပၚကူညီတတ္တဲ့စိတ္ကို ေကာင္မေလးက သေဘာက်သလိုပဲ
 ေကာင္မေလးရဲ႕ၾကင္နာတတ္မႈကို ေကာင္ေလးက သိပ္ႏွစ္သက္တာမ်ိဳးေပါ့။ ကာလၾကာရွည္ တူတူေနခဲ့ၾကျပီးေနာက္မွာ သူ႕ရဲ႕ေကာင္းတဲ့အခ်က္ေတြကို အထူးတလည္သတိမထားမိေတာ့ပဲ
 ေမ့ကုန္တာမ်ိဳးျဖစ္တတ္တာမို႕ သတိတရနဲ႕ျပန္အစေဖာ္ပါ။ သူ႕အေၾကာင္းမိတ္ေဆြေတြနဲ႕ ေျပာျခင္း၊ သူနဲ႕အတူ ေရွးေဟာင္းေနွာင္းျဖစ္ေတြေျပာျခင္းျဖင့္ အစေဖာ္လိုက္တဲ့အခါသူ႕ကိုကိုယ္ႏွစ္သက္
သေဘာက်ခဲ့တဲ့ခံစားခ်က္ကို ျပန္လည္ရရွိလာမွာျဖစ္ပါတယ္။

တစ္ေယာက္ကို တစ္ေယာက္ အပုိင္တြက္ၾကတယ္

တစ္ေယာက္နဲ႕တစ္ေယာက္ အတူေနၾကတာ အေတာ္ၾကာျပီဆိုေတာ့ သိပ္အေလးအနက္မထား
 ေတာ့ဘူးေပါ့။ သူမၾကိဳက္တာကို သိသိၾကီးနဲ႕လုပ္လိုက္ျပီး နားလည္ေပးဖို႕ေတာင္းဆိုတာေတြ၊ သူ႕ရဲ႕ေတာင္းဆိုခ်က္ေတြကို စိတ္၀င္တစားမလိုက္ေလ်ာေတာ့တာေတြ ရွိလာျပီေပါ့။ နည္းနည္းဆို သိပ္မသိသာေပမဲ့ မ်ားလာတဲ့အခါ အျပန္အလွန္ေဆြးေႏြးဖို႕ေတာင္ ဘယ္ကစကားစရမွန္း မသိပဲ ျဖစ္တတ္ပါတယ္။ လက္တြဲေဖာ္အခ်င္းခ်င္း အေရးမပါသလို ေဘးခ်ိတ္ထားျပီး တျခားသူေတြကို ဦးစားေပးေနတာနဲ႔ဲပဲ အခ်ိန္ကုန္ရင္း သူဟာကိုယ့္လူပဲလို႕ အပိုင္တြက္တဲ့စိတ္နဲ႕ တစ္ေယာက္နဲ႕
တစ္ေယာက္ စိတ္နာက်င္ေအာင္ လုပ္မိတတ္တဲ့အတြက္ အေသးအဖြဲပဲျဖစ္ပါေစ၊ ေတာင္းပန္စကား ခ်ီးက်ဴးစကားေလးေတြကို လိုအပ္ရင္ေျပာေပးသင့္ပါတယ္။

ၾကည္ႏူးေပ်ာ္ရႊင္စြာ အတူရယ္ေမာဖို႕ ေမ့သြားၾကတယ္

အိမ္ေထာင္သည္ဘ၀မွာ သားသမီးေလးေတြ ပြားစည္းလာတာနဲ႕အမွ် ဘ၀အေမာေတြလည္း တန္းစီေပၚထြက္လာခဲ့တာပါပဲ။ ဒီလိုနဲ႕ပဲ မနက္အိပ္ရာအျမန္ထ၊ သားသမီးေတြကို ေကၽြးေမြး၊
 ေငြရွာဖို႕အလုပ္ကိုေျပး၊ အလုပ္ကျပန္လာရင္ ၀ုန္းဒိုင္းၾကဲအိမ္သန္႔ရွင္းေရးလုပ္ျပီး ညစာစား၊
ကေလးေတြကိုစာသင္ေခ်ာ့သိပ္ျပီး အရမ္းကိုပင္ပန္းလို႕ အိပ္ရာတန္း၀င္။ အဲလိုဘ၀ပံုစံေတြ
 ေန႕စဥ္နဲ႕အမွ် ျဖစ္လာတဲ့အခါ အိမ္ဆိုတာ ေပ်ာ္စရာမဟုတ္ေတာ့သလိုျဖစ္လာတဲ့အတြက္
 အမ်ိဳးသားအမ်ားစုက အျပင္ထြက္ကာ စိတ္ေျပလက္ေပ်ာက္ေအးေဆးေနခ်င္တတ္ပါတယ္။
 သားသမီးသံေယာဇဥ္ပိုၾကီးျပီး အိမ္မႈကိစၥတာ၀န္ပိုမ်ားတဲ့ အမ်ိဳးသမီးကေတာ့ အိမ္မွာက်န္ရစ္ ခဲ့ရရင္း ခင္ပြန္းသည္ကိုေစာင့္ေမ်ွာ္ရင္း စိတ္တိုေဒါသထြက္လာတတ္ပါတယ္။ အဲဒီမွာ မေျပလည္မႈေတြ
စတင္လာတတ္ျပီး ကေတာက္ကဆတ္ေတြျဖစ္ကာ ကြဲကြာတဲ့အထိေတာင္ ျဖစ္သြားတတ္ပါတယ္။
 ဒါေၾကာင့္ ခ်စ္သူႏွစ္ဦးလက္ထပ္ရျခင္းရဲ႕ အဓိကရည္ရြယ္ခ်က္ျဖစ္တဲ့ အတူၾကည္ႏူးေပ်ာ္ရႊင္ျခင္း
ပန္းတိုင္ကို လံုး၀မေမ့ေလ်ာ့သြားေအာင္ အခ်ိန္လုျပီး အတူေနခ်ိန္ေလး ေတြဖန္တီးၾကေစခ်င္ပါတယ္။

တစ္ေလွတည္းစီးဆိုတာ ေမ့ကုန္ၾကတယ္

လက္တြဲေဖာ္ရွိျပီဆိုကတည္းက ဘ၀ရဲ႕အခက္အခဲေတြကို တစ္ကိုယ္တည္းေျဖရွင္းဖို႕ မလိုေတာ့ပဲ တိုင္ပင္ေဖာ္တစ္ေယာက္ရွိလာျပီဆိုတဲ့ အဓိပၸာယ္ပဲ မဟုတ္ပါလား။ အထီးက်န္ေန႔ရက္ေတြ မရွိေတာ့ဘူးဆိုတဲ့ သေဘာလည္း သက္ေရာက္တာပဲမဟုတ္လား။ဒီေတာ့တစ္ေယာက္နဲ႕တစ္ေယာက္
 သေဘာထားခ်င္းမတိုက္ဆိုင္တာေတြ ရွိလာရင္ေတာင္ အားလံုးရဲ႕အျမင္မွာေရာ တကယ့္လက္ေတြ႕
ဘ၀မွာပါ ဇနီးေမာင္ႏွံဆိုတာ တစ္ေလွတည္းစီး တစ္ခရီးတည္းသြားတဲ့သူေတြပါပဲ။ ခင္ပြန္းရဲ႕အေကာင္းအဆိုးဟာ ဇနီးအေပၚ ရာႏႈန္းျပည့္ ႐ိုက္ခတ္မႈရွိသလိုပဲ ဇနီးရဲ႕အေကာင္းအဆိုး
ဟာလည္း ထိုနည္းတူပါပဲ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ လက္တြဲေဖာ္ကို အထီးက်န္ခံစားခ်က္ကို မျဖစ္ေစပဲ အျမဲသတိတရ ဂ႐ုစိုက္ကာကြယ္ေဖးမ ေပးသင့္ပါတယ္။

ျငင္းခုန္စရာေတြ ျဖစ္လာတဲ့အခါ အႏိုင္လိုခ်င္စိတ္မ်ားလာၾကတယ္

ျပႆနာတစ္ခုေပၚေပါက္လာတဲ့အခါ ေျဖရွင္းဖို႕နည္းလမ္းကိုဇနီးေမာင္ႏွံႏွစ္ဦး ေခါင္းခ်င္းဆိုင္ေဆြးေႏြးၾက
ရတာပါပဲ။ အဲဒီအခါမွာ မတူညီတဲ့လူႏွစ္ဦးမွာ မတူညီတဲ့ေျဖရွင္းနည္းေတြရွိေနၾကမွာလည္း အေသအခ်ာပါပဲ။ အဲဒီအခါမ်ိဳးမွာ မိမိစကားသာ အတည္ျဖစ္ေၾကာင္း ျငင္းခုန္ေအာ္ဟစ္မယ့္အစား အေလွ်ာ့ေပးၾကည့္လိုက္ပါ။ တဘက္သားရဲ႕အၾကံဥာဏ္၊ အေတြးအေခၚကို လက္သင့္ခံျပီး စကား၀ိုင္းကို ပိုမိုေအးေဆးေစျပီးမွ မိမိသေဘာကုိလည္း တင္ျပကာ ပိုေကာင္းတဲ့ေျဖရွင္းနည္း တစ္ခုကို တက္ညီလက္ညီရွာေဖြသင့္ပါတယ္။

ခ်စ္ေၾကာင္းျပသဖို႕ ေမ့သြားတတ္ၾကတယ္

အခ်စ္ဟာ အရာအားလံုးထက္ အေရးအၾကီးဆံုးဆုိတာ လူတိုင္းအသိပါပဲ။ ခ်စ္သူျဖစ္ျပီးမွ လက္ထပ္ခဲ့ၾကတာပဲ ခ်စ္တယ္ဆိုတာသိျပီးသားပဲလို႕ လြယ္လြယ္မေတြးလိုက္ပါနဲ႕။ ဦးေနွာက္ထဲကသိေနေပမဲ့မထိေတြ႕တာၾကာလာတဲ့အခါခံစားခ်က္ေတြကို ႏွလံုးသားက ေမ့သြားတတ္
ပါတယ္။ ဒါေၾကာင့္ အရင္က တဖြဖြေျပာခဲ့တဲ့ခ်စ္စကားေတြ၊ ၾကည္ႏူးစြာလွစ္ဟ ျပခဲ့တဲ့ ခ်စ္စဖြယ္အမူအယာေတြကို သိမ္းဆည္းမထားပဲ ျပန္လည္ေဖာ္ထုတ္ၾကေစခ်င္ပါတယ္။

အိမ္ေထာင္ေရးဆိုတာ လြယ္မေယာင္နဲ႕ခက္၊ တိမ္မေယာင္နဲ႕ နက္ပါတယ္။ တည္ေဆာက္ထားတဲ့ အခ်စ္အိမ္ေလး အသက္မဲ့မသြားဖို႕ ဇနီးေမာင္ႏွံႏွစ္ေယာက္လံုး လိုလားၾကမွာ အေသအခ်ာပါပဲ။ ဒါေၾကာင့္ အမွတ္တမဲ့အျပဳအမူေတြေၾကာင့္ စိတ္၀မ္းမကြဲေအာင္ နားလည္စြာတိုင္ပင္ရင္း လက္တြဲေဖာ္ခ်စ္သူတိုင္း ရာသက္ပန္ေပ်ာ္ရႊင္ခ်မ္းေျမ့စြာ ႐ိုးေျမက်ေနထိုင္သြားႏိုင္ၾကေစဖို႕ ေလးနက္စြာ ဆႏၵျပဳလိုက္ရပါတယ္။


Credit:Yangon Life

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချစ်စစ်နဲ့ချစ်ရတဲ့ ချစ်သူနှစ်ဦး တွေ့ဆုံပေါင်းစည်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ယုံကြည်ချက်တွေတူညီပြီး အတွဲညီတဲ့အရည်အချင်းတွေပါ ရှိရမယ့်အပြင် အောင်မြင်မှုကို အတူလှမ်းနိုင်ဖို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်ဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် အတွဲညီတဲ့လက်တွဲဖော်ဖြစ်ဖို့ ဆိုတာ ရေရှည်စီမံကိန်းတစ်ခုလိုပဲ အချိန်အများကြီးလိုအပ်ပါတယ်။

သိပ်ကိုချစ်ရတဲ့ချစ်သူနဲ့ ဖူးစာဆုံရတဲ့အခါ ဘဝဟာ စိတ်ချမ်းမြေ့ဖွယ်အတိပါပဲ။ ဘာမဆို အကြိုက်လည်းတူ၊ တစ်ယောက်ပြောတဲ့စကားကို အဆုံးမသတ်ခင်တည်းက တစ်ယောက်က သိနေတဲ့အထိ နားလည်မှုတွေ လျှံထွက်၊ သူမပါတဲ့ကိုယ့်ဘဝဆိုတာ မတွေးရဲလောက်အောင် လိုအပ်နေခဲ့တဲ့ ကာလလေးတွေပေါ့။ အရမ်းကို ကြည်နူးစရာကောင်းတဲ့အချိန်တွေကို နှစ်ပေါင်း အတော်ကြာတူတူဖြတ်သန်းခဲ့ပြီးနောက်မှာ ကြည်နူးဖွယ်ကာလလေးတွေ တဖြည်းဖြည်း
နည်းလာတာဟာလည်း သဘာဝတစ်ခုပါပဲ။ ဒါပေမဲ့ ကြည်နူးစရာတွေ လုံးဝမရှိတော့တဲ့အထိ
 ဖြစ်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။

တကယ်တော့ အရမ်းချစ်ကြလို့ ရာသက်ပန်အတူနေဖို့ ရည်ရွယ်လက်ထပ်ခဲ့ကြတဲ့ လက်တွဲဖော်
 တွေကြား အချစ်တွေပေါ့ကုန်တာဟာ အကြောင်းရင်းများစွာ ရှိမှာပေမဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ တချို့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ယောက်ကို တစ်ယောက် သဘောကျတဲ့အချက်တွေကို မေ့ကုန်ကြတယ်

ချစ်သူနှစ်ယောက် စတွေ့ကြတုန်းက သိပ်ကိုသဘောကျတဲ့အချက်တွေ ရှိခဲ့ကြမှာပါ။ ဥပမာ - ကောင်လေးရဲ့ သူများအပေါ်ကူညီတတ်တဲ့စိတ်ကို ကောင်မလေးက သဘောကျသလိုပဲ
 ကောင်မလေးရဲ့ကြင်နာတတ်မှုကို ကောင်လေးက သိပ်နှစ်သက်တာမျိုးပေါ့။ ကာလကြာရှည် တူတူနေခဲ့ကြပြီးနောက်မှာ သူ့ရဲ့ကောင်းတဲ့အချက်တွေကို အထူးတလည်သတိမထားမိတော့ပဲ
 မေ့ကုန်တာမျိုးဖြစ်တတ်တာမို့ သတိတရနဲ့ပြန်အစဖော်ပါ။ သူ့အကြောင်းမိတ်ဆွေတွေနဲ့ ပြောခြင်း၊ သူနဲ့အတူ ရှေးဟောင်းနှောင်းဖြစ်တွေပြောခြင်းဖြင့် အစဖော်လိုက်တဲ့အခါသူ့ကိုကိုယ်နှစ်သက်
သဘောကျခဲ့တဲ့ခံစားချက်ကို ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် အပိုင်တွက်ကြတယ်

တစ်ယောက်နဲ့တစ်ယောက် အတူနေကြတာ အတော်ကြာပြီဆိုတော့ သိပ်အလေးအနက်မထား
 တော့ဘူးပေါ့။ သူမကြိုက်တာကို သိသိကြီးနဲ့လုပ်လိုက်ပြီး နားလည်ပေးဖို့တောင်းဆိုတာတွေ၊ သူ့ရဲ့တောင်းဆိုချက်တွေကို စိတ်ဝင်တစားမလိုက်လျောတော့တာတွေ ရှိလာပြီပေါ့။ နည်းနည်းဆို သိပ်မသိသာပေမဲ့ များလာတဲ့အခါ အပြန်အလှန်ဆွေးနွေးဖို့တောင် ဘယ်ကစကားစရမှန်း မသိပဲ ဖြစ်တတ်ပါတယ်။ လက်တွဲဖော်အချင်းချင်း အရေးမပါသလို ဘေးချိတ်ထားပြီး တခြားသူတွေကို ဦးစားပေးနေတာနဲ့ဲပဲ အချိန်ကုန်ရင်း သူဟာကိုယ့်လူပဲလို့ အပိုင်တွက်တဲ့စိတ်နဲ့ တစ်ယောက်နဲ့
တစ်ယောက် စိတ်နာကျင်အောင် လုပ်မိတတ်တဲ့အတွက် အသေးအဖွဲပဲဖြစ်ပါစေ၊ တောင်းပန်စကား ချီးကျူးစကားလေးတွေကို လိုအပ်ရင်ပြောပေးသင့်ပါတယ်။

ကြည်နူးပျော်ရွှင်စွာ အတူရယ်မောဖို့ မေ့သွားကြတယ်

အိမ်ထောင်သည်ဘဝမှာ သားသမီးလေးတွေ ပွားစည်းလာတာနဲ့အမျှ ဘဝအမောတွေလည်း တန်းစီပေါ်ထွက်လာခဲ့တာပါပဲ။ ဒီလိုနဲ့ပဲ မနက်အိပ်ရာအမြန်ထ၊ သားသမီးတွေကို ကျွေးမွေး၊
 ငွေရှာဖို့အလုပ်ကိုပြေး၊ အလုပ်ကပြန်လာရင် ဝုန်းဒိုင်းကြဲအိမ်သန့်ရှင်းရေးလုပ်ပြီး ညစာစား၊
ကလေးတွေကိုစာသင်ချော့သိပ်ပြီး အရမ်းကိုပင်ပန်းလို့ အိပ်ရာတန်းဝင်။ အဲလိုဘဝပုံစံတွေ
 နေ့စဉ်နဲ့အမျှ ဖြစ်လာတဲ့အခါ အိမ်ဆိုတာ ပျော်စရာမဟုတ်တော့သလိုဖြစ်လာတဲ့အတွက်
 အမျိုးသားအများစုက အပြင်ထွက်ကာ စိတ်ပြေလက်ပျောက်အေးဆေးနေချင်တတ်ပါတယ်။
 သားသမီးသံယောဇဉ်ပိုကြီးပြီး အိမ်မှုကိစ္စတာဝန်ပိုများတဲ့ အမျိုးသမီးကတော့ အိမ်မှာကျန်ရစ် ခဲ့ရရင်း ခင်ပွန်းသည်ကိုစောင့်မျှော်ရင်း စိတ်တိုဒေါသထွက်လာတတ်ပါတယ်။ အဲဒီမှာ မပြေလည်မှုတွေ
စတင်လာတတ်ပြီး ကတောက်ကဆတ်တွေဖြစ်ကာ ကွဲကွာတဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်။
 ဒါကြောင့် ချစ်သူနှစ်ဦးလက်ထပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ အတူကြည်နူးပျော်ရွှင်ခြင်း
ပန်းတိုင်ကို လုံးဝမမေ့လျော့သွားအောင် အချိန်လုပြီး အတူနေချိန်လေး တွေဖန်တီးကြစေချင်ပါတယ်။

တစ်လှေတည်းစီးဆိုတာ မေ့ကုန်ကြတယ်

လက်တွဲဖော်ရှိပြီဆိုကတည်းက ဘဝရဲ့အခက်အခဲတွေကို တစ်ကိုယ်တည်းဖြေရှင်းဖို့ မလိုတော့ပဲ တိုင်ပင်ဖော်တစ်ယောက်ရှိလာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ပါလား။ အထီးကျန်နေ့ရက်တွေ မရှိတော့ဘူးဆိုတဲ့ သဘောလည်း သက်ရောက်တာပဲမဟုတ်လား။ဒီတော့တစ်ယောက်နဲ့တစ်ယောက်
 သဘောထားချင်းမတိုက်ဆိုင်တာတွေ ရှိလာရင်တောင် အားလုံးရဲ့အမြင်မှာရော တကယ့်လက်တွေ့
ဘဝမှာပါ ဇနီးမောင်နှံဆိုတာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့သူတွေပါပဲ။ ခင်ပွန်းရဲ့အကောင်းအဆိုးဟာ ဇနီးအပေါ် ရာနှုန်းပြည့် ရိုက်ခတ်မှုရှိသလိုပဲ ဇနီးရဲ့အကောင်းအဆိုး
ဟာလည်း ထိုနည်းတူပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကို အထီးကျန်ခံစားချက်ကို မဖြစ်စေပဲ အမြဲသတိတရ ဂရုစိုက်ကာကွယ်ဖေးမ ပေးသင့်ပါတယ်။

ငြင်းခုန်စရာတွေ ဖြစ်လာတဲ့အခါ အနိုင်လိုချင်စိတ်များလာကြတယ်

ပြဿနာတစ်ခုပေါ်ပေါက်လာတဲ့အခါ ဖြေရှင်းဖို့နည်းလမ်းကိုဇနီးမောင်နှံနှစ်ဦး ခေါင်းချင်းဆိုင်ဆွေးနွေးကြ
ရတာပါပဲ။ အဲဒီအခါမှာ မတူညီတဲ့လူနှစ်ဦးမှာ မတူညီတဲ့ဖြေရှင်းနည်းတွေရှိနေကြမှာလည်း အသေအချာပါပဲ။ အဲဒီအခါမျိုးမှာ မိမိစကားသာ အတည်ဖြစ်ကြောင်း ငြင်းခုန်အော်ဟစ်မယ့်အစား အလျှော့ပေးကြည့်လိုက်ပါ။ တဘက်သားရဲ့အကြံဉာဏ်၊ အတွေးအခေါ်ကို လက်သင့်ခံပြီး စကားဝိုင်းကို ပိုမိုအေးဆေးစေပြီးမှ မိမိသဘောကိုလည်း တင်ပြကာ ပိုကောင်းတဲ့ဖြေရှင်းနည်း တစ်ခုကို တက်ညီလက်ညီရှာဖွေသင့်ပါတယ်။

ချစ်ကြောင်းပြသဖို့ မေ့သွားတတ်ကြတယ်

အချစ်ဟာ အရာအားလုံးထက် အရေးအကြီးဆုံးဆိုတာ လူတိုင်းအသိပါပဲ။ ချစ်သူဖြစ်ပြီးမှ လက်ထပ်ခဲ့ကြတာပဲ ချစ်တယ်ဆိုတာသိပြီးသားပဲလို့ လွယ်လွယ်မတွေးလိုက်ပါနဲ့။ ဦးနှောက်ထဲကသိနေပေမဲ့မထိတွေ့တာကြာလာတဲ့အခါခံစားချက်တွေကို နှလုံးသားက မေ့သွားတတ်
ပါတယ်။ ဒါကြောင့် အရင်က တဖွဖွပြောခဲ့တဲ့ချစ်စကားတွေ၊ ကြည်နူးစွာလှစ်ဟ ပြခဲ့တဲ့ ချစ်စဖွယ်အမူအယာတွေကို သိမ်းဆည်းမထားပဲ ပြန်လည်ဖော်ထုတ်ကြစေချင်ပါတယ်။

အိမ်ထောင်ရေးဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်ပါတယ်။ တည်ဆောက်ထားတဲ့ အချစ်အိမ်လေး အသက်မဲ့မသွားဖို့ ဇနီးမောင်နှံနှစ်ယောက်လုံး လိုလားကြမှာ အသေအချာပါပဲ။ ဒါကြောင့် အမှတ်တမဲ့အပြုအမူတွေကြောင့် စိတ်ဝမ်းမကွဲအောင် နားလည်စွာတိုင်ပင်ရင်း လက်တွဲဖော်ချစ်သူတိုင်း ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့စွာ ရိုးမြေကျနေထိုင်သွားနိုင်ကြစေဖို့ လေးနက်စွာ ဆန္ဒပြုလိုက်ရပါတယ်။


Credit:Yangon Life


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top