iMyanmarHouse.com - Best Property Website for Myanmar
×

သစ္သီးေဖ်ာ္ရည္ေတြကုိ ႀကိဳက္ႏွစ္သက္သူျဖစ္မယ္ဆုိရင္ မုန္လာဥနီေဖ်ာ္ရည္ကလည္း သင့္အႀကိဳက္ဆုံးစာရင္းထဲမွာ ပါဝင္သင့္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ မုန္လာဥနီမွာ ဗီတာမင္ ေအ ၊ ဘီ ၊ စီ ၊ ေက ဓါတ္ေတြအျပင္ သတၱဳဓါတ္ေတြနဲ႔ အမွ်င္ဓါတ္ေတြ ပါဝင္လုိ႔ေနပါပဲ။

 ဒီလုိ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေနတဲ႔ မုန္လာဥနီကုိ ေဖ်ာ္ရည္အျဖစ္ ေသာက္မယ္ဆုိရင္ ဘယ္လုိအက်ိဳးေက်းဇူးေတြ ခံစားရမလဲဆုိတာ ဆက္လက္ေဖာ္ျပေပးသြားပါမယ္။

 အာဟာရရွိတဲ႔ မုန္လာဥနီေဖ်ာ္ရည္ ေဖ်ာ္ေသာက္ေတာ့မယ္ဆုိရင္ ပါဝင္ရမယ့္အရာေတြကေတာ့ ေရႏွစ္ခြက္ ၊ မုန္လာဥေဖ်ာ္ထားတဲ႔အရည္ႏွစ္ခြက္ ၊ သံပုရာရည္ စားပြဲဇြန္းနဲ႔တစ္ဇြန္းစာ ၊ ခ်င္းအနည္းငယ္နဲ႔ ေရခဲအနည္းငယ္တုိ႔ လုိအပ္ပါတယ္။

 မုန္လာဥနီေဖ်ာ္ရည္ကုိ ေန႔စဥ္ေသာက္သုံးေပးမယ္ဆုိရင္ေတာ့ ဦးေႏွာက္ေရာဂါမ်ားကုိ ကာကြယ္ေပးႏုိင္တာေၾကာင့္ အယ္ဇုိင္းမားေရာဂါျဖစ္ပြားမႈကုိ နည္းပါးသြားေစႏုိင္သလုိ မွတ္ညဏ္ကုိလည္း အထူးေကာင္းမြန္ေစပါတယ္။ ဒါေတြတင္မကေသးပဲ မုန္လာဥနီေဖ်ာ္ရည္ဟာ ကင္ဆာေရာဂါကုိ တားဆီးကာကြယ္ေပးႏုိင္တဲ႔ အစြမ္းသတၱိလည္း ရွိလုိ႔ေနပါေသးတယ္။

 မုန္လာဥနီေဖ်ာ္ရည္က သင္ရဲ႕အသည္းမွာရွိတဲ႔ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏုိင္တာေၾကာင့္ အသည္းကုိ သန္႔ရွင္းသြားေစႏုိင္ပါတယ္။ မုန္လာဥနီေတြမွာပါဝင္တဲ႔ Beta-carotene ျဒပ္ေပါင္းေၾကာင့္ ဆဲလ္ယုိယြင္းလာမႈေတြကုိ ေလ်ာ့ခ်ေပးႏုိင္ၿပီး အသက္အရႊယ္ႀကီးရင့္မႈကုိ ေႏွးေကြးသြားေစႏုိင္ပါတယ္။

ဗီတာမင္ေက ၾကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အရုိးေတြကုိလည္း ႀကံခုိင္သန္စြမ္းေစႏုိင္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ ေသာက္သုံးေနက် အရည္အမ်ိဳးမ်ိဳးထဲမွာမွ က်န္းမာေရးအတြက္ အေထာက္အကူအျပဳႏုိင္ဆုံးျဖစ္တဲ႔ မုန္လာဥနီေဖ်ာ္ရည္ကုိလည္း ပုံမွန္ေသာက္သုံးၾကဖုိ႔ လုိအပ္ပါေၾကာင္း အႀကံျပဳလုိက္ရပါတယ္ခင္ဗ်ာ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin

#Unicode Version

သစ်သီးဖျော်ရည်တွေကို ကြိုက်နှစ်သက်သူဖြစ်မယ်ဆိုရင် မုန်လာဥနီဖျော်ရည်ကလည်း သင့်အကြိုက်ဆုံးစာရင်းထဲမှာ ပါဝင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မုန်လာဥနီမှာ ဗီတာမင် အေ ၊ ဘီ ၊ စီ ၊ ကေ ဓါတ်တွေအပြင် သတ္တုဓါတ်တွေနဲ့ အမျှင်ဓါတ်တွေ ပါဝင်လို့နေပါပဲ။

 ဒီလို ကျန်းမာရေးအတွက် အထောက်အကူဖြစ်နေတဲ့ မုန်လာဥနီကို ဖျော်ရည်အဖြစ် သောက်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

 အာဟာရရှိတဲ့ မုန်လာဥနီဖျော်ရည် ဖျော်သောက်တော့မယ်ဆိုရင် ပါဝင်ရမယ့်အရာတွေကတော့ ရေနှစ်ခွက် ၊ မုန်လာဥဖျော်ထားတဲ့အရည်နှစ်ခွက် ၊ သံပုရာရည် စားပွဲဇွန်းနဲ့တစ်ဇွန်းစာ ၊ ချင်းအနည်းငယ်နဲ့ ရေခဲအနည်းငယ်တို့ လိုအပ်ပါတယ်။

 မုန်လာဥနီဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးမယ်ဆိုရင်တော့ ဦးနှောက်ရောဂါများကို ကာကွယ်ပေးနိုင်တာကြောင့် အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို နည်းပါးသွားစေနိုင်သလို မှတ်ညဏ်ကိုလည်း အထူးကောင်းမွန်စေပါတယ်။ ဒါတွေတင်မကသေးပဲ မုန်လာဥနီဖျော်ရည်ဟာ ကင်ဆာရောဂါကို တားဆီးကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိလို့နေပါသေးတယ်။

 မုန်လာဥနီဖျော်ရည်က သင်ရဲ့အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အသည်းကို သန့်ရှင်းသွားစေနိုင်ပါတယ်။ မုန်လာဥနီတွေမှာပါဝင်တဲ့ Beta-carotene ဒြပ်ပေါင်းကြောင့် ဆဲလ်ယိုယွင်းလာမှုတွေကို လျော့ချပေးနိုင်ပြီး အသက်အရွှယ်ကြီးရင့်မှုကို နှေးကွေးသွားစေနိုင်ပါတယ်။

ဗီတာမင်ကေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကိုလည်း ကြံခိုင်သန်စွမ်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သောက်သုံးနေကျ အရည်အမျိုးမျိုးထဲမှာမှ ကျန်းမာရေးအတွက် အထောက်အကူအပြုနိုင်ဆုံးဖြစ်တဲ့ မုန်လာဥနီဖျော်ရည်ကိုလည်း ပုံမှန်သောက်သုံးကြဖို့ လိုအပ်ပါကြောင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top