iMyanmarHouse.com - Best Property Website for Myanmar
×






ခရမ်းသီး (Eggplant)






သကြား (Sugar)


Credit : Trend Myanmar


Unicode Version

ရေများများသောက်၊ ဆားတွေ သိပ်မစားပေမယ့် မနက်အိပ်ယာထတဲ့အချိန် မျက်လုံးတွေ အစ်ဖောင်းနေတာမျိုးတွေ ရှိနေတတ်ပါတယ်။ တရားခံတွေ ဖြစ်နိုင်တဲ့ အစားအသောက် (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အမြန်ပြင်အစားအစာ (Fast Food)

ဆားထပ်မထည့်လည်း သင့်အစားအစာထဲမှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်နီးပါး ပါပြီးသားပါ။ အဲဒါ တစ်နေ့လုံး စားသင့်တဲ့ ပမာဏထက် များနေပါပြီ။ ဆိုဒီယမ်ပမာဏမြင့်မားမှု ချေဖျက်ဖို့အတွက် သင့်ခန္ဓာကိုယ်ဟာ ရေဓာတ်ထိန်းသိမ်းကာ ခန္ဓာကိုယ်တစ်ခုလုံးပွရောင်းစေပါလိမ့်မယ်။

ခရမ်းချဉ်သီး (Tomatoes)

ဒီအသီးမှာ နာကျင်ရောင်ရမ်းမှုနဲ့ ဖူးရောင်မှုဖြစ်စေနိုင်တဲ့ solanine ပါဝင်ပါတယ်။ ဒါ သိပ္ပံနည်းအရ သက်သေပြထားတာ မဟုတ်ပေမယ့် အဆစ်ရောင်နာစတဲ့ နာကျင်ရောင်ကိုင်းတဲ့ရောဂါဝေဒနရှင်တွေမှာ ဒီအစားအစာကို ဘေးဖယ်ပြီးနောက် သက်သာမှုရရှိခဲ့ကြပါတယ်။

ခရမ်းသီး (Eggplant)

သူ့မှာလည်း solanine ပါဝင်ပါတယ်။ သိပ္ပံနည်းအရ မျက်လုံးဖောရောင်စေကြောင်း အထောက်အထားမရှိပေမယ့် ဒီအစားအစာကို သုံးပတ် မစားဘဲနေလိုက်ပါက ဒါ အကြောင်းအရင်းဖြစ်နိုင်ကြောင်း သတိထားမိပါလိမ့်မယ်။

နို့ထွက်အစားအစာ (Diary)

နို့၊ မလိုင်နဲ့ ဒိန်ချဉ်တွေကလည်း ရောင်ရမ်းစေတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ အထူးသဖြင့် allergic ရှိတယ်ဆိုရင် ယောင်ကိုင်းစေတတ်ပါတယ်။

ပူစပ်တဲ့ ငရုတ်ကောင်း (Hot Peppers)

ငရုတ်ကောင်းက ပူစပ်ရုံတင်သာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်သျှူးလောင်ကျွမ်းစေပြီး ရောင်ရမ်းစေတဲ့ ဒြပ်ပေါင်း capsaicin လည်း ပါဝင်ပါတယ်။

သကြား (Sugar)

ကိတ်မုန့်နဲ့ ဘီစကွတ်မုန့်တွေ အရသာရှိပေမယ့် ယောင်ရမ်းစေမှုအများဆုံး အစားအစာတွေထဲက တစ်ခုဖြစ်တဲ့ သကြားကို စားနေကြတာပါ။ အချိုပွဲအတွက် သစ်သီးပဲ ရွေးစားပါ၊


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top