iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ားတြင္ လစဥ္ပံုမွန္ဓမၼတာလာေနက်တြင္ မလာဘဲ ရွိေနျခင္းကိုေခၚသည္။ ဓမၼတာေသြးသည္ ေသြးဆံုးခ်ိန္အသက္ (၄၄) မွ (၅၄) ႏွစ္ အတြင္းမွ ရပ္တန္႔သြားေလ့ရွိၿပီး ထိုအခ်ိန္မွစ၍ ကိုယ္၀န္မေဆာင္ႏိုင္ေတာ့ေပ။ ဤေသြးဆံုးခ်ိန္မတိုင္မီ အသက္အရြယ္အတြင္း ရာသီထိန္ျခင္း၏ အဓိကအေၾကာင္းအရင္းမွာ ကိုယ္၀န္ရွိျခင္းေၾကာင့္ ျဖစ္၏။

သို႔ရာတြင္ သာမန္က်န္းမာသူ အမ်ိဳးသမီးတစ္ဦးတြင္ အေၾကာင္းတစ္စံုတစ္ရာ မရွိဘဲ ရာသီထိန္ႏိုင္သလို ျပင္းထန္စြာေနမေကာင္းျခင္း၊ နာတာရွည္ေရာဂါျဖစ္ျခင္း တို႔ေၾကာင့္လည္း ရာသီမလာဘဲ ျဖစ္ႏိုင္သည္။ စိုးရိ္မ္ပူပန္ စိတ္မ်ားေၾကာင့္လည္း ရာသီမလာဘဲ ရွိႏိုင္ၿပီး ရာသီမလာေသာေၾကာင့္ ကိုယ္၀န္ရွိသည္ဟု စိုးရိမ္ျပန္ေသာအခါ ပို၍ပင္ ရာသီထိန္ေစႏိုင္ျပန္သည္။

အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ ပံုမွန္အလုပ္မလုပ္ရျခင္း၊ အိမ္ႏွင့္ခြဲခြာေနရျခင္း၊ ေက်ာင္းသူမ်ားတြင္ စာေမးပြဲအတြက္ စိတ္ပူပင္ရျခင္း တို႔ေၾကာင့္လည္း ရာသီမလာဘဲ ျဖစ္ႏိုင္ပါေသးသည္။ တစ္ခါတစ္ရံတြင္ သေႏြတားေဆးမ်ားေၾကာင့္ ရာသီနည္းျခင္း၊ လေက်ာ္မွ ရာသီလာျခင္းတို႔ျဖစ္ႏုိင္ပါသည္။

အျခားေသာေရာဂါလကၡဏာမ်ား မရွိပါလွ်င္ တစ္လရာသီထိန္ျခင္းေၾကာင့္ စိုးရိမ္စရာမရွိေသာ္လည္း (၂) လၾကာသည္အထိ ရာသီမလာပါက ဆရာ၀န္ႏွင့္ ျပသတိုင္ပင္ရပါမည္။ အခ်ိဳ႕ေသာ ဂလင္းမ်ား ပံုမွန္မဟုတ္ေသာ လုပ္ေဆာင္ခ်က္မ်ား ျဖစ္ေစသည့္ ေရာဂါမ်ားတြင္ မမ်ိဳးဥေၾကြျခင္းကို အဟန္႔အတားျဖစ္ေစႏိုင္ၿပီး ထို႔ေၾကာင့္လည္း ရာသီထိန္ျခင္းကို ျဖစ္ေစႏိုင္သည္။

ထို႔ျပင္္ Anorexia Nerosa အစားအလြန္ေလ်ာ့ျခင္းေရာဂါတြင္လည္း ကိုယ္အေလးခ်ိန္က်သြားျခင္းေၾကာင့္ ေဟာ္မုန္းဓာတ္အေျပာင္းအလဲြမ်ားျဖစ္ၿပီး ရာသီမလာဘဲ ေနႏိုင္ပါသည္။ က်န္းမာသန္စြမ္းေသာ အမ်ိဳးသမီးငယ္မ်ားတြင္ မၾကာခဏရာသီထိန္ပါမူ ၿမံဳႏိုင္ေသာ အေျခအေနရွိၿပီး ထိုသူတို႔တြင္ မ်ိဳးဥေၾကြျခင္းကို တားဆီးႏိုင္ေသာ သေႏြတားေဆးေသာက္သံုးျခင္းကို လံုး၀ေရွာင္ၾကဥ္ရပါမည္။ သို႔မဟုတ္ပါက မ်ိဳးဥေၾကြျခင္း လံုး၀မရွိေတာ့ပဲ ကေလးမရႏိုင္ေသာ အေျခအေနအထိ ေရာက္ရွိသြားႏိုင္၍ ျဖစ္သည္။

Credit:Healthcare

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးများတွင် လစဉ်ပုံမှန်ဓမ္မတာလာနေကျတွင် မလာဘဲ ရှိနေခြင်းကိုခေါ်သည်။ ဓမ္မတာသွေးသည် သွေးဆုံးချိန်အသက် (၄၄) မှ (၅၄) နှစ် အတွင်းမှ ရပ်တန့်သွားလေ့ရှိပြီး ထိုအချိန်မှစ၍ ကိုယ်ဝန်မဆောင်နိုင်တော့ပေ။ ဤသွေးဆုံးချိန်မတိုင်မီ အသက်အရွယ်အတွင်း ရာသီထိန်ခြင်း၏ အဓိကအကြောင်းအရင်းမှာ ကိုယ်ဝန်ရှိခြင်းကြောင့် ဖြစ်၏။

သို့ရာတွင် သာမန်ကျန်းမာသူ အမျိုးသမီးတစ်ဦးတွင် အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ရာသီထိန်နိုင်သလို ပြင်းထန်စွာနေမကောင်းခြင်း၊ နာတာရှည်ရောဂါဖြစ်ခြင်း တို့ကြောင့်လည်း ရာသီမလာဘဲ ဖြစ်နိုင်သည်။ စိုးရိမ်ပူပန် စိတ်များကြောင့်လည်း ရာသီမလာဘဲ ရှိနိုင်ပြီး ရာသီမလာသောကြောင့် ကိုယ်ဝန်ရှိသည်ဟု စိုးရိမ်ပြန်သောအခါ ပို၍ပင် ရာသီထိန်စေနိုင်ပြန်သည်။

အကြောင်းတစ်စုံတစ်ရာကြောင့် ပုံမှန်အလုပ်မလုပ်ရခြင်း၊ အိမ်နှင့်ခွဲခွာနေရခြင်း၊ ကျောင်းသူများတွင် စာမေးပွဲအတွက် စိတ်ပူပင်ရခြင်း တို့ကြောင့်လည်း ရာသီမလာဘဲ ဖြစ်နိုင်ပါသေးသည်။ တစ်ခါတစ်ရံတွင် သနွေတားဆေးများကြောင့် ရာသီနည်းခြင်း၊ လကျော်မှ ရာသီလာခြင်းတို့ဖြစ်နိုင်ပါသည်။

အခြားသောရောဂါလက္ခဏာများ မရှိပါလျှင် တစ်လရာသီထိန်ခြင်းကြောင့် စိုးရိမ်စရာမရှိသော်လည်း (၂) လကြာသည်အထိ ရာသီမလာပါက ဆရာဝန်နှင့် ပြသတိုင်ပင်ရပါမည်။ အချို့သော ဂလင်းများ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များ ဖြစ်စေသည့် ရောဂါများတွင် မမျိုးဥကြွေခြင်းကို အဟန့်အတားဖြစ်စေနိုင်ပြီး ထို့ကြောင့်လည်း ရာသီထိန်ခြင်းကို ဖြစ်စေနိုင်သည်။

ထို့ပြင် Anorexia Nerosa အစားအလွန်လျော့ခြင်းရောဂါတွင်လည်း ကိုယ်အလေးချိန်ကျသွားခြင်းကြောင့် ဟော်မုန်းဓာတ်အပြောင်းအလွဲများဖြစ်ပြီး ရာသီမလာဘဲ နေနိုင်ပါသည်။ ကျန်းမာသန်စွမ်းသော အမျိုးသမီးငယ်များတွင် မကြာခဏရာသီထိန်ပါမူ မြုံနိုင်သော အခြေအနေရှိပြီး ထိုသူတို့တွင် မျိုးဥကြွေခြင်းကို တားဆီးနိုင်သော သနွေတားဆေးသောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။ သို့မဟုတ်ပါက မျိုးဥကြွေခြင်း လုံးဝမရှိတော့ပဲ ကလေးမရနိုင်သော အခြေအနေအထိ ရောက်ရှိသွားနိုင်၍ ဖြစ်သည်။

Credit:Healthcare


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top