iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကုိ ခ်စ္ေနၿပီဆုိရင္ သူ႔ရဲ႕အရာရာတုိင္းကုိ ခ်ယ္လွယ္ ဖုိ႔ ႀကိဳးစားခ်င္တဲ့ စိတ္ကေတာ့ ခ်စ္တဲ့သူတုိင္းမွာ ျဖစ္တတ္ပါတယ္။ သူန႔ဲ ပတ္သက္တဲ့ အရာရာတုိင္းကုိ သိခ်င္ေနတယ္။ ကုိယ္နဲ႔သာ အရာရာသက္ဆုိင္ေနခ်င္တဲ့ အတၱစိတ္ႀကီးေတြက တကယ့္ကုိဆိုး ဆိုးရြားရြားျဖစ္ေစပါတယ္။ ခ်စ္လြန္းလုိ႔ တစ္ဖက္က ခ်စ္သူ႔ရဲ႕အရာ ရာတုိင္းမွာ သူပါဝင္ေနေစခ်င္တာမ်ိဳးက ဘယ္လုိမွမျဖစ္သင့္တဲ့ ကိစၥပါ။

သူ႔ေၾကာင့္၊ သူ႔အတြက္၊ သူသာ ဆုိၿပီး အရာရာေျပာင္းလဲ ေပးရမယ္။ သူ႔အတြက္ပဲ စဥ္းစားေပးရမယ္ဆုိတာမ်ိဳးေတြက တစ္ ဖက္ခ်စ္သူကုိ ခ်ဳပ္ကုိင္ထိန္းခ်ဳပ္လြန္းတယ္။ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစား မယ္ဆုိရင္ေတာ့ အတၱဆန္တဲ့ အခ်စ္ေရးမွာ ေရရွည္မွာမလြယ္ ကူေတာ့ပါဘူး။ ဒါ့ေၾကာင့္မုိ႔လုိ႔ ဘယ္ေလာက္ႀကီးပဲခ်စ္တဲ့ ခ်စ္သူ၊ ဘဝလက္တြဲေဖာ္တစ္ေယာက္ကုိ ကုိယ့္ေၾကာင့္ဆုိၿပီး ထိန္းခ်ဳပ္ ေျပာင္းလဲပစ္လုိ႔မရႏုိင္တဲ့အရာ(၃) ခုကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ သူ႔ရဲ႕ပင္ကုိယ္စရုိက္နဲ႔ ကုိယ္ရည္ကုိယ္ေသြးအေၾကာင္းအရာေတြ နဲ႔ပတ္သက္ၿပီးေတာ့ ေျပာင္းလဲပစ္ခ်င္လုိ႔မရႏုိင္ပါဘူး။ လူတုိင္းက ကုိယ္စီမွာ မိမိရဲ႕ပင္ကုိယ္စရုိက္၊ ပံုေသစရုိက္ေတြ ရွိပါတယ္။ ဒါေတြ က ေမြးရာပါပင္ကုိယ္ဗီဇနဲ႔ စရုိက္ေတြပဲျဖစ္ပါတယ္။ ဆိုးဆုိးရြားရြား စရုိက္ေတြနဲ႔ မေကာင္းတဲ့ စရုိက္ေတြျဖစ္ေနမယ္ဆုိရင္ေတာ့ ကုိယ္ တုိင္က ဆင္ျခင္ၿပီးေျပာင္းလဲသင့္ရင္ေျပာင္းလဲလုိ႔ ရႏုိင္ပါတယ္။ ဒါ ေပမဲ့ တခ်ိဳ႕ေသာ စရုိက္ေတြက ကုိယ္တုိင္ေတာင္ေျပာင္းလဲလုိ႔မရ ႏုိင္တာ ကုိယ့္ရဲ႕ ခ်စ္သူ၊ လက္တြဲ ေဖာ္က အတင္းအက်ပ္ေျပာင္း လဲပစ္ခ်င္လုိ႔ မရႏုိင္ပါဘူး။ ဒါကုိ နားလည္ေပးသင့္ရင္ေပးရပါလိမ့္ မယ္။

၂။ ဝါသနာနဲ႔ ႀကိဳက္ႏွစ္သက္တဲ့အရာေတြကုိ ေျပာင္းလဲပစ္လုိ႔မရ ႏုိင္ပါဘူး။ မ်ားေသာအားျဖင့္ ခ်စ္သူေတြ၊ လက္တြဲေဖာ္ေတြ အခ်င္း ခ်င္းက အႀကိဳက္ခ်င္း၊ ဝါသနာပါတာခ်င္းေတြက တူညီႏုိင္ပါတယ္။ ကုိယ္က သီခ်င္းဆုိတာႀကိဳက္လုိ႔ သူ႔ကုိ သီခ်င္းအတင္းလုိက္ဆုိခုိင္း တာမ်ိဳး၊ သူဝါသနာပါလာေအာင္ အတင္းလုပ္ယူတာမ်ိဳးက တစ္ဖက္ လူအတြက္ ေတာ္ေတာ့္ကုိ စိတ္ပ်က္စရာေကာင္းပါတယ္။ လူတစ္ ေယာက္မွာ သူ႔ေရြးခ်ယ္ခြင့္နဲ႔သူ သူ႔ဘဝရပ္တည္မႈနဲ႔သူ ကုိယ္စီ လြတ္လပ္ခြင့္ရွိၾကပါတယ္။ ကုိယ့္ေၾကာင့္ အသက္ရွင္ေပးရတာမ်ိဳး က သူ႔အတြက္ စိတ္ပ်က္စရာေကာင္းပါတယ္။

၃။ ယံုၾကည္မႈနဲ႔ ကုိးကြယ္ရာေတြကုိလည္း ေျပာင္းလဲပစ္လုိ႔မရႏုိင္ပါ ဘူး။ ဘာသာေရးအားျဖင့္ ျဖစ္ေစ၊ ယံုၾကည္ရာျဖစ္ေစ ကုိယ္စီ အယံု အၾကည္ရွိမႈေတြကုိ ထိန္းခ်ဳပ္တာမ်ိဳးေတြ၊ တားဆီးတာမ်ိဳးေတြ၊ ဝင္ၿပီးစြက္ဖက္တာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ သူတစ္ပါးယံုၾကည္ရာ ေတြကုိ ျပစ္တင္ေဝဖန္တာမ်ိဳးေတြ၊ ကုိယ့္ဘက္ပါလာေအာင္ အ တင္းဆြယ္၊ အတင္းအက်ပ္ေစခုိင္းတာမ်ိဳးေတြက မတရားျဖစ္ေစပါ တယ္။ တစ္ဖက္သားရဲ႕ အခြင့္အေရးနဲ႔ ေရြးခ်ယ္မႈေတြကုိ ခ်ယ္လွယ္ သလုိ သက္ေရာက္ပါတယ္။ တကယ္ဆုိ ကုိယ္စီေရြးခ်ယ္ရာ၊ ယံု ၾကည္ရာနားလည္ လက္ခံေပးလုိက္ရင္ပဲ အဆင္ေျပႏုိင္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
လူတစ်ယောက်ကို ချစ်နေပြီဆိုရင် သူ့ရဲ့အရာရာတိုင်းကို ချယ်လှယ် ဖို့ ကြိုးစားချင်တဲ့ စိတ်ကတော့ ချစ်တဲ့သူတိုင်းမှာ ဖြစ်တတ်ပါတယ်။ သူနဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို သိချင်နေတယ်။ ကိုယ်နဲ့သာ အရာရာသက်ဆိုင်နေချင်တဲ့ အတ္တစိတ်ကြီးတွေက တကယ့်ကိုဆိုး ဆိုးရွားရွားဖြစ်စေပါတယ်။ ချစ်လွန်းလို့ တစ်ဖက်က ချစ်သူ့ရဲ့အရာ ရာတိုင်းမှာ သူပါဝင်နေစေချင်တာမျိုးက ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စပါ။

သူ့ကြောင့်၊ သူ့အတွက်၊ သူသာ ဆိုပြီး အရာရာပြောင်းလဲ ပေးရမယ်။ သူ့အတွက်ပဲ စဉ်းစားပေးရမယ်ဆိုတာမျိုးတွေက တစ် ဖက်ချစ်သူကို ချုပ်ကိုင်ထိန်းချုပ်လွန်းတယ်။ ထိန်းချုပ်ဖို့ ကြိုးစား မယ်ဆိုရင်တော့ အတ္တဆန်တဲ့ အချစ်ရေးမှာ ရေရှည်မှာမလွယ် ကူတော့ပါဘူး။ ဒါ့ကြောင့်မို့လို့ ဘယ်လောက်ကြီးပဲချစ်တဲ့ ချစ်သူ၊ ဘဝလက်တွဲဖော်တစ်ယောက်ကို ကိုယ့်ကြောင့်ဆိုပြီး ထိန်းချုပ် ပြောင်းလဲပစ်လို့မရနိုင်တဲ့အရာ(၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းအရာတွေ နဲ့ပတ်သက်ပြီးတော့ ပြောင်းလဲပစ်ချင်လို့မရနိုင်ပါဘူး။ လူတိုင်းက ကိုယ်စီမှာ မိမိရဲ့ပင်ကိုယ်စရိုက်၊ ပုံသေစရိုက်တွေ ရှိပါတယ်။ ဒါတွေ က မွေးရာပါပင်ကိုယ်ဗီဇနဲ့ စရိုက်တွေပဲဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား စရိုက်တွေနဲ့ မကောင်းတဲ့ စရိုက်တွေဖြစ်နေမယ်ဆိုရင်တော့ ကိုယ် တိုင်က ဆင်ခြင်ပြီးပြောင်းလဲသင့်ရင်ပြောင်းလဲလို့ ရနိုင်ပါတယ်။ ဒါ ပေမဲ့ တချို့သော စရိုက်တွေက ကိုယ်တိုင်တောင်ပြောင်းလဲလို့မရ နိုင်တာ ကိုယ့်ရဲ့ ချစ်သူ၊ လက်တွဲ ဖော်က အတင်းအကျပ်ပြောင်း လဲပစ်ချင်လို့ မရနိုင်ပါဘူး။ ဒါကို နားလည်ပေးသင့်ရင်ပေးရပါလိမ့် မယ်။

၂။ ဝါသနာနဲ့ ကြိုက်နှစ်သက်တဲ့အရာတွေကို ပြောင်းလဲပစ်လို့မရ နိုင်ပါဘူး။ များသောအားဖြင့် ချစ်သူတွေ၊ လက်တွဲဖော်တွေ အချင်း ချင်းက အကြိုက်ချင်း၊ ဝါသနာပါတာချင်းတွေက တူညီနိုင်ပါတယ်။ ကိုယ်က သီချင်းဆိုတာကြိုက်လို့ သူ့ကို သီချင်းအတင်းလိုက်ဆိုခိုင်း တာမျိုး၊ သူဝါသနာပါလာအောင် အတင်းလုပ်ယူတာမျိုးက တစ်ဖက် လူအတွက် တော်တော့်ကို စိတ်ပျက်စရာကောင်းပါတယ်။ လူတစ် ယောက်မှာ သူ့ရွေးချယ်ခွင့်နဲ့သူ သူ့ဘဝရပ်တည်မှုနဲ့သူ ကိုယ်စီ လွတ်လပ်ခွင့်ရှိကြပါတယ်။ ကိုယ့်ကြောင့် အသက်ရှင်ပေးရတာမျိုး က သူ့အတွက် စိတ်ပျက်စရာကောင်းပါတယ်။

၃။ ယုံကြည်မှုနဲ့ ကိုးကွယ်ရာတွေကိုလည်း ပြောင်းလဲပစ်လို့မရနိုင်ပါ ဘူး။ ဘာသာရေးအားဖြင့် ဖြစ်စေ၊ ယုံကြည်ရာဖြစ်စေ ကိုယ်စီ အယုံ အကြည်ရှိမှုတွေကို ထိန်းချုပ်တာမျိုးတွေ၊ တားဆီးတာမျိုးတွေ၊ ဝင်ပြီးစွက်ဖက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ သူတစ်ပါးယုံကြည်ရာ တွေကို ပြစ်တင်ဝေဖန်တာမျိုးတွေ၊ ကိုယ့်ဘက်ပါလာအောင် အ တင်းဆွယ်၊ အတင်းအကျပ်စေခိုင်းတာမျိုးတွေက မတရားဖြစ်စေပါ တယ်။ တစ်ဖက်သားရဲ့ အခွင့်အရေးနဲ့ ရွေးချယ်မှုတွေကို ချယ်လှယ် သလို သက်ရောက်ပါတယ်။ တကယ်ဆို ကိုယ်စီရွေးချယ်ရာ၊ ယုံ ကြည်ရာနားလည် လက်ခံပေးလိုက်ရင်ပဲ အဆင်ပြေနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top