iMyanmarHouse.com - Best Property Website for Myanmar
×

ေကာ္ဖီနဲ႔ ပတ္သက္လို႔ ျပဳလုပ္ၾကတဲ့ သုေတသနေတြမွာ ဆိုးက်ိဳးေတြ ထြက္လာတာ ရွိသလို၊ ေကာင္းက်ိဳးေတြထြက္လာတာလည္း ရွိပါတယ္။ အခုေနာက္ဆံုး အေမရိကန္မွာရွိတဲ့ ဝိုက္စ္ကန္ဆင္ မီလ္ဝါကီ တကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ စစ္တမ္းတစ္ခုအရ ေကာ္ဖီကို တစ္ေန႔သံုးခြက္ေလာက္ ေသာက္သင့္တယ္လို႔ ဆိုပါတယ္။

ေကာ္ဖီတစ္ေန႔သံုးခြက္ ေသာက္သံုးျခင္းျဖင့္ အသက္ႀကီးလာရင္ျဖစ္တတ္တဲ့ မွတ္ဉာဏ္နဲ႔ ဆိုင္တဲ့ေရာဂါေတြကို ခံစားရျခင္းမွ ကင္းေဝးႏိုင္တယ္လို႔ သိရပါတယ္။ ဘယ္အရာမဆို တန္ေဆးလြန္ေဘးဆိုတဲ့ စကားရွိေပမဲံ ေကာ္ဖီကေတာ့ ဒီပမာဏေလာက္ ေန႔စဥ္ ေသာက္သံုးလို႔ အက်ိဳးေတာင္မ်ားႏုိင္တယ္လို႔ သုေတသီေတြက ေျပာပါတယ္။ ဒီအက်ိဳးသက္ေရာက္မႈဟာ အမ်ိဳးသမီးေတြ ပိုၿပီးခံစားရမယ္လို႔လည္း သုေတသနက ဆိုပါတယ္။

အသက္ႀကီးလာတဲ့အခါ မွတ္ဉာဏ္ခၽြတ္ယြင္းျခင္း၊ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္း စတာေတြကို တစ္ေန႔ေကာ္ဖီသံုးခြက္ ေသာက္ျခင္းျဖင့္ ကာကြယ္ႏုိင္တယ္လို႔ ဆိုပါတယ္။ ေန႔စဥ္ ေကာ္ဖီသံုးခြက္ေလာက္ ပ်မ္းမွ်ေသာက္ခဲ့တဲ့ အသက္ ၆၅ ႏွစ္အထက္ အမ်ိဳးသမီးေတြဟာ အ႐ြယ္ရလာတဲ့အခါ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္း၊ မွတ္ဉာဏ္ခၽြတ္ယြင္းျခင္းကို သံုးပံုတစ္ပံုေလာက္အထိ အနည္းဆံုး ကာကြယ္ေပးႏုိင္တဲ့ စြမ္းရည္ရွိေနၾကပါတယ္။

သုေတသနျပဳခ်က္အရ တစ္ေန႔ကို ကဖိန္းဓာတ္ ၂၆၁ မီလီဂရမ္ေလာက္ ခႏၶာကိုယ္အတြင္း ေရာက္လာျခင္းဟာ ေနာက္ထပ္ ဆယ္ႏွစ္ေလာက္ၾကာသည့္တိုင္ မွတ္ဉာဏ္ပ်က္စီးျခင္းကို ကာကြယ္ေပးတာျဖစ္ပါတယ္။

Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကော်ဖီနဲ့ ပတ်သက်လို့ ပြုလုပ်ကြတဲ့ သုတေသနတွေမှာ ဆိုးကျိုးတွေ ထွက်လာတာ ရှိသလို၊ ကောင်းကျိုးတွေထွက်လာတာလည်း ရှိပါတယ်။ အခုနောက်ဆုံး အမေရိကန်မှာရှိတဲ့ ဝိုက်စ်ကန်ဆင် မီလ်ဝါကီ တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ကော်ဖီကို တစ်နေ့သုံးခွက်လောက် သောက်သင့်တယ်လို့ ဆိုပါတယ်။

ကော်ဖီတစ်နေ့သုံးခွက် သောက်သုံးခြင်းဖြင့် အသက်ကြီးလာရင်ဖြစ်တတ်တဲ့ မှတ်ဉာဏ်နဲ့ ဆိုင်တဲ့ရောဂါတွေကို ခံစားရခြင်းမှ ကင်းဝေးနိုင်တယ်လို့ သိရပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ စကားရှိပေမဲံ ကော်ဖီကတော့ ဒီပမာဏလောက် နေ့စဉ် သောက်သုံးလို့ အကျိုးတောင်များနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ အမျိုးသမီးတွေ ပိုပြီးခံစားရမယ်လို့လည်း သုတေသနက ဆိုပါတယ်။

အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း စတာတွေကို တစ်နေ့ကော်ဖီသုံးခွက် သောက်ခြင်းဖြင့် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ နေ့စဉ် ကော်ဖီသုံးခွက်လောက် ပျမ်းမျှသောက်ခဲ့တဲ့ အသက် ၆၅ နှစ်အထက် အမျိုးသမီးတွေဟာ အရွယ်ရလာတဲ့အခါ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ မှတ်ဉာဏ်ချွတ်ယွင်းခြင်းကို သုံးပုံတစ်ပုံလောက်အထိ အနည်းဆုံး ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ရှိနေကြပါတယ်။

သုတေသနပြုချက်အရ တစ်နေ့ကို ကဖိန်းဓာတ် ၂၆၁ မီလီဂရမ်လောက် ခန္ဓာကိုယ်အတွင်း ရောက်လာခြင်းဟာ နောက်ထပ် ဆယ်နှစ်လောက်ကြာသည့်တိုင် မှတ်ဉာဏ်ပျက်စီးခြင်းကို ကာကွယ်ပေးတာဖြစ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top