iMyanmarHouse.com - Best Property Website for Myanmar
×
လက်ရှိလူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့သူမရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူးလို့ပြောပြလာသူကတော့ Miss Universe 2015 – 2016 First Runner Up ဆုရှင် ဟန်လေးပဲဖြစ်ပါတယ်။ အဆိုပါသတင်းများကြောင့် သူမတို့ချစ်သူနှစ်ဦးကြားမှာ ဘာ ပဋိပက္ခမှမရှိခဲ့သလို အဆင်ပြေပြေပဲမို့ဒီဇင်ဘာ ၇ရက်နေ့ဆိုရင် တစ်နှစ်နဲ့လေးလရှိပြီလို့ပြောပြလာပါတယ်။ ဒါ့အပြင် ဟန်လေးဟာလဲ ၁လပိုင်းထဲမှာ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိပြီး သူမနဲ့တွေ့ဆုံခိုက်မှာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတဲ့ သတင်းများအပြင် လက်ရှိအနုပညာလှုပ်ရှားမှုများကိုပါ မေးမြန်းဖြစ်တဲ့အခါ
-အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးကိုလဲပြောပြပေးပါဦး။
ဟုတ်ကဲ့။ အခုလုပ်ဖြစ်နေတာကတော့ ညီမလကုန်ခါနီးလောက် ၂၀၁၇ အတွက် ပြက္ခဒိန်သွားရိုက်ဖို့ရှိတယ်။ ရှမ်းပြည်ဖက်မှာပေါ့။ နောက်ကြော်ငြာလေးတွေရိုက်ဖို့ပြောထားတာရှိပါတယ်။ ပြီးတော့ တစ်လပိုင်းအကုန်လောက်မှာ Good Day ထုတ်လုပ်ရေးကနေ ရိုက်မဲ့ ရုပ်ရှင်ကားကြီးမှာပါဝင် သရုပ်ဆောင်ဖို့အတွက် အခုဒါရိုက်တာနဲ့ပါဝင်မဲ့ တခြားသရုပ်ဆောင်တွေနဲ့အတူ Training ဆင်းနေတယ်ပေါ့။ တစ်ပတ်ကို သုံးရက် အခုဆို သုံးလလောက်ရှိပါပြီ။
-အဲ့ဒီကားကြီးက ဘယ်လိုဇာတ်လမ်းပုံစံမျိုးလေးလဲ။
ညီမတို့ကအားလုံးကအသစ်တွေကြီးပဲ သရုပ်ဆောင်မယ်။ မော်လ်ဒယ်တွေ၊ အပြင်လူတွေကြီးပဲပေါ့။ အားလုံးပါင်းကိုးယောက်ပါမယ်။ လူငယ်ဆန်ဆန်ဇာတ်ကားလေးပါပဲ။ အခုလက်ရှိ ရန်ကုန်မြို့မှာဖြစ်နေတဲ့ လူငယ်ဆန်ဆန်သဘာဝဖြတ်သန်းမှုတွေကိုပဲညီမတို့ရိုက်သွားမှာပေါ့။ ဒါရိုက်တာက ကိုထူးပိုင်ဇော်ဦးပါ။ ဇာတ်ညွှန်းတွေကတော့ မပေးသေးဘူး။ ကာရိုက်တာကတော့ လူငယ်ပုံစံတွေလို့ပဲသိထားပါတယ်။
-ညီမလေးရဲ့ပထမဆုံးကားဆိုတော့ ဘယ်လိုလေ့လာမှုတွေကိုရော ပြုလုပ်ဖြစ်လဲ။
ကြိုတင်ပြင်ဆင်မှုက တစ်ပတ်သုံးရက်သူတို့Training ပေးတယ်။ အခုဆိုသုံးလရှိပြီ။ သူတို့သင်ပေးတဲ့အတိုင်းလိုက်သင်တယ်။ တခြားမြန်မာကားလေးတွေကြည့်ဖြစ်တယ်။ ပထမဆုံးကားဆိုတော့ စိတ်လဲလှုပ်ရှားသလို ရင်လဲခုန်ပါတယ်။ စိုးလဲစိုးရိမ်တယ်။ ညီမအနေနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားရိုက်ကူးသွားမှာပါ။
-အချစ်ရေးနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာလဲ ပွင့်ပွင့်လင်းလင်းတင်ထားတာတွေ့ရတယ်နော်။
အခုတစ်နှစ်နဲ့လေးလရှိပါပြီ။ အချစ်ရေးကိုဖုံးကွယ်မထားဘူးဆိုတာက တချို့အနုပညာရှင်တွေကျတော့ ပြောတယ်။ တချို့ကျတော့ မပြောဘူး။ ဟန်လေးကတော့ အဲ့ဒီလိုမျိုးကို မကြိုက်ဘူး။ ဦးနှောက်နဲ့စဉ်းစားတာလား။ နှလုံးသားနဲ့စဉ်းစားတာလား မပြောတတ်ဘူး။ အရင်တုန်းက သူလဲpublic တွဲတယ်။ ညီမလဲ public ဆိုတာရှိခဲ့တာပဲ။ ဒါပေမဲ့နှစ်ယောက်လုံးက အနုပညာဆက်လုပ်နေမှာပဲဆိုတော့ ကိုယ်ကိုတိုင်က လူသိရှင်ကြားတွဲရတာမျိုးကိုပဲသဘောကျတယ်။ သူ့မိဘကိုယ့်မိဘ အကုန်သိတယ်။ ခိုးပြီးတွဲရတာကိုညီမ Feel မလာဘူး။ မတွဲတတ်ဘူး။ သူများလိုတိတ်တိတ်ပုန်း လေးငါးယောက်ထားတာမျိုးလဲ မထားတတ်ဘူး။ တွဲရင်ပေါ်တင်တွဲတယ်။ အဲ့ဒါကြောင့်မို့အမှန်အတိုင်းတင်ထားတာပါ။ ကိုယ်ရည်းစားရှိလို့အားမပေးရင်လဲကိစ္စမရှိပါဘူး။ ညီမကစိတ်ကိုအလိုလိုက်တယ်။ ညီမပျော်တယ်။ ညီမစိတ်ချမ်းသာတယ်။ ဆိုရင် တော့ ညီမလုပ်ပါတယ်။ ဒါပေမဲ့လမ်းမှားတော့ မရောက်စေချင်ဘူးပေါ့။
-နှစ်ယောက်စလုံးက အနုပညာအလုပ်လုပ်နေတဲ့သူတွေကြီးပဲဆိုတော့ ဘယ်လိုနားလည်မှုယူဖြစ်လဲ။
အရမ်းကြီးမညှိနှိုင်းဖြစ်ဘူး။ အကြီးအကျယ်ရန်ဖြစ်တာမျိုးလဲတစ်ခါမှမရှိဘူး။ သူကလဲအရမ်းလိမ်မာတယ်။ ယောကျာ်းကောင်းတစ်ယောက်ပီသတယ်။ ကြူတာ၊ ရှုပ်တာမရှိဘူး။ နှစ်ယောက်စလုံးကလဲတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတော့သူ့ကိုလဲပြောထားတယ်။ စိတ်နဲ့တောင်မပြစ်မှားနဲ့ပေါ့။ စိတ်နဲ့ပြစ်မှားရင်နင်လဲဝဋ်လည်မယ်။ ငါလဲဝဋ်လည်မယ်ပေါ့ ။ ကတိတွေပေးခဲ့ဖူးတယ်။ သူ့ကိုပြောပြထားရုံလောက်ပဲ။ လူကြီးဆိုတော့ အရမ်းပြောစရာမလိုဘူး။ အဆင်ပြေတယ်ပေါ့။
-အောင်လေးကရော ညီမလေးဘ၀အတွက်ဘယ်လောက်ရာခိုင်နှုန်းလောက်အရေးပါလဲ။
Credit: trend myanmar
#Unicode Version
သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့။ သူကဘေးကနေ ဘာလို့မလုပ်နိုင်ရမှာလဲဆိုပြီး အားပေးတယ်။ အဲ့ဒီတော့ သူကညီမအတွက်အရမ်းအရေးပါပါတယ်။ နားလည်မှုကလဲ အရမ်းရှိတယ်။ အပြန်အလှန်ပေါ့။ သူကလဲသဝန်မတိုတတ်ဘူး။ ညီမကလဲသူ့ကိုသဝန်မတိုဘူး။ အရမ်းကိုနေတတ်ထိုင်တတ်တဲ့ သူတစ်ယောက်ပါ။ တခြားမိန်းကလေးတွေကိုမပြစ်မှားတတ်ဘူး။
-လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ ညီမလေးအကြောင်းနဲ့ပတ်သက်ပြီး အဲ့ဒီသတင်းကို ကိုယ်မြင်ရတဲ့အချိန်မှာဖြစ်တဲ့စိတ်ခံစားချက်လေးကိုသိချင်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ညီမဖက်ကဘာမှပြောစရာမရှိဘူး။ အစ်မ။
-အဲ့ဒါကတကယ်လား။ သူတို့လျှောက်ရေးတာလား။
အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောစရာစကားမရှိတဲ့အပြင် သူတို့ရေးချင်တာရေးဆိုပြီး တကယ်ဟုတ်ဟုတ်မဟုတ်ဟုတ်  ညီမကတော့ ယောင်လို့တောင်အချိန်ကုန်ခံပြီး ဟိုဖက်ကိုမလှည့်ပါဘူး။
-အခုနောက်ပိုင်းဆို အနုပညာရှင်တွေရဲ့အတိတ်နဲ့ပတ်သက်ပြီး တော်တော်များများ အရေးခံရတယ်ပေါ့။ အဲ့ဒီ page တွေအပေါ် ညီမလေးရဲ့ အမြင်ကဘယ်လိုရှိလဲ။
အဲ့ဒီ page ကို လူတိုင်းသိတယ်။ သူ့ကိုဟာသတစ်ခုအနေနဲ့ပဲ သဘောထားကြတယ်။ သူကပေါက်တတ်ကရ အရမ်းရေးတတ်တဲ့ page ဆိုတော့ ဖတ်ပြီးရင် ရယ်ချင်တာအသေပဲ။ အများကြီးတော့မပြောတတ်ပါဘူး။
-အဲ့ဒီကိစ္စကြောင့် ချစ်သူနှစ်ဦးကြားမှာ ပြသနာဖြစ်သေးလား။
ပြသနာကတော့ လုံးဝမဖြစ်ပါဘူး။ အစ်မ အဆင်ပြေပါတယ်။
-ညီမလေးကိုအားပေးနေတဲ့ ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။
ညီမအခုအနုပညာလှုပ်ရှားမှုတွေအဆက်မပြတ်လုပ်နေပါတယ်။ ကားကြီးလဲရိုက်ဖို့ရှိပါတယ်။ အဲ့ဒါကြောင့်ဆက်လက်အားပေးကြပါဦးလို့ပြောချင်ပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: trend myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top