iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်ုပ်တို့ မွေးတဲ့အချိန်ကတည်းကစလို့ အမေတွေဟာ ရင်သွေးတွေကို ပြုစုစောင့်ရှောက်ခဲ့ပေးခဲ့ရသူပါ။ ကိုယ်တွေအရွယ်ရောက်ပြီး အသက်တွေရလာပေမယ့် အမေ့အတွက်ဘာတွေများ ပြန်လည်လုပ်ဆောင်ပေးခဲ့ဖူးပါသလဲ။ အမေပျော်အောင် ဘာတွေများ ပြုလုပ်ပေးခဲ့ဖူးပါသလဲ။ တကယ်တော့  အခွင့်အရေးရတိုင်း အမေ့ကို ပျော်အောင်လုပ်ပေးဖို့က ကျွန်ုပ်တို့ တာဝန် ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ကိုယ်ကျိုးမငဲ့လုပ်ဆောင်ချက်တချို့တွေက အမေ့ကို ပျော်စေနိုင်ပြီး သားသမီးတွေ လက်ဟန်ခြေဟန်အနည်းငယ် လုပ်ပြတာတောင် သူတို့ဟာ သိပ်ကံကောင်းနေပြီလို့ ခံစားတတ်ကြတာပါ။ ဒါ့ကြောင့် ဒီအချက်ကလေးတွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် သင့်ရဲ့မိခင် ပျော်ရွှင်မှုခံရစားရအောင် ကြိုးစားကြည့်လိုက်ပါ။

၁။ ကော်ဖီဖျော်ပေးပါ

သင်ကော်ဖီသွားသောက်ပြီး သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တဲ့အချိန် သင့်အမေ ဘာပျော်ရွှင်စရာမှမရှိ အိမ်မှာ ဒီတိုင်းကျန်ရစ်နေခဲ့တာပါ။ ဒီတော့ သင့်အမေကို မိမိအကြိုက်ဆုံးကော်ဖီတွေထဲက တစ်ခုခု ဖျော်ပေးပြီး ဘဝဟာ ပျော်ရွှင်စရာကောင်းကြောင်း ခံစားအောင် လုပ်ပေးပါ။

၂။ ရုပ်ရှင် လိုက်ပြပါ

သင့်အမေ ကြိုက်နှစ်သက်မယ့် ရုပ်ရှင်တစ်ကား ရွေးချယ်ပြီး လိုက်ပြပေးပါ။ အပြင်မထွက်ချင်ဘူးဆိုရင် အမေ အကြိုက်နှစ်သက်ဆုံး ရုပ်ရှင်ကားတွေ ဒီဗီဒီအခွေနဲ့ ဝယ်၊ ပြောင်းဖူးပေါက်ပေါက် ပြုလုပ်ပြီး အိမ်မှာ လှဲအိပ်နေရင်း သူနဲ့အတူကြည့်ရှုပါ။

၃။ ညနေစာ ချက်ကျွေးပါ

အခြားမိခင်တွေလိုပဲ သင့်အမေ သင့်ကို ထမင်းချက်ဖို့ မကြာခဏ တိုက်တွန်းပါလိမ့်မယ်။ ကောင်းပြီ၊ အခုချိန်ဟာ အမေ့ကို ညနေစာ ချက်ကျွေးပြီး အံ့အားသင့်အောင် လုပ်ပြဖို့ အချိန်ကောင်းပဲ ဖြစ်ပါတယ်။ အမေ ကြိုက်တာလေး တစ်ခုခုတော့ ဖြစ်ပါစေ။ အမေ ကျိန်းသေ အံ့သြပျော်ရွှင်ပါလိမ့်မယ်။

၎။ အတူဈေးဝယ်ထွက်ပါ

အမေ ဈေးဝယ်ထွက်ရင် ဘယ်လိုခေါ်သွားလေ့ရှိလဲ မှတ်မိပါလိမ့်မယ်။ ဒါပေမယ့် သင် အမေ့ကို ဈေးဝယ်ထွက်ဖို့ ဘယ်ကို ခေါ်သွားဖူးလဲ။ မခေါ်ဖူးပါက ခုချက်ချင်း တစ်နေရာရာ ခေါ်ပြီး သူ့အကြိုက် ဝယ်ခွင့်ပေးလိုက်ပါ။ အဲဒီအချိန် သူမမျက်နှာပေါ်က အပြုံးဟာ အလွန်ကိုတန်ဖိုးရှိနေပါလိမ့်မယ်။

၅။ Spa ခေါ်သွားပါ

တို့တွေအားလုံး ပျော်ရွှင်စေဖို့ အမေတွေ နေ့ညမပျက် အလုပ်လုပ်နေရပြီး အမေ့ခန္ဓာကိုယ်မှာ အားသစ် လောင်းပေးဖို့ တကယ်လိုအပ်ပါတယ်။ ဒီတော့ အမေ့ကို Spa ခေါ်သွားပြီး စိတ်ပြေလက်ပျောက် အပန်းဖြေချိန်လေးရအောင် စီစဉ်ပေးပါ။ သူမခန္ဓာကိုယ် သက်သောင့်သက်သာရှိသွားသလို စိတ်တွေ နုပျိုလန်းဆန်းပြီး ပျော်ရွှင်နေပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top