iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ရေနွေးသောက်ပါ။
၇။ ဝိုင်သောက်ပါ။
Credit: Trend Myanmar
Unicode Version
တစ်ချို့အရာတွေက လုပ်ဆောင်ဖို့ လွယ်ကူရိုးရှင်းပေမယ့် အကျိုးသက်ရောက်မှုရှိနေတတ်ပါတယ်။ ခုဖော်ပြပေးမယ့်အချက်တွေကလည်း ရိုးရှင်းပေမယ့် သင့်ရဲ့ကိုယ်အလေးချိန်လျော့ကျစေဖို့ ကူညီပေးနိုင်တာမို့ တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါဦး
၁။ ရေနွေးသောက်ပါ။
လူတွေ တော်တော်များများဟာ ပူနွေးနေတဲ့ရေထက် အေးအေးလေးရှိတဲ့ အရည်တွေကိုပဲ ပိုနှစ်သက်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကိုယ်အလေးချိန် လျော့ကျချင်တဲ့သူ တစ်ယောက်ဖြစ်လာပြီဆိုရင် သင့်ရဲ့ ကိုယ်အပူချိန်တွေကိုလည်း ထည့်တွက်လာဖို့လိုလိမ့်မယ်။ ပူနေတဲ့ အစားအစာတွေက အစာစားနေစဉ် ဗိုက်ပြည့်တာ လွယ်သွားအောင် ကူညီပေးပါတယ်။ ဒါကြောင့် များများမစားပဲနဲ့ ရေနွေးတွေကို အခုထက် ပိုပြီးသောက်လိုက်ပါ။ ပုံမှန် ရေနွေးကိုပဲ သောက်ဖို့ အဆင်မပြေဖြစ်နေရင် အရသာတစ်ခုခုရှိလာအောင်လို့ ရေနွေးထဲ လက်ဖက်စိမ်းတွေထည့်ပြီး သောက်နိုင်ပါတယ်။
၂။ တီဗီကြည့်တဲ့ အချိန်တွေကို လျော့လိုက်ပါ။
စိတ်ဝင်စားတဲ့ ဇာတ်လမ်းခွေတွေ ကြည့်လိုက်ပြီဆိုရင် မုန့်ထုပ်တွေရှေ့ကို ချပြီးတော့ တီဗီရှေ့ အချိန်ကုန်တာက သိပ်မဆန်းပါဘူး။ ဒါပေမယ့် ကိုယ်စားလိုက်တဲ့ မုန့်တွေကြောင့် ကိုယ်အလေးချိန် တိုးလာတယ်ဆိုတာကိုတော့ သတိပေးပါရစေ။ ဒါကြောင့် တီဗီကို လျော့ပြီးကြည့်မယ်ဆိုရင် စားလိုက်တဲ့ မုန့်တွေဆီက ဝင်လာနိုင်တဲ့ ကယ်လိုရီတွေကို ဖယ်ထုတ်ထားပြီးသားဖြစ်နေပါလိမ့်မယ်။
၃။ ချောင်နေတဲ့အဝတ်အစား(ညအိပ်အဝတ်) တွေနဲ့ အစာမစားပါနဲ့။
သုတေသန ပြုလုပ်တဲ့သူတွေက ချောင်နေတဲ့ အဝတ်အစားတွေ ဝတ်ပြီး အစာစားနေရင် ပိုပြီးတော့ စားနိုင်တဲ့ အလားအလာရှိတယ် လို့ ဖော်ပြထားကြတယ်။
၅။ အစာကြေသွားအောင် အကူအညီပေးတဲ့ အစားအသောက်တွေကို ရွေးစားပါ။
သစ်သီးနဲ့ လုပ်ထားတဲ့ အရည်စတဲ့ အစာကြေအောင် အကူအညီပေးနိုင်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးတာက ကယ်လိုရီတွေကို လျော့ကျစေနိုင်ပါတယ်။
၆။ အစားအသောက်တွေမှာ စပ်တဲ့အရသာရှိတဲ့ အမုန့်တွေကို ထည့်ပါ။
သုတေသနဖော်ပြချက်အရ အစားအသောက်ကို စပ်ပြီးစားတယ်ဆိုရင် ခန္ဓာကိုယ်မှာ ဓာတုဓါတ်ပြုတာ ပိုပြီး လွယ်ကူစေပါတယ်။ အဲဒါကြောင့် ငရုပ်မုန့်တွေ စားပြီးတာနဲ့ အဆီဓါတ်ပါတဲ့ ဆဲလ်တွေဟာ ဖွံ့ဖြိုးတာပိုပြီး နှေးကွေးစေပါတယ်။
၇။ ဝိုင်သောက်ပါ။
ဝိုင်တစ်ရက်ကို ၁ခွက် (သို့) ၂ခွက် သောက်တဲ့အမျိုးသမီးဟာ မသောက်တဲ့သူထက်တော့ ကိုယ်အလေးချိန်ပိုပြီး နည်းပါတယ်။
Credit: Trend Myanmar
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top