iMyanmarHouse.com - Best Property Website for Myanmar
×

 ေထာပတ္သီးဟာအရသာရွိၿပီး က်န္းမာေရးနဲ႔ညီညြတ္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ဒါအျပင္ ေထာပတ္သီးကို အသားညႇပ္ေပါင္မုန္႔မွစၿပီး ဟင္းပြဲအမ်ိဳးမ်ိဳးမွာအသုံးျပဳႏိုင္ပါတယ္။ ေထာပတ္သီးရဲ႕က်န္းမာေရးနဲ႔ပတ္သက္တဲ့ ေကာင္းက်ိဳးအခ်ိဳ႕နဲ႔ တစ္ေန႔တစ္လံုးစားရင္ရရွိႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

1. ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ကို ေလ်ာ့က်ေစပါတယ္။

ႏွလံုးေရာဂါဟာ ျဖစ္ပြားမႈ အမ်ားဆံုးေရာဂါထဲမွ တစ္ခုအပါအ၀င္ျဖစ္ၿပီး အျခားေရာဂါေတြရဲ႕ေရွ႕ေျပးလည္းျဖစ္ေနတတ္ပါတယ္။

ဒါေပမယ့္ ဒါကိုေၾကာက္ရြံ႕ၿပီးေတာ့ ဘာမွမတတ္ႏိုင္ဘူးဆိုၿပီးထိုင္ေနမယ့္အစား ကာကြယ္ႏိုင္မယ့္နည္းလမ္းေတြကို လုိက္နာရပါမယ္။ ႏွလံုးေရာဂါျဖစ္ႏိုင္မႈကိုေလ်ာ့က်ေစတဲ့ နည္းလးမ္းမ်ားစြာအနက္က အလြယ္ကူဆံုးနဲ႔ အေကာင္းဆံုးနည္းလမ္းကေတာ့ က်န္းမာေရးနဲ႔ညီညြတ္စြာ စားသံုးျခင္းပဲျဖစ္ပါတယ္။

ေထာပတ္သီးမွာ ႏွလံုးနဲ႔ေသြးေၾကာစနစ္အတြက္ ေကာင္းက်ိဳးမ်ားစြာရွိပါတယ္။ ဒီအသီးမွာေကာင္းမြန္တဲ့ ဆီအမ်ိဳးအစားျဖစ္တဲ့ မျပည့္ဝဆီႂကြယ္ဝစြာပါဝင္ၿပီးေတာ့ မေကာင္းတဲ့အဆီဓာတ္ပါဝင္မႈနည္းပါတယ္။ မေကာင္းတဲ့ အဆီဓာတ္မ်ားမ်ားစားရင္ LDL ကိုလက္စထေရာလ္ (မေကာင္း) မ်ားလာပါမယ္။ မျပည့္ဝဆီစားသံုးျခင္းကေတာ့ ကိုလက္စထေရာလ္ပမာဏကိုေလ်ာ့က်ေစတဲ့အျပင္ အင္ဆူလင္တုန္႔ျပန္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

ဒါ့အျပင္ ေထာပတ္သီးမွာ ႏွလုံးက်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အာဟာရဓာတ္ေတြျဖစ္တဲ့ အင္တီေအာက္စီးဒင့္၊ phenols နဲ႔ carotenoids စတာေတြ ပါဝင္ပါတယ္။

2. မွတ္ဉာဏ္ပိုေကာင္းလာေစပါတယ္။

ေထာပတ္သီးမွာ omega-3 fatty acid နဲ႔ ဗီတာမင္ E ႂကြယ္ဝစြာပါဝင္တဲ့အတြက္ စိတ္ပိုင္းဆိုင္ရာျပႆနာေတြကို ေကာင္းမြန္ေစၿပီး မွတ္ဉာဏ္ကိုတိုးတက္ေစပါတယ္။ ဒါကေတာ့ စဥ္းစားဆင္ျခင္ဉာဏ္ ေကာင္းမြန္ေစတဲ့ Pre-frontal cortex လို႔ေခၚတဲ့ ဦးေႏွာက္အစိတ္အပိုင္းကို ေသြးေထာက္ပံ့မႈ ေကာင္းေစလုိ႔ျဖစ္ပါတယ္။

3. ခႏၶာကိုယ္အခ်ိဳးအစားကို ထိန္းသိမ္းထားႏိုင္ပါတယ္။

ေထာပတ္သီးမွာ အဆီဓာတ္ပါဝင္ေသာ္လည္း ေကာင္းမြန္တဲ့အဆီျဖစ္လို႔ ကိုယ္အေလးခ်ိန္ေလ်ာ့က်လိုသူေတြ စားသင့္ပါတယ္။ ေထာပတ္သီးက အခ်ိန္အေတာ္ၾကာေအာင္ ဗိုက္ျပည့္ေနေစလို႔ အလြန္အကၽြံစားသံုးျခင္းကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဒါ့အျပင္ ေထာပတ္သီးတစ္လံုးမွာ အမွ်င္ဓာတ္ 14 ဂရမ္ပါဝင္တဲ့အတြက္ က်န္းမာေရးအတြက္ အလြန္ေကာင္းပါတယ္။

4. ကင္ဆာျဖစ္ႏိုင္ေခ်ကိုေလ်ာ့က်ေစပါတယ္။

ကင္ဆာက ကမ႓ာေပၚမွာေၾကာက္စရာအေကာင္းဆံုးေရာဂါတစ္ခုျဖစ္ၿပီး မိသားစုေတြကိုေဝးကြာေစ႐ံုသာမက ဘဝအရည္အေသြးကိုလည္း က်ဆင္းေစပါတယ္။ ဒီေရာဂါက တစ္ခါတစ္ရံမွာ အစားအစာေတြေၾကာင့္ျဖစ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာေတြကိုေရြးခ်ယ္စားေသာက္ျခင္းျဖင့္ ကင္ဆာျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ၾကပါစို႔။

ေထာပတ္သီးမွာ ကင္ဆာေရာဂါျဖစ္ႏို္င္ေခ်ကို ေလ်ာ့က်ေစတဲ့ phytochemicals မ်ားစြာပါဝင္ပါတယ္။ ပါးစပ္ကင္ဆာျဖစ္ႏိုင္ေခ်နည္းေစတဲ့ xanthophyll lutien နဲ႔ glutathione ဆိုတဲ့ ပ႐ိုတင္းဓာတ္လည္း ပါဝင္ပါတယ္။             ေထာပတ္သီးက ဆီးက်ိတ္နဲ႔ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ကို ေလ်ာ့နည္းေစတယ္ဆိုတဲ့ေလ့လာမႈေတြကို လုပ္ေနဆဲျဖစ္ေပမယ့္ ဦးဆံုးေတြ႕ရွိထားတဲ့အခ်က္ေတြကေတာ့ ေလ်ာ့က်ေစတယ္လို႔ ဆိုပါတယ္။

အေစာပိုင္းေလ့လာမႈေတြအရ ေထာပတ္သီးမွာပါဝင္တဲ့ အခ်ိဳ႕ေသာဓာတ္ေပါင္းေတြက acute myeloid leukemia cells (ေသြးျဖဴဥကင္ဆာဆဲလ္) ေတြကို တိုက္ဖ်က္ႏိုင္တယ္လို႔ ဆိုပါတယ္။

5. မ်က္လံုးကို ပုိၿပီးက်န္းမာေစပါတယ္။

ေနာက္ထပ္ေကာင္းက်ိဳးတစ္ခုကေတာ့ ေထာပတ္သီးပံုမွန္စားျခင္းျဖင့္ မ်က္လံုးက်န္းမာေရးကိုေကာင္းမြန္ေစပါတယ္။ ေထာပတ္သီးမွာပါဝင္တဲ့ lutein နဲ႔ zeaxanthin ေတြက အလင္းေရာင္ေၾကာင့္ မ်က္လံုးပ်က္စီးမႈႏွင့္ မ်က္လံုးျပႆနာအမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏိုင္လို႔ ေထာပတ္သီး တစ္ေန႔တစ္လံုးစားျခင္းျဖင့္ မ်က္လံုးက်န္းမာေရးကိုဂ႐ုစိုက္ၾကရပါမယ္။

6. အသားအရည္ပိုၿပီး ေကာင္းမြန္လာေစပါတယ္။

လူသားအားလံုးကေတာ့ တစ္ေန႔တစ္ခ်ိန္မွာ အိုမင္းျခင္းကို ရင္ဆိုင္ရမွာျဖစ္ေပမယ့္ အခ်ိဳ႕လူေတြက သူတို႔ရဲ႕လူေနမႈနဲ႔ စားေသာက္မႈပံုစံေတြေၾကာင့္ ပိုၿပီးလွ်င္ျမန္စြာ အိုမင္းရင့္ေရာ္တတ္ၾကပါတယ္။

ေထာပတ္သီးမွာပါဝင္တဲ့ carotenoid နဲ႔ lutein ဓာတ္ေတြက ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အေရျပားပ်က္စီးျခင္းမွကာကြယ္ေပးၿပီး အသားအရည္ကို က်န္းမာေတာက္ပႏုပ်ိဳေစပါတယ္။ ဒါေတြအျပင္ ေထာပတ္သီးမွာပါဝင္တဲ့ carotenoid ကုိ ခႏၶာကိုယ္မွ စုပ္ယူမႈအားေကာင္းတဲ့အတြက္ အျခားအသီးေတြထက္ပိုၿပီး ေရြးခ်ယ္သင့္ပါတယ္။

7. ခႏၶာကိုယ္မွ လိုအပ္တဲ့ ပိုတက္ဆီယမ္ဓာတ္ကို ရရွိေစပါတယ္။

ပိုတက္ဆီယမ္လို႔ေျပာလုိက္ရင္ ငွက္ေပ်ာသီးစားျခင္းက အေကာင္းဆံုးနည္းလမ္းလို႔ ထင္ၾကပါတယ္။ သို႔ေသာ္လည္း ငွက္ေပ်ာသီးမွာ ကစီဓာတ္မ်ားစြာပါဝင္ၿပီးေတာ့ ေထာပတ္သီးမွာေတာ့မပါဝင္ပါဘူး။ ဒါေၾကာင့္ ပိုတက္ဆီယမ္ဓာတ္လိုခ်င္ရင္ေတာ့ ဒီအခ်က္ကိုၾကည့္ၿပီး ေရြးခ်ယ္ႏိုင္ပါတယ္။

ေထာပတ္သီး 100 ဂရမ္မွာ ခႏၶာကိုယ္အတြက္ေန႔စဥ္လိုအပ္တဲ့ ပိုတက္ဆီယမ္ပမာဏရဲ႕ 14% ပါဝင္ပါတယ္။ ငွက္ေပ်ာသီးမွာေတာ့ 10% ပဲပါဝင္ပါတယ္။

ပိုတက္ဆီယမ္က ေသြးေပါင္ခ်ိန္ကိုခ်ေပးၿပီး ႏွလံုးရပ္ျခင္းနဲ႔ ေလျဖတ္ျခင္းျဖစ္ႏိုင္ေခ်ကို ေလ်ာ့က်ေစတဲ့အတြက္ အလြန္အေရးႀကီးပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Drmyanmar

#Unicode Version


ကင်ဆာက ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးရောဂါတစ်ခုဖြစ်ပြီး မိသားစုတွေကိုဝေးကွာစေရုံသာမက ဘဝအရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။ ဒီရောဂါက တစ်ခါတစ်ရံမှာ အစားအစာတွေကြောင့်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုရွေးချယ်စားသောက်ခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချကြပါစို့။

ထောပတ်သီးမှာ ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ကျစေတဲ့ phytochemicals များစွာပါဝင်ပါတယ်။ ပါးစပ်ကင်ဆာဖြစ်နိုင်ချေနည်းစေတဲ့ xanthophyll lutien နဲ့ glutathione ဆိုတဲ့ ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။             ထောပတ်သီးက ဆီးကျိတ်နဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေတယ်ဆိုတဲ့လေ့လာမှုတွေကို လုပ်နေဆဲဖြစ်ပေမယ့် ဦးဆုံးတွေ့ရှိထားတဲ့အချက်တွေကတော့ လျော့ကျစေတယ်လို့ ဆိုပါတယ်။

အစောပိုင်းလေ့လာမှုတွေအရ ထောပတ်သီးမှာပါဝင်တဲ့ အချို့သောဓာတ်ပေါင်းတွေက acute myeloid leukemia cells (သွေးဖြူဥကင်ဆာဆဲလ်) တွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

5. မျက်လုံးကို ပိုပြီးကျန်းမာစေပါတယ်။

နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ထောပတ်သီးပုံမှန်စားခြင်းဖြင့် မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ lutein နဲ့ zeaxanthin တွေက အလင်းရောင်ကြောင့် မျက်လုံးပျက်စီးမှုနှင့် မျက်လုံးပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်လို့ ထောပတ်သီး တစ်နေ့တစ်လုံးစားခြင်းဖြင့် မျက်လုံးကျန်းမာရေးကိုဂရုစိုက်ကြရပါမယ်။

6. အသားအရည်ပိုပြီး ကောင်းမွန်လာစေပါတယ်။

လူသားအားလုံးကတော့ တစ်နေ့တစ်ချိန်မှာ အိုမင်းခြင်းကို ရင်ဆိုင်ရမှာဖြစ်ပေမယ့် အချို့လူတွေက သူတို့ရဲ့လူနေမှုနဲ့ စားသောက်မှုပုံစံတွေကြောင့် ပိုပြီးလျှင်မြန်စွာ အိုမင်းရင့်ရော်တတ်ကြပါတယ်။

ထောပတ်သီးမှာပါဝင်တဲ့ carotenoid နဲ့ lutein ဓာတ်တွေက ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းမှကာကွယ်ပေးပြီး အသားအရည်ကို ကျန်းမာတောက်ပနုပျိုစေပါတယ်။ ဒါတွေအပြင် ထောပတ်သီးမှာပါဝင်တဲ့ carotenoid ကို ခန္ဓာကိုယ်မှ စုပ်ယူမှုအားကောင်းတဲ့အတွက် အခြားအသီးတွေထက်ပိုပြီး ရွေးချယ်သင့်ပါတယ်။

7. ခန္ဓာကိုယ်မှ လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ်ကို ရရှိစေပါတယ်။

ပိုတက်ဆီယမ်လို့ပြောလိုက်ရင် ငှက်ပျောသီးစားခြင်းက အကောင်းဆုံးနည်းလမ်းလို့ ထင်ကြပါတယ်။ သို့သော်လည်း ငှက်ပျောသီးမှာ ကစီဓာတ်များစွာပါဝင်ပြီးတော့ ထောပတ်သီးမှာတော့မပါဝင်ပါဘူး။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်လိုချင်ရင်တော့ ဒီအချက်ကိုကြည့်ပြီး ရွေးချယ်နိုင်ပါတယ်။

ထောပတ်သီး 100 ဂရမ်မှာ ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ ပိုတက်ဆီယမ်ပမာဏရဲ့ 14% ပါဝင်ပါတယ်။ ငှက်ပျောသီးမှာတော့ 10% ပဲပါဝင်ပါတယ်။

ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကိုချပေးပြီး နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေကို လျော့ကျစေတဲ့အတွက် အလွန်အရေးကြီးပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Drmyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top